HomeBusinessစစ်ဆေးမှုပြုလုပ်နေစဉ် ကာလအတွင်း ဖွင့်လှစ်သည့် စက်ရုံ၊ အလုပ်ရုံများကို ဉပဒေအရ ချက်ချင်းအရေးယူ ဆောင်ရွက်မည်

စစ်ဆေးမှုပြုလုပ်နေစဉ် ကာလအတွင်း ဖွင့်လှစ်သည့် စက်ရုံ၊ အလုပ်ရုံများကို ဉပဒေအရ ချက်ချင်းအရေးယူ ဆောင်ရွက်မည်

သက်ဆိုင်ရာ ၀န်ကြီးဌာနများပူးပေါင်း၍ စက်ရုံ အလုပ်ရုံများကို ဧပြီလ ၂၀ရက်နေ့မှ စတင် စစ်ဆေးမှုပြုလုပ်နေလျက်ရှိသော်လည်း စစ်ဆေးမှုပြုလုပ်နေစဉ် ကာလအတွင်း ခွင့်ပြုချက်မရရှိဘဲ ဖွင့်လှစ်သည့် စက်ရုံ အလုပ်ရုံများကို ဉပဒေအရ ချက်ချက် အရေးယူဆောင်ရွက်သွားမည်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

စစ်ဆေးမှု ပြုလုပ်နေစဉ် ပိတ်ထားရန် ညွှန်ကြားချက် ထုတ်ပြန်ထားသော်လည်း မှော်ဘီမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့ရှိ အထည်ချုပ်စက်ရုံများမှာ ဖွင့်လှစ်ထားသည့်အတွက် ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဉပေဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စက်ရုံများစစ်ဆေးမှုကို ဧပြီလ ၂၀ရက်နေ့တွင် ပြုလုပ်ရန်အတွက် အစိုးရအနေဖြင့် ညွှန်ကြားချက်ထုတ်ပြန်ခြင်းကို ဧပြီလ၁၉ရက်နေ့မှသာ အချိန်ကပ်၍ ထုတ်ပြန်ခြင်းကြောင့် စက်ရုံ၊ အလုပ်ရုံများအနေဖြင့် လိုက်နာဆောင်ရွက်ရန် ပြင်ဆင်ချိန်နည်းခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

“နိုင်ငံတော်က ညွှန်ကြားချက်ထုတ်ထားတာဟာ အပျော်ထုတ်ခြင်းမဟုတ်ဘဲ လိုအပ်လို့ ညွှန်ကြားရခြင်းပါတယ်။ စက်ရုံတွေ ပိတ်ဖို့ ထုတ်ပြန်ချက်ကိုလည်း အချိန်ကပ်ပြီးမှ ထုတ်ပြန်လိုက်ရတဲ့အပေါ် တောင်းပန်ကြောင်းနဲ့ နောက်ဆိုရင် ညွှန်ကြားချက်တွေကို ကြိုတင်ပြီး ထုတ်ပြန်နိုင်အောင် ဆောင်ရွက်သွားမယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထပ်မံဖြည့်စွက် ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝှမ်း၌ ခွင့်ပြုချက်မရရှိဘဲ ဖွင့်လှစ်ထားသည့် စက်ရုံ အလုပ်ရုံပေါင်း ၁၃၃ရုံအထိရှိပြီး ယင်းစက်ရုံများတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားပေါင်း ၁၃၂၉၄၂ ဦး အလုပ်လုပ်ကိုင်နေလျက်ရှိကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ၀န်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ သိရသည်။

ထိုကဲ့သို့ လိုက်နာခြင်းမရှိဘဲ ဖွင့်လှစ်ထားသည့် စက်ရုံ ၁၃၃ရုံကို COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ အလုပ်သမား လူ၀င်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာနတို့အပါအ၀င် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရများထံသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

စက်ရုံ စစ်ဆေးမှုပြုလုပ်သည့် အချိန်မှစ၍ ဧပြီလ ၂၁ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ ၆၇ခုနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံ ၉ရုံတို့ကို စစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img