HomeBusinessပို့ကုန်သွင်းကုန်လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းအတွက် ငွေပေးချေခြင်းကို MPU eCommerce pay ဖြင့် ပေးချေနိုင်

ပို့ကုန်သွင်းကုန်လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းအတွက် ငွေပေးချေခြင်းကို MPU eCommerce pay ဖြင့် ပေးချေနိုင်

ပို့ကုန်သွင်းကုန်လုပ်ငန်းများအတွက် ကုန်ပစ္စည်းတင်သွင်းခွင့်လိုင်စင်ကို အွန်းလိုင်မှ လျှောက်ထားရာတွင် ငွေပေးချေမှုများအတွက်ယခင်က မြန်မာနိုင်ငံသားများဘဏ် (MCB) တစ်ခုတည်းဖြင့်သာ ငွေပေးချေနိုင်ရာမှ မေလ ၈ ရက်မှစတင်၍ MPU အဖွဲ့ဝင်ဘဏ်များအားလုံး၏ MPU eCommerce pay ဖြင့် ငွေပေးချေနိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းသို့ MPU အဖွဲ့ဝင်ဘဏ်များ၏ MPU eCommerce Payဖြင့် ငွေပေးချေနိုင်သကဲ့သို့ MCB ePayment ဖြင့်ပါ ပေးချေနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပို့ကုန်သွင်းကုန်လုပ်ငန်းများအတွက် ပို့ကုန်သွင်းကုန်လိုင်စင်များကို ဧပြီ ၁ ရက်မှ စတင်၍ အွန်လိုင်းမှ အပြည့်အဝလျှောက်ထားခွင့်ပြုခဲ့သည်။

ထိုသို့ ပို့ကုန်သွင်းကုန်လုပ်ငန်းလိုင်စင်များကို အွန်လိုင်းမှ လျှောက်ထားသည့် လုပ်ငန်းရှင်များသည့် လိုင်စင်လျှောက်ထားခြင်းအတွင် ငွေကြေးပေးသွင်းခြင်း ၊ လိုင်စင်ပြန်လည်ထုတ်ယူခြင်းများကို အွန်လိုင်းမှ ဆောင်ရွက်ခဲ့ရသည်။

စတင်ခွင့်ပြုသည့် ဧပြီ ၁ရက်တွင် ပို့ကုန်လိုင်း ၇၃ လိုင်း နှင့် သွင်းကုန်လိုင်း ၉၁ လိုင်းကို ခွင့်ပြုခဲ့ပြီး ဒုတိယအကြိမ်တွင် သွင်းကုန် ကုန်စည်လိုင်း ၄၅၅ လိုင်းကို အွန်လိုင်းမှ လိုင်စင်လျှောက်ထားခွင့်ပြုခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Exposing yourself to the sun or to temperatures higher than 25C degrees DOES NOT prevent the coronavirus disease (COVID-19)

ထိုပြင် ပို့ကုန်သွင်းကုန်လုပ်ငန်းလိုင်စင်များကို အွန်လိုင်းမှ လျှောက်ထားမှု မြန်ဆန်ခြင်းကြောင့် တတိယအသုတ်အဖြစ် ကုန်စည်လိုင်း (၁၉၆) လိုင်းကို ဧပြီလ ၂၄ ရက်မှ ထပ်မံ၍ အွန်လိုင်းမှ လျှောက်ထားခွင့်ပြုခဲ့သည်။

ယခင်က အွန်လိုင်းမှ သွင်းကုန်လိုင်စင်လျှောက်ထားခြင်းကို CMP (အထည်ချုပ်) လုပ်ငန်းများကိုသာ ခွင့်ပြုခဲ့သည်။
လက်ရှိတွင် ပြည်သူများလိုအပ်သည့် သွင်းကုန်ပစ္စည်းများဖြစ်သည့် ဆေးနှင့် ဆေးပစ္စည်းများ၊စားသောက်ကုန်ပစ္စည်းများ၊ ဓါတ်မြေသြဇာ၊စားအုန်းဆီနှင့် ဆီထွက်ပစ္စည်း၊ နို့နှင့် နို့ထွက်ပစ္စည်း၊အီထက်ထရောနစ်ပစ္စည်းများ၊ စွမ်းအင်သုံးပစ္စည်းများ၊ချောဆီ၊ ဆိုင်ကယ်၊စက်ဘီးများနှင့် ပို့ကုန်ကဏ္ဍတွင် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ၊ခဲသတ္တူ၊သကြား၊ သဘာဝဓါတ်ငွေ့၊ နှင့်အခြားကုန်ပစ္စည်းများကိုပါ အွန်လိုင်းမှ လိုင်စင်လျှောက်ထားခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ယင်းသို့ အွန်လိုင်းမှ လိုင်စင်လျှောက်ထားခြင်းကို www.myanmartradenet.com.mm မှတဆင့် ပင်လယ်ရေကြောင်းနှင့် နယ်စပ်လိုင်စင်(ရုံးချုပ်) တို့တွင် လျှောက်ထားနိုင်ကြောင်း သိရသည်။

ငွေပေးသွင်းခြင်းကို မြန်မာနိုင်ငံသားများဘဏ်၏ MCB ecommerce pay ဖြင့်ပေးချေးနိုင်မည်ဖြစ်ပြီး မကြာမီတွင် MPU စနစ်ဖြင့် ချိတ်ဆက်ထားသည့် ဘဏ်များ၏ mobile banking နှင့် pay များဖြင့်ပါ ပေးချေနိုင်မည် ဖြစ်ကြောင်း သိရသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img