Domestic Steel Producers Struggle from Foreign Competition

0
97

By Zin Thu Tun/ Myanmar Business Today

Massive steel imports, both legally and illegally, have claimed a huge part of the domestic steel market. This is leaving local steel production companies with the remaining small market share and profit margins, making them unable to further expand business, according to local steel producers.

Myanmar consumes around 200,000 tons of steel with 90 percent of the steel derived from imports. Despite being low quality, the lower price of the imported steel makes locally produced steel products unable to compete in terms of price.

A worker welds a bicycle steel rim at a factory manufacturing sports equipment in Hangzhou, Zhejiang province, China September 2, 2019. Picture taken September 2, 2019. China Daily via REUTERS ATTENTION EDITORS – THIS IMAGE WAS PROVIDED BY A THIRD PARTY. CHINA OUT. TPX IMAGES OF THE DAY

For example, PEB Steel, a steel production company based in Vietnam, had to reduce the annual production capacity at their plant in the Thilawa Special Economic Zone.

“Due to lack of law to protect locally produced products and stricter rules for better quality and tax for imported steel products, steel makers in the country are now loss-making as they are no match for the poor quality imported steel products that are sold at lower prices,” said Adib Kouteili, co-founder and director of PEB Steel Buildings.

PEB Steel started running the steel plant in Thilawa Special Economic Zone with 300 employees. Due to its unfavorable performance in the market, the company, despite strong commitments, is unable to expand production, hire new employees and raise wages for existing employees.

“If we have the government’s support (for adopting a quality standard and fighting illegal imports), the steel industry will develop tenfold in the next ten years,” Adib Kouteili estimated.

PEB Steel’s annual production capacity in Myanmar is around 24,000 tons; but it can only produce 6,000 tons due to the market situation.

The plant nearly closed on a deal amounting to K8 billion last week, but lost to a Vietnam based steel company. The loss resulted from a 5 percent commercial tax that the buyer will have to pay if purchased locally, and from the fact that the Vietnam company has tax exemptions because they are part of ASEAN Free Trade policy. The company that won the deal is PEB’s Vietnam subsidiary. The case highlighted the challenges that local steel production companies are facing.

Therefore, Adib Kouteili suggested that the government should consider reducing tax on locally produced products as it does on imported products.

“If it stays this way, local steel companies like us will end up shutting down. Investors who have purchased the land for a steel plant might be unable to start their projects,” he said.

Although ASEAN countries signed the ASEAN Free Trade Agreement, Malaysia charges a five percent tariff on steel and steel related products, while Vietnam adopted a quality standard.

Domestic steel demand is estimated to increase to 5 million tons annually before 2025. Measures to protect foreign investments in steel production sectors should be considered.

PEB suggested that Myanmar should form a quality control board to ensure the quality of the steel. The standard could be modeled after the Japanese Industrial Standard, American Standard Testing Material, Bureau veritas Quality International and Standard Global Services. This will create a fair market for domestic steel producers while ensuring only high quality steel is imported.

ပြည်ပကနေ တရားဝင်၊ တရားမဝင် တင်သွင်းနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း အမြောက် အမြားထဲမှ သံမဏိတင်သွင်းမှုကြောင့် ပြည်တွင်းမှာထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေရဲ့ လုပ်ငန်းအမြတ်အစွန်း နည်းပါးနေသလို လုပ်ငန်းချဲ့ထွင်ရာမှာလဲ နှောင်းနှေးကြန့်ကြာမှုတွေ ဖြစ်ပေါ်နေတယ်လို့ ပြည်တွင်းကုမ္ပဏီ အချို့က ပြောနေကြပါတယ်။ နိုင်ငံအတွင်း သံမဏိသုံးစွဲမှုပမာဏမှာ နှစ်စဉ်တန်ချိန်နှစ်သိန်းဝန်းကျင်လောက်လိုအပ်နေပြီး ယင်းထဲက(၉၀)ရာခိုင်နှုန်းလောက် ပြည်ပနိုင်ငံကနေ တင်သွင်းသုံးစွဲနေရတာဖြစ်ပါတယ်။ တင်သွင်းသုံးစွဲမှုတွေထဲ အရည်အသွေးနိမ့်ပေမယ့် ဈေးနှုန်းလျော့နည်းပြီးဝယ်ယူနိုင်တာကြောင့် ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ဈေးကွက်ယှဉ်ပြိုင်မှုအရ အခွင့်အလမ်းနည်းပါးလျက်ရှိနေပါတယ်။

ဥရောပအခြေစိုက်၊ ဆိုက်ပရပ်နိုင်ငံကနေ သီလဝါအထူးစီးပွားရေးဇုန်မှာ လာရောက် လုပ်ငန်းလည်ပတ်နေတဲ့ PEB Steel ကုမ္ပဏီကလည်း နှစ်စဉ်ထုတ်လုပ်နိုင်တဲ့ ပမာထက်လျော့နည်းပြီး ထုတ်လုပ်နေရသလို လုပ်ငန်းမတွင်ကျယ်မှုများဖြစ်ပေါ်နေတယ်လို့ ကုမ္ပဏီနဲ့တွေ့ဆုံမေးမြန်းခိုက်က Co-Founder & Director ADIB Kouteili က ဆိုပါတယ်။

“ အစိုးရကနေ ကာကွယ်ပေးထားတဲ့ဥပဒေတွေ၊ စစ်ဆေးမှုတွေ တင်းကြပ်တဲ့စည်းမျဉ်းစည်းကမ်း အခွန်တွေ မရှိတဲ့အခါကျတော့ သွင်းလာတဲ့ အရည်အသွေးမမီတဲ့ ထုတ်ကုန်တွေနဲ့ ပြည်တွင်းကထုတ်ကုန်တွေနဲ့ မယှဉ်ပြိုင်နိုင်ပဲ အရှုံးပေါ်နေသလိုဖြစ်နေတယ်”လို့   သူက ရှင်းပြပါတယ်။

PEB Steel က ၂၀၁၇ခုနှစ်ကစပြီး သီလဝါအထူးစီးပွားရေးဇုန်မှာ သံမဏိဆက်စပ် ပစ္စည်းထုတ်ကုန်တွေ ရောင်းချနေတဲ့ ကုမ္ပဏီအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့တာပါ။ ဝန်ထမ်းပေါင်း(၃၀၀)ကျော် နဲ့ လုပ်ငန်းတွေ လည်ပတ်နေပါတယ်။

လက်ရှိအချိန်မှာ ကုမ္ပဏီအနေနဲ့ လုပ်ငန်းချဲ့ထွင်တာ ၊ ဝန်ထမ်းတွေတိုးမြှင့်ခန့်အပ်တာ ၊ ရှိပြီးသား ဝန်ထမ်းတွေ လုပ်ခလစာတိုးမြှင့်ဖို့အတွက် ဆောင်ရွက်ချင်ပေမယ့် လုပ်ငန်းမတွင်ကျယ်မှုကြောင့် အဟန့်အတားဖြစ်ပေါ်နေပါတယ်။

“တကယ်လို့အစိုးရကသာ (အရည်အသွေးပိုင်းဆိုင်ရာ စံနှုန်းသတ်မှတ်ချက် ခိုင်ခိုင်မာမာချမှတ်ခြင်းနဲ့ တရားမဝင်ဝင်ရောက်မှှုတွေကိုတားဆီးတာတွေမှာ) ပူးပေါင်းရင် နောက်ဆယ်နှစ်မှာ ဆယ်ဆလောက် တိုးတက်လာမယ်လို့ ခန့်မှန်းလို့ရတယ်” ဟု ADIB Kouteili က ဆိုပါတယ်။

လက်ရှိ PEB Steel အနေနဲ့ တစ်နှစ်ကို ရာနှုန်းပြည့်ထုတ်လုပ်နိုင်မှုမှာ တန်ချိန် ၂၄၀၀၀ခန့်ရှိပေမယ့် လည်း ဈေးကွက်အနေအထားအရ အမှန်တကယ်ထုတ်လုပ်နေရမှုပမာဏမှာ တန်ချိန် ၆၀၀၀ ဝန်းကျင် ခန့်သာရှိနေပါတယ် လို့ သူက ရှင်းပြပါတယ်။

         မကြာသေးမီက ရက်သတ္တပတ်တစ်ခုအတွင်း မြန်မာပြည်တွင် ကျပ်ရှစ်ဘီလီယံတန်ဖိုးရှိ စီမံကိန်းတစ်ခုရရှိဖို့ နီးစပ်ခဲ့ပေမယ့် ပြည်တွင်းမှာရှိတဲ့ PEB စက်ရုံက ထုတ်ကုန်ကို သုံးစွဲပါက ပေးသွင်းရသော ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကြောင့် ASEAN Freetrade မူဝါဒအရ တင်သွင်းခွင့် အခွန်ကင်းလွတ်ခွင့်ပြုထားတဲ့ သံနှင့်သံမဏိလုပ်ငန်းတွေအတွက် ထုတ်ကုန်ကို ဗီယက်နမ်အခြေစိုက်ကုမ္ပဏီ၏ ထုတ်ကုန်ကိုပဲသွင်းရန် ရွေးချယ်ခဲ့သည်။ရွေးချယ်ခဲ့တဲ့ ကုမ္ပဏီကလည်း PEB ရဲ့ ဗီယက်နမ် ကုမ္ပဏီကပါပဲ ။ဒီအခြေအနေအကြောင်းကို ပြည်တွင်းစက်ရုံတွေအတွက် အားနည်းချက်တစ်ရပ်ဖြစ်နေသလို တချို့စက်ရုံတွေ လုပ်ငန်းရပ်ဆိုင်ရမယ့်အရေးရှိနေတာ ဖြစ်ပါတယ်။

ဒီအတွက် အစိုးရအနေနဲ့ သွင်းကုန်တွေအပေါ် အခွန်လျှော့ချရာမှာ ပြည်တွင်းက တည်ရှိနေတဲ့ ထုတ်ကုန်များအပေါ် အခွန်လျှော့ချပေးဖို့ကို ပြန်လည်သုံးသပ်သင့်ပါတယ်လို့ သူက ဆိုပါတယ်။

         “ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ကျွန်တော်တို့လို သံမဏိထုတ်လုပ်မယ့် တခြားစက်ရုံတွေ ပိတ်ပစ်လိုက်ရတာမျိုးတွေ ဖြစ်ပေါ်လာမယ်။ နောက်ပြီးတော့ ကျွန်တော်တို့လို သံမဏိထုတ်လုပ်မယ့်ကဏ္ဍမှာ မြေနေရာဝယ်ယူထားပြီ လုပ်ငန်းမစတင်နိုင်သေးတဲ့ အနေအထားတွေ ဖြစ်ပေါ်လာမယ်”ဟု ADIB Kouteili က ဆိုသည်။

         အာဆီယံဒေသတွင်း လွတ်လပ်သောကုန်သွယ်ခွင့်ပြုသောသဘောတူစာချုပ်ကို နိုင်ငံအသီးသီးက လက်မှတ်ရေးထိုးထားပေမယ့် မလေးရှားနိုင်ငံမှာတော့ သံမဏိဆက်စပ်ပစ္စည်းတင်သွင်းမှုအတွက် ငါးရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံမှာ အလားတူတင်သွင်းမှုအတွက် အရည်အသွေးပိုင်းဆိုင်ရာ ကန့်သတ်ထိန်းချုပ်မှုမျိုးကို ရက်အကန့်အသတ်ဖြင့် တားမြစ်ထားမှုမျိုး ဒေသတွင်းနိုင်ငံများရဲ့ ပြည်တွင်းရှိထုတ်လုပ်သူများအပေါ် အကာအကွယ်ပေးထားတာပါ။ ဒါကိုအစိုးရက ပြန်လည်စိစစ်ဖို့လိုတာပါ။ ဒီလိုပဲ စံနှှုန်းသတ်မှတ်နိုင်ရေးအချက်ကလည်း အဓိကလိုအပ်နေပါတယ်။ သံမဏိဝယ်လိုအားကလည်း လာမယ့် ၂၀၂၅ ခုနှစ်မတိုင်ခင်မှာ တန်ချိန် ငါးသန်းအထိ တက်လာနိုင်ပါတယ်။ ဒီမတိုင်ခင်မှာ ပြည်တွင်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှှုနဲ့ဝင်ရောက်တဲ့ သံနဲ့သံမဏိစက်ရုံတွေအတွက် အကာအကွယ်ပေးနိုင်ဖို့လိုနေတဲ့ သဘောပါ။

          အရည်အသွေးသတ်မှတ်မှှုနဲ့ ပတ်သက်ပြီးတော့လည်း Japanese Industrial Standard၊ American Standard Testing Material၊ Bureau Veritas Quality Internationalနှင့် Standard Global Services တို့လို အရည်အသွေးစစ်ဆေးတဲ့အဖွဲ့အစည်းများကို ထုတ်ပြန်သင့်တယ်လို့ ကုမ္ပဏီဘက်က ဆိုပါတယ်။ ဒါမှသာ အရည်အသွေးပြည့်မီတဲ့ သံမဏိသွင်းကုန်တွေနဲ့ ပြည်တွင်းကထုတ်လုပ်တဲ့ သံမဏိကုမ္ပဏီ ဈေးကွက်အရယှဉ်ပြိုင်မှု မျှတနိုင်မှာဖြစ်ပါတယ်။