Myanmar received an average of $500 million a month in foreign direct investment during the first quarter of the new fiscal year, according to U Thant Sin Lwin, director general of the Directorate of Company Administration (DICA),
“Counting the FDI into Thilawa SEZ, the total is over $1.5 billion, meaning that the country received around $500 million per month in the first quarter,” he said.
From the start of the fiscal year on October 1 to January 10, total investment into the country totaled $1.47 billion, with $1.39 billion coming from 77 foreign direct investments and $6 million being additional investment into existing projects, according to DICA data.
Foreign investment into the Thilawa Special Economic Zone topped $76 million during the period.
The country targets $5.8 billion in FDI by the end of the fiscal year. The DICA chief is confident that the target will be met.
Total FDI during the first quarter surpassed the amount recorded during the year-earlier period by $300 million. Gains were also recorded in electricity production.
“We will not approve every investment proposal; only those that are responsible and unharmful to the environment will be,” U Than Sin Lwin said. “We have even rejected some of the investment proposals.”
The sectors that received the lion’s share of investment are electricity, industry, housing, hotel and tourism. The five biggest foreign investors are Hong Kong, Singapore, China, Korea and Thailand, respectively.
Myanmar Summary
translated by Min Thu Aung
လက်ရှိဘဏ္ဍာနှစ်အတွင်း တစ်လလျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသန်း(၅၀၀)ခန့်ဝင်ရောက်လျက်ရှိ
လက်ရှိ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်၏ သုံးလတာကာလအတွင်း တစ်လပျမ်းမျှ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု သန်း(၅၀၀)ခန့် ဝင်ရောက်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဆိုင်ရာညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးသန့်စင်လွင်က ပြောသည်။
“ လက်ရှိသီလဝါအထူးစီးပွားရေးဇုန်မှာ ဝင်ရောက်ထားတာပါ တွက်လိုက်ရင် ၁ ဒသမ ၅ ဘီလီယံ ကျော် ရောက်နေပြီဆိုတော့ တစ်လကို သန်း(၅၀၀)လောက် ဝင်နေတယ်လို့ တွက်လို့ရတယ်” ဟု ၎င်းက ဆိုသည်။
၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးနှစ် အောက်တိုဘာ(၁)ရက်မှ ဇန်နဝါရီ(၁၀)ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှု လုပ်ငန်း(၇၇) ခု ၊ အမေရိကန်ဒေါ်လာ(၁ဒသမ၃၉)ဘီလီယံကျော်ရှိပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်းကန်ဒေါ်လာ(၁ဒသမ၄၇)ဘီလီယံကျော်ထိ ဝင်ရောက်ထားကြောင်း အဆိုပါဌာန၏ စာရင်းများအရ သိရသည်။
ယခုဘဏ္ဍာနှစ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ(၅ဒသမ၈) ဘီလီယံ ဝင်ရောက်ရန်ခန့်မှန်းထားပြီး ဘဏ္ဍာနှစ်ကုန်ဆုံးပါက ယင်းလျာထားချက်ကို ပြည့်မီနိုင်မည်ဟု ၎င်းက ဆိုသည်။
လက်ရှိဝင်ရောက်ထားသောပမာဏသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလတူနှိုင်းယှဉ်ပါက သန်း(၃၀၀) ကျော်ပိုမိုဝင်ရောက်ခဲ့ပြီး လျှပ်စစ်ကဏ္ဍ၌ သိသိသာသာမြင့်တက်ခဲ့သည်။
“ လျာထားချက်ပြည့်မီဖို့အတွက် ဝင်လာသမျှအကုန်ခွင့်ပြုတာတော့ မဟုတ်ဘူး။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအတွက်တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့လုပ်ငန်းမျိုးတွေကို ဦးစားပေးပါတယ်။ တချို့လုပ်ငန်းမျိုးတွေဆို ကျနော်လက်မခံနိုင်လို့ ပယ်ချခဲ့ရတဲ့ဟာမျိုးတွေလဲရှိပါတယ်”၎င်းက ဖြည့်စွက်ပြောသည်။
ယခုနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကဏ္ဍတွင် လျှပ်စစ်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ အိမ်ရာအဆောက်အဦးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍမှ အဓိကဝင်ရောက်ခဲ့ပြီး နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဟောင်ကောင် ၊ စင်ကာပူ၊ တရုတ် ၊ ကိုရီးယား၊ ထိုင်းနိုင်ငံတို့မှ အစဉ်လိုက် ရပ်တည်နေသည်။