(English text below)
စက်ရုံ၊ အလုပ်ရုံများအတွင်း ဆောင်ရွက်ထားရမည့်ကန့်သတ်ချက်များအား စစ်ဆေးမည်
Covid-19 ကာကွယ်၊ ထိန်းချုပ်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများအတွင်းရှိ လုပ်ငန်းခွင်၌ ဆောင်ရွက်ထားရမည့် ကန့်သတ်ချက်များအား စစ်ဆေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှသိရသည်။
စက်ရုံ၊ အလုပ်ရုံများတွင် ဆပ်ပြာနှင့်ရေကိုအသုံးပြုလက်ဆေးရန်နေရာများကို မရှိမဖြစ်ထားရှိခြင်း၊ တစ်ဦးနှင့်တစ်ဦးနီးကပ်စွာအလုပ်လုပ်ရသူများအနေဖြင့် နှာခေါင်းစည်းကို မဖြစ်မနေတပ်ဆင်ခြင်း၊ ဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းတို့ရှိပါက သက်ဆိုင်ရာတာဝန်ရှိသူမှတဆင့် ကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြားခြင်း ဆောင်ရွက်ထားရမည်ဖြစ်သည်။
ယင်းအပြင် စက်ရုံ၊ အလုပ်ရုံအတွင်း ကျန်းမာရေးအသိပညာပေး အချက်အလက်များကို အသံချဲ့စက်ငယ်ဖြင့် နေ့စဉ်(၂)ကြိမ်ခန့် အသိပေးနှိုးဆော်ခြင်းကိုဆောင်ရွက်ရမည်။
နိုင်ငံတဝန်း စက်ရုံ၊ အလုပ်ရုံများစွာထဲမှ ဆေးဝါးထုတ်လုပ်သည့်စက်ရုံ၊ စားသောက်ကုန် ထုတ်လုပ်ရေးစက်ရုံများကို ဦးစားပေးသတ်မှတ်ကာ စတင်စစ်ဆေးသွားမည်ဖြစ်သည်။
ထို့ကဲ့သို့ စစ်ဆေးနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနပူးပေါင်း၍ သက်ဆိုင်ရာမြို့နယ်၊ စက်မှုဇုန်အလိုက် စစ်ဆေးခြင်းကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
The government has issued guidelines and safety requirements for factories and workplace to implement before they reopen in order to contain the spread of coronavirus and will inspect if they meet the requirements, according to the Ministry of Health and Sports.
The requirements include making sure soap and water available for workers to wash their hands, enforcing workers to wear masks if they have to work closely, and to contact the health authorities if an employee have frequent sneezing and coughing.
Moreover, the guidelines for personal protection must be announced with a loudspeaker in the factory twice a day.
The Ministry of Health and Sports, the Ministry of Labour, Immigration and Population, and healthcare experts will jointly inspect factories and workplaces.
They will firstly inspect pharmaceutical factories, and food processing plants as well as the factories, workshops, and workplaces, which meet the health requirements, and factories with over 1,000 to see they meet the requirement to reopen.