အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်
written by Linn Thit
Under the newly approved law called Traffic Safety and Vehicle Management Law, anyone who drives or park an unregistered vehicle except designated area may face a three-year jail term and/or fine.
However, under the Automobile Law enacted in 2015, the penalties for driving an unregistered vehicle outside the designated areas are a one-month jail term and/or fine.
The new law said that those who counterfeit the documents issued by the Road Transport Administration Department, such as driver’s license, international driver’s license, temporary driver’s license, and vehicle ownership book may face three years jail term.
The highest penalties under the new law are three years of jail terms and K1.5 million fine.
မေလ ၂၆ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု ပြဌာန်းလိုက်သည့် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေတွင် ယာဉ်မှတ်ပုံမတင်ရသေးသည့် မော်တော်ယာဉ်ကို သီးခြားခွင့်ပြုထားသည့် နေရာမှအပ အခြားသော နေရာများသို့ မောင်းနှင်ခြင်း၊ ရပ်နားခြင်းများ ပြုလုပ်ပါက ထောင်ဒဏ် ၃နှစ် (သို့) ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြင့် ဖြစ်စေ အရေးယူမည်ဖြစ်ကြောင်း အဆိုပါ ဥပဒေတွင် ဖော်ပြပါရှိသည်။
၂၀၁၅ခုနှစ်တွင် ပြဌာန်းခဲ့သည့် မော်တော်ယာဉ်ဥပဒေတွင် မှတ်ပုံမတင်ထားဘဲ ယာဉ်ကို မောင်းနှင်အသုံးပြုပါက ထောင်ဒဏ်တစ်လနှင့် ငွေဒဏ် ငါးသောင်းကျပ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံးကို ချမှတ်နိုင်သည်ဟုသာ ပြဌာန်းခဲ့သည်။
ထို့ပြင် ဉီးစီးဌာနက ထုတ်ပေးထားသည့် ယာဉ်မောင်းလိုင်စင်၊ ယာဉ်အကူလိုင်စင်၊ အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းနှင်ခွင့်လက်မှတ်၊ ယာယီယာဉ်မောင်းနှင်ခွင့်လတ်မှတ်၊ မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်နှင့် အခြားသော လက်မှတ်များကို လိမ်လည်အတုပြုလုပ်ထားပါက ထောင်ဒဏ် ၃နှစ်အထိ အရေးယူသွားမည်ဖြစ်သည်။
အသစ်ပြဌာန်းလိုက်သည့် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေတွင် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ပါက အမြင့်ဆုံး ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ်၃နှစ်နှင့် ဒဏ်ငွေ ၁၅သိန်းအထိ ထည့်သွင်းထားသည်။