အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်
Written by Linn Thit
Domestic fuel prices, after dropping to as low as K400 per liter in March due to the COVID-19, is now on the rise following the removal of travel restriction in the country.
Still, the demand is not as strong as expected, according to fuel dealers.
This may be because users stored the fuel when the prices dropped sharply.
Meanwhile, in the local fuel market, a liter of diesel, and premium diesel as well, is priced at K540, 92 Octane at K470 and 95 Octane at K670 while during the lowest point, the price of a liter of diesel is K510, premium diesel at K520, 95 Octane at K550 and 92 Octane at K520.
In April, U.S. crude oil futures turned negative for the first time in history at a stunning minus $37.63 a barrel on April 28 as traders sold heavily because of rapidly filling storage space at the key Cushing, Oklahoma, the delivery point.
Before the COVID-19 crisis, a liter of diesel in the Myanmar market was sold at K720, a premium diesel at K730, 92 Octane at K660, and 95 Octane at K780.
Covid-19 ရောဂါကြောင့် မတ်လတွင်း၌ စက်သုံးဆီစျေးနှုန်းများမှာ ပျမ်းမျှ တစ်လီတာလျှင် ၄၀၀ကျပ်ခန့်အထိ ကျဆင်းခဲ့သော်လည်း ယခုအခါတွင် ပြည်တွင်းတွင် အသွားအလာ ကန့်သတ်မှုများ ဖြေလျှော့ပြီးနောက်ပိုင်းတွင် မော်တော်ယာဉ် သုံးစွဲမှုများကာ စျေးနှုန်းအတက်ဘက်သို့ ပြန်လည် ဦးတည်နေလျက်ရှိလျက်ရှိသည်။
စျေးနှုန်းကျဆင်းနေချိန် ကာလတွင် ၀ယ်ယူစုဆောင်းမှုများရှိခဲ့သည့်အတွက် သုံးစွဲမှု မြင့်တက်လာသော်လည်း ၀ယ်ယူမှု နည်းပါးနေခြင်းဖြစ်သည်ဟု သုံးသပ်မှုများရှိနေသည်။
WTI ရေနံစျေးသည့် ပြီးခဲ့သည့် လအနည်းငယ်တွင် သုညဒေါ်လာနှုန်းအောက် ကျဆင်းခဲ့သည့်အတွက် ပြည်တွင်း စက်သုံးဆီ စျေးနှုန်းမှာ ကျဆင်းခဲ့ရခြင်းဖြစ်သည်။
လက်ရှိတွင် ပြည်တွင်းစျေးနှုန်းမှာ ဒီဇယ် တစ်လီတာလျှင် ၅၄၀ကျပ်၊ ပရီမီယမ် ဒီဇယ် တစ်လီတာလျှင် ၅၄၀ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၄၇၀ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၅၇၀ကျပ် အထိ စျေးနှုန်းပြန်လည် မြင့်တက်လာလျက်ရှိသည်။
၀ယ်လိုအား လျော့နည်းခဲ့သည့် မတ်လတွင် စက်သုံးဆီ စျေးနှုန်းမှာ အောက်တိန်း ၉၂ တစ်လီတာလျှင် ၃၈၀ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၅၅၀ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၅၁၀ကျပ်နှင့် ပရီမီယမ် တစ်လီတာလျှင် ၅၂၀ကျပ်အထိ စျေးနှုန်းများ ကျဆင်းခဲ့သည်။
Covid 19 ရောဂါမဖြစ်ပွားမီ ပြည်တွင်းရှိ စက်သုံးဆီ စျေးနှုန်းမှာ အောက်တိန်း ၉၂ တစ်လီတာလျှင် ၆၆၀ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၇၈၀ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၇၂၀ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၇၃၀ကျပ်အထိ ရှိခဲ့သည်။