HomeBusinessEFR and Ayeyar Hinthar Form a JV to Develop an Industrial Port

EFR and Ayeyar Hinthar Form a JV to Develop an Industrial Port

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်

Unison Choice Services Limited under Ever Flow River Group Public Co., Ltd (FER) and Ayeyar Hinthar Holdings Co., Ltd (AHH) have entered a partnership to form a joint venture called “A Logistics Co., Ltd”, which will develop and operate Ayeyarwaddy International Industrial Port, which is an essential project for Pathein Industrial Park in Pathein, Ayeyarwady Region.

Unison Choice Services Limited will hold 60 percent of the stake in A Logistics Co., Ltd while Ayeyar Hinthar Holdings will hold the remaining 40 percent.

The two partners have conducted a feasibility study and design development for the project a year ago.

The project, located on over 6,700 acres of land in Pathein Industrial Park on Pathein-Ngaputaw Road, will include infrastructures such as international port, warehouses, container field and bonded warehouses.

Under the agreement, the joint venture company will carry out trainings for the workforce as well as design and operation, and provide logistics solutions for the development of manufacturing and trading in Ayeyarwaddy Region and other related areas, for easier and cheaper transportation of exports as well as imports for agriculture and CMP.

Upon completion, the project is expected to enhance the competitiveness of locally manufactured products in the international market while creating job opportunities for local people.

Written by Tazar Bhone Myint/ Translated into English by Min Thu Aung


စတော့ အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီတစ်ခုဖြစ်သော Ever Flow River Group Public Co., Ltd. (EFR) ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သည့် Unison Choice Services Limited. သည်ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်စက်မှုမြို့တော် အတွက် လိုအပ်လျက်ရှိသည့် ဘက်စုံထောက်ပံ့ပို့ဆောင်ရေးအခြေခံ အဆောက်အအုံတစ်ခုဖြစ်သည့် ဧရာဝတီအပြည်ပြည်ဆိုင်ရာ စက်မှုဆိပ်ကမ်း (Ayeyarwaddy International Industrial Port (AIIP)) အား အကောင်အထည်ဖော်စီမံခန့်ခွဲသူအဖြစ်ဆောင်ရွက်နိုင်ရန် Ayeyar Hinthar Holdings Co., Ltd. (AHH) နှင့်ပူးပေါင်း၍ “A Logistics Co., Ltd.” အမည်ရှိ ဖက်စပ်ကုမ္ပဏီတစ်ခု တည်ထောင်ရန် သဘောတူစာချုပ်အား သြဂုတ်လ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Unison Choice Services Limited အနေနှင့် ဖက်စပ်ကုမ္ပဏီဖြစ်သော A Logistics Co., Ltd. တွင် စုစုပေါင်းအစုရှယ်ယာ ၆၀% ကိုထည့်ဝင်သွားမည်ဖြစ်ပြီး ကျန် ၄၀% အား AHH ကုမ္ပဏီမှ ထည့်ဝင်သွားမည်ဖြစ်ကြောင်းသိရသည်။

Unison Choice Services Limited.  သည် လွန်ခဲ့သော ၁ နှစ်ကျော်ခန့်မှစတင်၍ ထို AIIP ဆိပ်ကမ်း၏ Feasibility Study နှင့် Design Development ကို AHH ကုမ္ပဏီနှင့်ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါစီမံကိန်းသည် ပုသိမ်စက်မှုဇုံမြို့တော်အတွက် အဓိကဘက်စုံထောက်ပံ့ ပို့ဆောင်ရေးကဏ္ဍတစ်ခုအဖြစ် နိုင်ငံတကာအဆင့်မီဆိပ်ကမ်း၊ ကုန်လှောင်ရုံ၊ ကုန်သေတ္တာလွင်ပြင် နှင့် Bonded Warehouses များစသည်ဖြင့် လိုအပ်သောအခြေခံအဆောက်အအုံများ အပြည့်အစုံ ပါဝင်မည်ဖြစ်ပြီး နောင်တွင် ပင်လယ်ကူးသင်္ဘောကြီးများဝင်ထွက်သွားလာနိုင်သည့် နိုင်ငံတကာ ဆိပ်ကမ်းကြီးတစ်ခု ဖြစ်ပေါ်လာမည်ဖြစ်သည်။

အဆိုပါစီမံကိန်းသည် ပုသိမ်မြို့အနီး ပုသိမ်-ငပုတောအဝေးပြေးလမ်းမပေါ်ရှိ ပုသိမ်စက်မှု မြို့တော်တွင်တည်ရှိပြီး အကျယ်အဝန်းမှာ ၆၇၀၀ ဧက ခန့် ရှိသည်။

သဘောတူညီမှုအရ တည်ထောင်ထားသည့် “A Logistics Co., Ltd.” မှဆောင်ရွက် သွားမည့်လုပ်ငန်းများမှာ AIIP ဆိပ်ကမ်းအတွက် Operator အဖြစ်ဆောင်နိုင်ရန် လိုအပ်သော Design, Operation, Work Force များအတွက်လေ့ကျင့်ပျိုးထောင်ခြင်းများလုပ်ဆောင်ရန်၊ ဧရာဝတီတိုင်းဒေသကြီးနှင့်ဆက်စပ်ဒေသများ၏ Manufacturing နှင့် Trading ဖွံ့ဖြိုးတိုးတက်မှု အတွက်လိုအပ်သော Logistics ဆိုင်ရာ ပံ့ပိုးမှုများ‌ဆောင်ရွက်ပေးရန်၊ စရိတ်စက သက်သာ လွယ်ကူစွာဖြင့် ဒေသထွက်ကုန်များကို နိုင်ငံတကာစျေးကွက်သို့ပို့ဆောင်ပေးနိုင်ရန်၊ စိုက်ပျိုးရေး အပါအဝင် ကုန်ထုတ်လုပ်မှုနှင့် အထည်ချုပ် CMP လုပ်ငန်းများအတွက်လိုအပ်သော သွင်းကုန်များကို နိုင်ငံတကာမှစျေးနှုန်းသက်သာစွာဖြင့် တင်သွင်းနိုင်အောင် လိုအပ်သော ဘက်စုံထောက်ပံ့ ပို့ဆောင်ရေးဝန်ဆောင်မှု (Logistics Services) များကို ဆောင်ရွက်ပေးနိုင်ရန်တို့ ဖြစ်သည်။

ဤစီမံကိန်းအောင်မြင်စွာပြီးစီးပါက မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များနှင့် အခြားဒေသထွက်ကုန်များကို နိုင်ငံတကာစျေးကွက်အတွင်း ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိပြီး အရည်အသွေး မြင့်ကုန်ပစ္စည်းများကို လက်ဦးမှုရယူရောင်းချနိုင်ရန် ပြည်တွင်းထုတ်ကုန်စွမ်းအားကို တစိတ်တဒေသ ပံ့ပိုးမြှင့်တင်နိုင်မည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေါ်ပေါက်လာမည်ဖြစ် ကြောင်းသိရသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img