BEIJING
U.S. companies operating in China were having an increasingly tough time last year as slowing economic growth and trade tensions squeezed profits before the coronavirus outbreak added to their concerns, a business survey showed on March 10.
Over a fifth of the 372 members of the American Chamber of Commerce who answered the survey saw a drop in revenue in 2019, compared with 7 percent in 2017.
Just over 60 percent described their operations as profitable, the lowest proportion in almost two decades, according to the survey, which was conducted last year.
“The fight against COVID-19, ongoing bilateral negotiations, and a slowing Chinese economy make for challenging business conditions,” said Greg Gilligan, the chairman of the chamber, in a statement released with the survey.
The United States and China signed a Phase 1 trade deal in January, easing tensions in a protracted trade war between the world’s two biggest economies, but hopes of a quick economic recovery have been dashed by the coronavirus outbreak.
The outbreak began in the central Chinese city of Wuhan late last year, causing massive disruptions to business operations, supply chains and economic activity.
Over a third of respondents said they were delaying or might reduce their investments in China in 2020. Nearly a quarter of companies said they did not expect their markets to grow this year.
Some 10 percent of respondents to an earlier February survey by the chamber said they were losing at least half a million yuan ($71,989) a day from the virus disruptions.
“Our member companies are in varying stages of resumption of productivity. So operations are mostly north of, say, 50 percent in capacity. Some are as high as 80 percent. This is somewhat anecdotal,” Gilligan told a news conference on March 10.
တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးသော စီးပွားရေး အခြေအနေများ၊ ကုန်သွယ်ရေးတင်းမာမှုများကြောင့် အမြတ်အစါန်းရရှိမှု နည်းပါးနေသည့်အပြင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှုများက အခြေအနေကို ပိုမိုဆိုးရွားစေရာ တရုတ်နိုင်ငံရှိ အမေရိကန် ကုမ္ပဏီများအနေဖြင့် ယခုနှစ်တွင် အခက်ပိုကြုံရနိုင်ကြောင်း စီးပွားရေး စစ်တမ်းတစ်ခုက ဆိုသည်။
အစိုပါ စစ်တမ်းကို ဖြေကြားခဲ့သော အမေရိကန် ကုန်သည်ကြီးများ အဖွဲ့မှ အဖွဲ့ဝင်၃၇၂ ဦး၏ ပါးပုံတစ်ပုံက ၂၀၁၉ ခုနှစ်တွင် ဝင်ငွေ ကျဆင်းမှုကို တွေ့မြင်ခဲ့ရကြောင်း ဖြေကြားခဲ့သည်။ ၂၀၁၇ ခုနှစ်တွင်တော့ ၇ ရာခိုင်နှုန်းသာ ရှိခဲ့သည်။
၆၀ ရာခိုင်နှုန်းသော လုပ်ငန်းများကသာလျှင် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းက အမြတ်အစွန်းများ ရရှိနေသည်ဟု ဖြေကြားခဲ့သည်။ အဆိုပါ ရာခိုင်နှုန်းမှာ ဆယ်စုနှစ် နှစ်စုအတွင်း အနိမ့်ဆုံး ရာခိုင်နှုန်းလည်းဖြစ်သည်။
“Covid-19 ရောဂါပို တိုက်ဖျက်နေရခြင်း၊ နှစ်နိုင်ငံအကြား ဆက်လက်ဆွေးနွေးမှုတွေ၊ တရုတ်နိုင်ငံရဲ့ စီးပွားရေး နှေးကွေးလာတွေဟာ စီ။းပွားရေးလုပ်ငန်းတွေအတွက် စိန်ခေါ်မှုရှိတဲ့ အခြေအနေတွေပါပဲ” ဟု အမေရိကန် ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ Greg Gilligan က ပြောသည်။
အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှာ ဇန်နဝါရီလအတွင်းတွင် ကုန်သွယ်ရေးသဘောတူစာချုပ်၏ အဆင့်တစ်ကို လက်မှတ်ရေးထိုးခဲ့ရာ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးသော နိုင်ငံကြီး နှစ်ခုအကြားက တင်းမာမှု လျော့ကျလာခဲ့သည်။ သို့သော် စီးပွားရေးပြန်လည် ဦးမော့လာမည်ဟူသော မျှော်လင့်ချက်များက ကိုရိုနာဗိုင်းရပ်စ်ကြောင့် စုံးစုံးမြုပ်သွားခဲ့သည်။
ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုသည် စီးပွားရေးလုပ်ငန်းများ၊ ကုန်စည်စီးဆင်းမှုများ၊ စီးပွားရေးဆောင်ရွက်မှုများအတွက် များစွာ ထိခိုက်နစ်နာမှုများ ပေါ်ပေါက်စေခဲ့သည်။
စစ်တမ်းတွင် ဝင်ရောက်ဖြေဆိုခဲ့သော လုပ်ငန်းများအနက် သုံးပုံတစ်ပုံမှာ ၂၀၂၀ ခုနှစ်တွင် တရုတ်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများကို အချိန် နောက်ဆုတ်ခြင်း၊ ပမာဏလျှော့ချခြင်းများပြုလုပ်မည်ဟု ဆိုကြသည်။
ဖေဖော်ဝါရီလ စစ်တမ်းတွင် ဖြေဆိုခဲ့ကြသူများအနက် ၁၀ ရာခိုင်နှုန်းကတော့၎င်းတို့မှာ ဗိုင်းရပ်စ်ကြောင့် တစ်နေ့လျှင် ယွမ်တစ်သန်းခန့် အရှုံးပေါ်နေသည်ဟု ဆိုကြသည်။
“ကျွန်တော်တို့အဖွဲ့ဝင်တွေဟာ ကုန်ထုတ်လုပ်မှုရယ် ကဏ္ဍပေါင်းများစွာမှာ ရှိနေပါတယ်။ ဒီတော့ လုပ်ငန်းလည်ပတ်မှုတွေဟာ ၅၀ ရာခိုင်နှုန်းရဲ့ အထက်မှာ တချို့ကတော့ ၈၀ ရာခိုင်နှုန်းမှာရှိတယ်။ ဒါဟာလည်း နည်းနည်း သက်သာရာရစေတာပေါ့” ဟု Gilliganက ပြောသည်။