Foreign direct investment inflow into Myanmar performs better than some of the neighboring countries, Daw Aung San Suu Kyi, the State Counsellor of Myanmar and Chairperson of National Committee for Coronavirus Disease 2019 Prevention, Control and Treatment.
“When it comes to foreign investment, our country’s FDI inflow performs better than some of the neighboring countries because we, back in 2016, set a goal for FDI into the country and have met 98 percent of it this year,” she added.
Myanmar has seen increased foreign and local investment in September 2020, according to investment data for August and September from Myanmar Investment Commission.
In August, the commission approved $40.992 million foreign direct investments while the approved investment in September reached $507.159 million.
“Even amid the COVID-19 pandemic, we only fall short by 2 percent from the target. From the bright, we have two more months till the end of the year and we may be able to meet the target. Even if not, 98 percent indicates we managed to maintain the success,” she said.
When saying Myanmar perform better than some neighboring countries, she is not trying to disrespect, Daw Aung San Suu Kyi cautioned, instead just trying to simply explain people.
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများထက်အခြေအနေကောင်း မွန်နေဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အောက်တိုဘာလ ၂၆ရက်နေ့ ညပိုင်းတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနောက်ဆုံးအခြေအနေ နှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြ သည့် မိန့်ခွန်းတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နဲ့ပတ်သက်ပြီးကျွန်မတို့ နိုင်ငံရဲ့ အခြေအနေဟာ တချို့အိမ်နီးချင်း နိုင်ငံ တွေနဲ့စာရင် အခြေအနေဟာ ကောင်းတယ်လို့ ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အခု အချိန် မှာ ၂၀၁၆ခုနှစ်ကတည်းက ချမှတ်ထားတဲ့ ရည်ရွယ်ချက် ဘယ်လောက်အဆင့်အထိ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေရအောင် လုပ်မယ် ဆိုပြီးတော့ ရည်ရွယ်တဲ့ စီမံကိန်းတွေချထားတာ ကိန်းဂဏန်းနဲ့ဆိုရင် အခုဒီနှစ်မှာဆိုရင် ၉၈ရာခိုင်နှုန်း ပြည့်စုံပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ထုတ်ပြန် ချက် များအရ၂၀၂၀ပြည်နှစ် သြဂုတ်လအတွင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း တန်ဖိုး အမေရိကန် ဒေါ်လာ ၄၀.၉၉၂သန်းရှိခဲ့ပြီး ၂၀၂၀ပြည့်နှစ် စက်တင်ဘာလအတွင်း၌ ရင်းနှီး မြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၅၀၇.၁၅၉သန်းခွင့်ပြုဆောင်ရွက်ပေးခဲ့သောကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာ ကြောင်း သိရသည်။
“ဒီလို ကိုဗစ်ရောဂါဖြစ်တာတောင်မှ ကျွန်မတို့ ရည်မှန်းချက်ပန်းတိုင်နဲ့စာရင် ၂ရာခိုင်နှုန်းပဲ လျော့တယ်လို့ပြောလို့ရပါတယ်။ အဲ့ဒါကိုပိုပြီး အကောင်းဘက်က ကြည့်မယ်ဆိုရင် နောက် ၂လတောင် ကျန်ပါသေးတယ်။ နောက် ၂လ အတွင်းမှာ ဒီ ၂ ရာခိုင်နှုန်းလည်း ပြည့်ချင်ပြည့် သွား နိုင်တာပေါ့။ မပြည့်ဘူးဆိုရင်တောင် ဒီလိုအချိန်မျိုးမှာ ၉၈ရာခိုင်နှုန်းအထိ အောင်မြင်တယ်ဆိုတာ အခြေအနေကို ထိန်းသိမ်းတဲ့နေရာမှာ မဆိုးဘူးလို့ ပြောရမှာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။
ထို့အပြင် ထိုသို့ပြောဆိုနေခြင်းမှာ အိမ်နီးချင်း နိုင်ငံများကို မလေးမစားပြောဆိုခြင်းမဟုတ်ဘဲ ပြည်သူများ နားလည်အောင် ပြောခြင်းသာ ဖြစ်ကြောင်း အတိုင်ပင်ခံက ပြောကြားသွား သည်။