Edible oil prices have been gradually increasing doubling the prices of last year. A viss of edible oil hit K5600-6000 compared to around K2600 last year.
The reason for the edible oil price hike is due to inadequate stock in the local market while the edible oil prices are also strong in the global oil price.
Myanmar consumes around 1.2 million tons a year. Despite growing grounnut, sesame, sunflower, soybean, and mustard, the country’s edible production is only around 300,000 tons; thus requiring to import upto 900,000 tons a year.
Imported oil dominates the domestic market holding a lion’s share of 80 percent while other oils such as gutter oil take 15 percent.
Since 1990, the country imported 5,000 to 10,000 tons of edible oil per month, and after three decades, edible oil importation reached as high as 50,000-70,000 tons per month.
ပြည်တွင်းဈေးကွက်တွင် စားသုံးဆီဈေးနှုန်းများမှာ မှာ တစ်ရိပ်ရိပ်တက်နေပြီး ယခုရက်ပိုင်းအတွင်း တစ်ပိဿာလျှင် ကျပ် ၅၆၀၀မှ ၆၀၀၀ အထိ ရှိလာကြောင်း ပြည်တွင်း စားသုံးဆီဈေးကွက်မှ သိရသည်။ ပြီးခဲ့သည့်နှစ် ယခုကာလတွင် စားသုံးဆီ တစ်ပိတ်သာလျှင် ကျပ် ၂၆၀၀ ဝန်းကျင်ရှိခဲ့သောကြောင့် စားသုံးဆီဈေး နှစ်ဆမျှ မြင့်တက်လာခဲ့ခြင်းလည်း ဖြစ်သည်။
ထိုကဲ့သို့ စားသုံးဆီဈေး မြင့်တက်ရခြင်းမှာ ကမ္ဘာ့ စားသုံးဆီဈေးကွက်တွင် စားသုံးဆီ ဈေးနှုန်းများ မြင့်တက်နေသည့်အပြင် ပြည်တွင်း စားသုံးဆီဈေးကွက်တွင်လည်း ပြည်တွင်း လက်ကျန်နည်းပါးနေခြင်းကြောင့် စားသုံးဆီ ဈေးမြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ စားသုံးဆီသုံးစွဲမှုမှာ တစ်နှစ်လျှင် တန်ချိန် (၁၂)သိန်းခန့်ရှိပြီး ပြည်တွင်း၌ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ်၊ မုံညှင်း၊ ပန်းနှမ်း စသည့် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ် လုပ်လျက်ရှိသော်လည်း ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုမှာ တန်ချိန် (၃)သိန်းခန့်သာ ထုတ်လုပ်နိုင်သဖြင့် နှစ်စဉ်ပြည်ပမှ တန်ချိန် (၉) သိန်း ခန့် တင်သွင်းနေရသည်။
၁၉၉၀ ပြည့်နှစ် နောက်ပိုင်း ပြည်ပမှ စားသုံးဆီတင်သွင်း မှုသည် ပျမ်းမျှ တစ်လ တန်ချိန် ၅ဝဝဝ မှ ၁၀,ဝဝဝ ကြားရှိခဲ့ပြီး နှစ်သုံးဆယ်နီးပါးအကြာတွင် ပြည်ပစားသုံး ဆီတင်သွင်းမှုသည် တစ်လပျမ်းမျှ တန်ချိန် ၅၀,ဝဝဝ မှ ၇၀,ဝဝဝ ကြား ရှိလာကြောင်းသိရသည်။