DO Microfinance, a joint venture between local company OKM and Japan-based DAIWA PI Partners, plans to provide K150 billion in loans to 130,000 customers over the next five years.
The company has provided K1.7 billion in micro loans to 8,000 customers, 80 percent of whom are women. Currently, it has a presence in 26 townships and hopes to expand to 44 townships by September 2020.
Over the next five years, DO Microfinance will open a total of 36 branches to cover 100 townships in Yangon Region, Naypyidaw, Sagaing Region, Magway Region, Mandalay Region, Shan State, Karen State, Kayah State, Mon State and Ayeyarwady Region.
The types of loans it provides include individual loans, group loans, general loans, emergency loans and education loans. These loans are aimed at helping small and medium enterprises and low-income earners, according to the company.
DO Microfinance plans to provide services through digital platforms in the future. It has 69 employees including 38 financial officers and expects to have up to 220 employees next year.
There are 181 microfinance institutions in Myanmar and 65 percent of the market share is controlled by foreign and joint-venture companies.
Myanmar Summary
DO Microfinance မှ ငါးနှစ်အတွင်း ချေးငွေ ကျပ် ၁၅၀ ဘီလီယံ အထိ ဝန်ဆောင်မှှုပေးသွားမည်
ပြည်တွင်း OKM ကုမ္ပဏီနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှှု DAIWA Partners တို့ ဖက်စပ်တည်ထောင်သော ကုမ္ပဏီတစ်ခုဖြစ်သော DO Microfinance မှ ငါးနှစ်အတွင်း ချေးငွေ ကျပ် ၁၅၀ ဘီလီယံ ၊ ချေးငွေအသုံးပြုသူ ၁၃၀ ၀၀၀ အထိ ဝန်ဆောင်မှှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် DO Microfinance မှ ချေးငွေ အသုံးပြုသူ ၈၀၀၀ ကို ချေးငွေ ပမာဏ မြန်မာကျပ်ငွေ ၁ ဒသမ ၇ ဘီလီယံ အထိ ဝန်ဆောင်မှှုပေးထားပြီး DO Microfinanceမှ အဓိက ချေးငွေအသုံးပြုသူများ၏ ၈၀ ရာခိုင်နှှုန်းမှာ အမျိုးသမီးများ ဖြစ်သည်။
DO Microfinance ၏ လုပ်ငန်းလိုင်စင်အရ လုပ်ငန်းလုပ်ကိုင်ခွင့်ရသည့် မြို့နယ် ၄၄ မြို့နယ်ရှိပြီး ၂၆ မြို့နယ်ကို ဝန်ဆောင်မှှု ပေးလျက်ရှိသည်။ လာမည့်နှစ် စက်တင်ဘာလအရောက်တွင် ၄၄ မြို့နယ်လုံးကို ဝန်ဆောင်မှှုများ ပေးအပ်သွားမည်ဖြစ်သည်။
လာမည့်ငါးနှစ်အတွင်း ရန်ကုန် ၊ နေပြည်တော် ၊ စစ်ကိုင်း ၊ မကွေး ၊ မန္တလေး ၊ ရှမ်း ၊ ကရင် ၊ ကယား ၊ မွန်နှင့် ဧရာဝတီတိုင်းတို့ရှိ မြို့နယ်ပေါင်း ၁၀၀ ကို လွှမ်းခြုံနိုင်မည့် ရုံးခွဲ ၃၆ ခုအထိ ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း DO က ထုတ်ပြန်ထားသည်။
DO Microfinanceမှ ရရှိနိုင်သော ချေးငွေအမျိုးအစားများမှာ တစ်ဦးချင်းစီ သို့မဟုတ် အဖွဲ့လိုက် အထွေထွေချေးငွေ ၊ လူမှှုရေးချေးငွေများအဖြစ် အရေးပေါ်ချေးငွေ နှင့် ပညာရေး ချေးငွေ ဖြစ်သည်။ နောက်ပိုင်းတွင် ဝန်ဆောင်မှှုပေးနေသော ချေးငွေများကို ဒီဂျစ်တယ်စနစ်ဖြင့် လုပ်ကိုင်သွားမည်ဖြစ်သည်။ လက်ရှိတွင် ဝန်ထမ်းဦးရေမှာ ချေးငွေ အရာရှိ ၃၈ ဦးအပါအဝင် စုစုပေါင်း ဝန်ထမ်း ၆၉ ဦးအထိရှိပြီး လာမည့်နှစ်တွင် ဝန်ထမ်းအရေအတွက် ၂၂၀ အထိ ရှိလာမည်ဟု ခန့်မှန်းထားသည်။
DO Microfinance မှ ချေးငွေလုပ်ငန်းများကို အသေးစားနှင့် အလတ်စား လုပ်ငန်းများ ၊ ဝင်ငွေနည်းပါးသူများ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်သူများကို လုပ်ငန်းများ ပိုမိုတိုးမြင့် လုပ်ကိုင်နိုင်စေရေးအတွက် ယခုကဲ့သို့ ချေးငွေဝန်ဆောင်မှှုများကို ပေးခြင်းဖြစ်ကြောင်း DO Microfinance မှ သိရသည်။
လက်ရှိတွင် အသေးစားချေးငွေလုပ်ငန်း ၁၈၁ ခုအထိ ရှိပြီး ဈေးကွက်ဝေစု၏ ၆၅ ရာခိုင်နှုန်းကို ရာနှုန်းပြည့် ပြည်ပကုမ္ပဏီများ၊ ပြည်ပဖက်စပ်ကုမ္ပဏီများက ပိုင်ဆိုင်ထားကြောင်း သိရသည်။