Fintech Challenge Aims to Drive Financial Inclusion

0
219

Private-sector development program DaNa Facility announced a call for applications to the Fintech Challenge Myanmar 2020 on January 21.
The aim of the challenge is to foster fintech solutions that can improve the quality and quantity of financial services to the underserved and unbanked.
DaNa Facility organizes the event in collaboration with the United Nations Capital Development Fund and the Asian Development Bank’s ADB Ventures as well as with financial support from UK Aid and in cooperation with the Central Bank of Myanmar and the Financial Regulatory Department.
“There is a revolution underway in financial services around the world, and Myanmar is going to soon be feeling the effects of disruptive new technologies on the financial services industry,” said Tom Moyes, DaNa Facility’s senior Access to Finance advisor.
“What UK Aid is most interested in – and keenly focused on – is fintech for financial inclusion,” said Tom Coward, team leader of UK Aid Myanmar’s Inclusive and Livelihoods Team. “The Fintech Challenge Myanmar has that laser focus on financial inclusion that is needed in Myanmar.”
Interested fintech companies may begin applying immediately via the website: http://fintech.danafacility.com/. Further program details, timelines and updates will be announced on the website.
Successful applicants will participate in a two-month period of collaboration and mentoring with a financial institution in order to fine-tune and adapt their fintech solution to the reality of the Myanmar market.
They will present their capabilities to a panel of financial industry players, financial experts and investors in a competitive “Initial Pitch Session”.
The best challenge candidates will demonstrate their products and services at the Myanmar Fintech Day scheduled for June 2020.


Myanmar Summary

ငွေရေးကြေးရေးဝန်ဆောင်မှုများမြှင့်တင်ရန် နည်းပညာပိုင်းဆိုင်ရာFintech ပြိုင်ပွဲကျင်းပမည်

မြန်မာနိုင်ငံတွင် အများနှင့်ဆိုင်သည့်ငွေရေးကြေးရေးဝန်ဆောင်မှုများမြှင့်တင်ရန်၊ တီထွင်ဆန်းသစ်မှုများ အား ကောင်းလာစေရန် ငွေရေးကြေးရေးနည်းပညာပိုင်းဆိုင်ရာ Fintech ပြိုင်ပွဲတစ်ရပ်ကို ကျင်းပသွားမည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို UK aid ၏ ဘဏ္ဍာရေးပံ့ပိုးမှု၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်(CBM)နှင့် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန(MOPFI)မှ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ အနီးကပ်လမ်းညွှန်မှုဖြင့် Fintech Challenge Myanmar(2020) ပြိုင်ပွဲကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။

DaNa Facility က ကုလသမဂ္ဂရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့(UNCDF)၊ အာရှဖွံ့ဖြိုးရေးဘဏ်(ADB Ventures)အဖွဲ့အစည်းတို့နှင့် ပူးပေါင်း၍ ဇန်နဝါရီ ၂၁ ရက်တွင် အဆိုပါပြိုင်ပွဲကို စတင်ဖိတ်ခေါ်ခဲ့သည်။

“ ကမ္ဘာအနှံ့က ငွေရေးကြေးရေးဝန်ဆောင်မှုတွေ လုံးလုံးလျားလျားပြောင်းလဲလာမှုတွေ ရှိနေပါတယ်။ ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းမှာ ထိုးဖောက်ဝင်ရောက်လာတဲ့ နည်းပညာသစ်တွေရဲ့ အကျိုးဆက်ကို မြန်မာနိုင်ငံက မကြာမီခံစားလာရမှာဖြစ်ပါတယ် ” ဟု DaNa Facility အကြီးစားဘဏ္ဍာရေးအကြံပေး Tom Moyesက ပြောသည်။

Fintech Challenge Myanmar(2020)ပြိုင်ပွဲ၏ အဓိကရည်ရွယ်ချက်မှာ ဝန်ဆောင်မှုမရရှိသေးသော၊ ဘဏ်လုပ်ငန်းလက်လှမ်းမမီသေးသော နေရာများတွင် အရည်အသွေးပြည့်ဝပြီး အရေအတွက်လုံလောက်သော ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ အကောင်အထည်ဖော်ရန် Fintech ဖြေရှင်းနည်းများ ရှာဖွေ ဖော်ထုတ်ပေးရန် ဖြစ်သည်။

“ UK aid အနေနဲ့ စိတ်အဝင်စားဆုံးနဲ့ ဦးစားအပေးဆုံးက အများနဲ့အကျုံးဝင်တဲ့ ငွေရေးကြေးရေးပါပဲ။ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ အများနဲ့အကျုံးဝင်တဲ့ ငွေကြေးဝန်ဆောင်မှုတွေရရှိဖို့အတွက် Fintech မြန်မာ ပြိုင်ပွဲက အထူးအလေးပေးဆောင်ရွက်နေပါတယ် ” ဟု UK aidမြန်မာ၏ Inclusive and Livelihoods အဖွဲ့ခေါင်းဆောင်ဖြစ်သူ Tom Coward က ပြောသည်။

ဝင်ရောက်ယှဉ်ပြိုင်သူများသည် ၎င်းတို့၏ Fintech ဖြေရှင်းနည်းများကို ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခု နှင့်အတူ နှစ်လအကြာပူးပေါင်းဆောင်ရွက်ရမည်။ စိတ်ပါဝင်စားသော Fintech ကုမ္ပဏီများအနေဖြင့် FCM  ၂၀၂၀ ပြိုင်ပွဲ ဝက်ဘ်ဆိုက်   http://fintech.danafacility.com/. မှတဆင့် စတင်လျှောက်ထားနိုင်ပြီး အကဲဖြတ်အဖွဲ့ထံသို့၎င်းတို့၏ စွမ်းဆောင်ရည်များကို တင်ပြရမည်ဖြစ်သည်။

Fintech ပြိုင်ပွဲဝင်များသည် ယှဉ်ပြိုင်မှုများသော ကနဦး “Pitch Session”တွင်ပါဝင်ရမည်ဖြစ်ပြီး လုပ်ငန်းတွင်အဓိကပါဝင်သူများ၊ ငွေရေးကြေးရေးဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် ရင်းနှီးမြုပ်နှံသူများ ပါဝင်သည့် အကဲဖြတ်အဖွဲ့ထံသို့ ၎င်းတို့၏စွမ်းရည်များကိုတင်ပြရမည်ဟု ထုတ်ပြန်ထားသည်။

ယင်းနောက် အကောင်းဆုံး Fintech ဖြေရှင်းပေးနိုင်သူသည် ၂၀၂၀ ဇွန်လ၌ ကျင်းပမည့် Myanmar Fintech Day တွင် ၎င်းတို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ဝင်ရောက်ပြသနိုင်မည့် အခွင့်အလမ်းရရှိမည် ဖြစ်သည်။

SOURCEZin Thu Tun/Myanmar Business Today
Previous articleNTT Myanmar Gears Up to Offer ICT Enterprise Solutions
Next articleHow Tech Taxes Became the World’s Hottest Economic Debate