HomeBusinessFactories to be allowed to reopen if they meet the requirement

Factories to be allowed to reopen if they meet the requirement

စက်ရုံ အလုပ်ရုံများ စစ်ဆေးပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှသာ ပြန်လည် ဖွင့်လှစ်ခွင့်ပြုမည်

COVID-19 ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာတစ်နိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံများအနေဖြင့် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ အကြံပြုချက်၊ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ပြီးမှသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း အလုပ်သမား၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာနမှ ဧပြီလ ၁၉ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ အလုပ်သမား၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်း အဖွဲ့များသည် ဧပြီလ ၂၀ရက်နေ့မှ ၃၀ရက်နေ့အထိ သက်ဆိုင်ရာ စက်ရုံ အလုပ်ရုံ၊ အလုပ်ဌာနများကို စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ဆေးမှုများ ပြုလုပ်ရာတွင် ကနဦး ဦးစားပေးအနေဖြင့် ဆေးဝါးထုတ်လုပ်ရေး စက်ရုံများ၊ စားသောက်ကုန် ထုတ်လုပ်ရေး စက်ရုံများ၊ ကျန်းမာရေး လိုအပ်ချက်များနှင့် ကိုက်ညီကာ ဖွင့်လှစ်ရန် အသင့်ဖြစ်နေသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၊ လုပ်သားဦးရေ ၁၀၀၀နှင့်အထက် ရှိသော စက်ရုံ၊ အလုပ်ရုံများကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


To curb rapid spread of the COVID-19 in the country, the Ministry of Labour, Immigration and Population issued an announcement on April 19 that it will inspect and allow factories and workplaces to reopen if they follow the recommendations and meet requirements set by the Ministry of Health and Sports.

The Ministry of Health and Sports, the Ministry of Labour, Immigration and Population, and healthcare experts will jointly inspect factories and workplaces.

They will firstly inspect pharmaceutical factories, and food processing plants as well as the factories, workshops, and workplaces, which meet the health requirements, and factories with over 1,000 to see they meet the requirement to reopen.

 

 

 

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img