HomeBusinessCOVID-19 ကာကွယ်တားဆီးရေးထပ်တိုး ကာလအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမူ ၇၅ ယူနစ်အထိ ထပ်မံ ကင်းလွတ်ခွင့်ပြု

COVID-19 ကာကွယ်တားဆီးရေးထပ်တိုး ကာလအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမူ ၇၅ ယူနစ်အထိ ထပ်မံ ကင်းလွတ်ခွင့်ပြု

COVID-19 ရောဂါ ကာကာတားဆီးထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရွက်သည့်ကာလ ဖြစ်သော မေလ ၁ ရက်မှ ၁၅ ရက်နေ့အထိ လျှပ်စစ်ဓတ်အား သုံးစွဲမူကို ၇၅ ယူနစ်အထိ ထပ်မံ၍ ငွေကြေးကေက်ခံခြင်းမပြုတော့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ မေလ ၆ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။

အဆိုပါ ကင်းလွတ်ခွင့်ကို ပြည်သူများ ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် ပြည်တွင်းလူမူရေး အဖွဲ့အစည်းများ အကျုံးဝင်မည်ဖြစ်ပြီး (သံရုံးများ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပါဝင်ခြင်းမရှိကြောင်း) ထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။

Exposing yourself to the sun or to temperatures higher than 25C degrees DOES NOT prevent the coronavirus disease (COVID-19)

လျှပ်စစ်ဓတ်အား သုံးစွဲမူ ယူနစ်များအနက်မှ (၁)ယူနစ်မှ (၇၅) ယူနစ်ထိသုံးစွဲသူများကို ဓာတ်အားခကျသင့်ငွေ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။ အိမ်သုံးအမျိုးအစား လျှပ်စစ်မီးသုံးစွဲသူများမှာ ၇၆ ယူနစ်နှင့်အထက် သုံးစွဲမူများအား အလွှာအလိုက် သက်မှတ်ချက်နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်သည်။အထူးကိစ္စတစ်ရပ်အနေဖြင့် ကင်းလွတ်ခွင့်ပြုခဲ့သော အဖွဲ့အစည်းများ အုပ်စုမှ ပြည်တွင်းလူမူရေးအဖွဲ့အစည်းများမှ လွဲပြီးကျန်သုံးစွဲသူများအားလုံးသည် ယခင်သက်မှတ်နှုန်းထားများအတိုင်းပေးဆောင်ရမည်ဖြစ်သည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img