ပို့ကုန်သွင်းကုန်လုပ်ငန်းလိုင်စင် အွန်လိုင်းမှ လျှောက်ထားရမည်

0
906

ပို့ကုန်သွင်းကုန်လုပ်ငန်းများအတွက် ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားခြင်းကို ဧပြီ ၁ ရက်မှ စတင်၍ အွန်လိုင်းမှ လျှောက်ထားရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။

ထိုသို့ ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားလိုသည့် လုပ်ငန်းရှင်များသည့် လိုင်စင်လျှောက်ထားခြင်းကို ငွေပေးသွင်းခြင်း ၊ လိုင်စင်ပြန်လည်ထုတ်ယူခြင်းများကို အွန်လိုင်းမှ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယခင်က အွန်လိုင်းမှ သွင်းကုန်လိုင်စင်လျှောက်ထားခြင်းကို CMP (အထည်ချုပ်) လုပ်ငန်းများကိုသာ ခွင့်ပြုခဲ့သည်။

လက်ရှိတွင် ပြည်သူများလိုအပ်သည့် သွင်းကုန်ပစ္စည်းများဖြစ်သည့် ဆေးနှင့် ဆေးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ဓါတ်မြေသြဇာ၊ စားအုန်းဆီနှင့် ဆီထွက်ပစ္စည်း၊ နို့နှင့် နို့ထွက်ပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်းများ၊ စွမ်းအင်သုံးပစ္စည်းများ၊ချောဆီ၊ ဆိုင်ကယ်၊ စက်ဘီးများနှင့် ပို့ကုန်ကဏ္ဍတွင် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ၊ ခဲသတ္တု၊သကြား၊ သဘာဝဓါတ်ငွေ့၊ နှင့်အခြားကုန်ပစ္စည်းများကိုပါ အွန်လိုင်းမှ လိုင်စင်လျှောက်ထားခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ယင်းသို့ အွန်လိုင်းမှ လိုင်စင်လျှောက်ထားခြင်းကို www.myanmartradenet.com.mm မှတစ်ဆင့် ပင်လယ်ရေကြောင်းနှင့် နယ်စပ်လိုင်စင်(ရုံးချုပ်) တို့တွင် လျှောက်ထားနိုင်ကြောင်း သိရသည်။

ငွေပေးသွင်းခြင်းကို မြန်မာနိုင်ငံသားများဘဏ်၏ MCB eCommerce pay ဖြင့်ပေးချေးနိုင်မည်ဖြစ်ပြီး မကြာမီတွင် MPU စနစ်ဖြင့် ချိတ်ဆက်ထားသည့် ဘဏ်များ၏ mobile banking နှင့် pay များဖြင့်ပါ ပေးချေနိုင်မည် ဖြစ်ကြောင်း သိရသည်။

Previous articleအစိုးရက ထုတ်ချေးသည့် ကျပ် (၁၀၀) ဘီလီယံ ချေးငွေကို ဧပြီ ၉ ရက်အထိ လျှောက်ထားနိုင်
Next articleတရုတ်နိုင်ငံမှ နှာခေါင်းစည်း ဝယ်ယူခွင့်ရရေး နိုင်ငံအချင်းချင်း အချင်းများနေရ