European Union will provide EUR 5 million for promoting integrated land use planning and management in Myanmar, according to U Henry Van Thio, Vice President of Myanmar, who chairs the National Land Use Council.
The project will take four years and the EU will provide its funding through FAO.
The government is planning to utilize the funding to realize the goals of national land policy: sustainable land management for the interest of people, to protect cultural heritage sites, environment, and natural resources. Moreover, it will also use the funding in developing better policy and legal frameworks, integrated land-use projects, and management.
The council has signed a Record of Discussion (RoD) with the European Union (EU) and Swiss Agency for Development and Cooperation on January 27, 2020.
The council was formed per order no. 15 issued on January 17, 2018, by the Union Cabinet.
Written by Tayzar Bhone Myint/ Translated into English by Min Thu Aung
EU က မြန်မာနိုင်ငံမြေယာကဏ္ဍပြုပြင်ပြောင်းလဲမှု အထောက်အပံ့ပြုနိုင်ရေးအတွက် ဘက်စုံမြေအသုံး ချမှုစီမံကိန်း ရေးဆွဲခြင်းနှင့် စီမံခန့်ခွဲခြင်းမြှင့်တင်ရေးဆိုင်ရာ စီမံကိန်း (Promoting Integrated Land Use Planning and Management in Myanmar) ကိုခန့်မှန်းကုန်ကျငွေယူရို(၅)သန်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကပြောသည်။
စီမံကိန်းကာလမှာ (၄)နှစ်ကြာမြင့်မည်ဖြစ်ပြီး FAO မှတဆင့် ကူညီပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါစီမံကိန်းကို အမျိုးသားမြေအသုံးချမှုမူဝါဒ၏ အဓိက ရည်ရွယ်ချက်ဖြစ်သည့် ပြည်သူများ၏ အကျိုးစီးပွားအလို့ငှာ ရေရှည်တည်တံ့စေမည့် မြေအသုံးချမှုစီမံ ခန့်ခွဲရေး ၊ယဉ်ကျေးမှုအမွေအနှစ် ဒေသများ၊ ပတ်ဝန်းကျင်နှင့်သဘာဝအရင်းအမြစ်များ ထိန်းသိမ်း ကာကွယ် ရေးတို့ကို ဖွံ့ဖြိုးတိုးတက် စေရေးအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကူညီထောက်ပံ့ ပေးနိုင်ရေးနှင့် ပိုမိုထိရောက် သည့် မူဝါဒ၊ မူဘောင်များချမှတ်ဆောင် ရွက်ခြင်းကိုမြှင့်တင်ပေးခြင်းဖြင့် ဘက်စုံမြေအသုံးချမှု စီမံကိန်းရေးဆွဲခြင်းနှင့် စီမံခန့်ခွဲခြင်းကိုဖြစ်ပေါ်လာစေရန် ရည်ရွယ်အကောင် အထည်ဖော်ရန် လျာထားကြောင်းသိရသည်။
အမျိုးသားမြေအသုံးချမှုကောင်စီသည်ဥရောပသမဂ္ဂ The European Union(EU)၊ ဆွစ်ဇာလန် ဖွံ့ဖြိုးတိုးတက်မှု နှင့်ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ Swiss Agency for Development and Cooperation(SDC) တို့အကြား တွေ့ဆုံဆွေးနွေးမှုမှတ်တမ်း Record of Discussion (RoD) ကို ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ သည်။
အမျိုးသား မြေအသုံးချမှုကောင်စီကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ ၂၀၁၈ ခုနှစ် ဇန်နဝါရီ လ ၁၇ ရက် ၊ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၅ ဖြင့်ဖွဲ့စည်းခဲ့ရာ အချိန်ကာလအားဖြင့် ၂ နှစ် ကျော်ကြာမြင့် ခဲ့ပြီဖြစ်သည်။