HomeBusinessFDI surpasses $5 billion; yet to meet the FDI target

FDI surpasses $5 billion; yet to meet the FDI target

 အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်
Myanmar Investment Commission has approved over $ 5.15 billion of foreign direct investment as of September 4 since the beginning of the 2019-2020 fiscal year.

Over $3.94 billion came from 234 investment proposals while the rest came from investment expansion from the existing foreign investments.

As for local investment, the commission has approved over $412.2 million and K1,851 billion while $266.27 million and K1,506 billion came from 123 new investments and the rest from investment expansion.

Under the Special Economic Zone Law, the country also approved $160.787 million in investments into the special economic zones.

The Myanmar Investment Commission has set the target foreign direct investment at $5.8 billion this fiscal year, which will end by the end of September.

U Thaung Tun, Union Minister of the Ministry of Investment and Foreign Economic Relations, who is also the president of MIC, said earlier that Myanmar is trying to meet the foreign direct investment target for this fiscal year.


၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်အစမှ စက်တင်ဘာလ ၄ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပေါင်း အမေရိကန်ဒေါ်လာ ၅ဒသမ၁၅ ဘီလီယံ အတည်ပြုပေးခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှသိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုများထဲမှာ အမေရိကန်ဒေါ်လာ ၃ဒသမ၉၄ ဘီလီယံကျော်မှာ ရင်းနှီးမြှုပ်နှံမှုအသစ် ၂၃၄ ခုမှ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ကျန်ပမာဏမှာ လက်ရှိ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ခြင်းမှ ရရှိခြင်းကြောင်း သိရသည်။

နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၁၂ဒသမ၂ သန်းနှင့် ကျပ် ၁၈၅၁ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမှုရှိခဲ့ကြောင်း သိရသည်။ ယင်းအနက် ရင်းနှီးမြှုပ်နှံမှု အသစ် ၁၂၃မှ အမေရိကန်ဒေါ်လာ ၂၆၆ဒသမ၂၇ သန်းနှင့် ကျပ် ၁၅၀၆ ဘီလီယံ ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ သိရသည်။

အထူးစီးပွားရေးဇုန်ဥပဒေအရ အထူးစီးပွားရေးဇုန်များထဲသို့ အမေရိကန်ဒေါ်လာ ၁၆၀ဒသမ ၇၈၇ သန်း ဝင်ရောက်ခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ယခုနှစ် ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅ဒသမ၈ ဘီလီယံ ရရှိရန် မျှော်မှန်းထားသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img