Myo Sandar/Myanmar Business Today
First Private Bank, the only listed bank in Myanmar, will take on foreign partners, which by law can own up to 35 percent of its shares, the bank revealed at its November 24 annual general shareholders’ meeting. It has not yet named any potential partner.
The meeting resolved to sell up to 35 percent of shares listed on the Yangon Stock Exchange.
Three new directors were appointed, namely U Tun Sai, U Myint Lwin and U Htin Aung Kyaw Oo, following the resignation of Daw Hla Hla Yi and dismissal of U Phyo Hla Wai from the board.
Dividend payment of K2,500 per share for a total of over K6.18 billion was approved for the 18-month period from April 2018 to September 2019.
Myanmar Summary
ပထမပုဂ္ဂလိကဘဏ်၏ ၃၅ ရာခိုင်နှုန်းကို နိုင်ငံခြားဘဏ်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည်
ပထမပုဂ္ဂလိကဘဏ် (FPB) ၏ ခွင့်ပြုမတည်ငွေရင်း၏ ၃၅ ရာခိုင်နှုန်းကို နိုင်ငံခြားဘဏ်နှင့် အကျိုးတူရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၄ ရက်တွင်ကျင်းပသည့် (၂၈) ကြိမ်မြောက်နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။ မည်သည့်ဘဏ်ဆိုသည်ကို ထုတ်ပြောခဲ့ခြင်းမရှိပေ။
ထို့ပြင် စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်သည့် ပထမပုဂ္ဂလိကဘဏ်သည့် အစုရှယ်ယာ၏ ၃၅ ရာခိုင်နှုန်းကို နိုင်ငံခြားသားများကို ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ယင်းပြင် ပထမပုဂ္ဂလိကဘဏ်၏ ခွင်ပြုမတည်ငွေရင်း၏ (၅၀)ရာခိုင်နှုန်းကို နိုင်ငံခြားဘဏ်ပြည်ပငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် နိုင်ငံခြားသားများကို သင့်တော်သည့်အကျိုးတူရင်းနှီးမြုပ်နှံခွင့်ပြုရန် ဒါရိုက်တာအဖွဲ့မှ ဆုံးဖြတ်ခဲ့သည်။
အဆိုပါ နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် ဦးထွန်းဆိုင် ၊ဦးမြင့်လွင်နှင့် ဦးထင်အောင်ကျော်ဦးတို့ကို ဒါရိုက်တာများအဖြစ်ရွေးချယ်ခဲ့ပြီး ယခင်ဒါရိုက်တာများဖြစ်သည့် ဒေါ်လှလှရီအား နှုတ်ထွက်ခွင့်ပေးခဲ့ပြီး ဒါရိုက်တာအဖွဲ့ဝင် ဦးဖြိုးလှဝေအား ဒါရိုက်တာအဖွဲ့မှ ထုတ်ပယ်ခဲ့ကြောင်း သိရသည်။
ပထမပုဂ္ဂလိကဘဏ်၏ ဒါရိုက်တာအဖွဲ့ကို ဒါရိုက်တာအဖွဲ့ဝင် ၁၂ ဦး၊ သီးခြားလွှတ်လပ်သည့် ဒါရိုက်တာ ၂ ဦး၊ အမှုဆောင်အရာရှိချုပ် (၁) ဦး စုစုပေါင်း ၁၅ ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပထမပုဂ္ဂလိကဘဏ်၏ ပြင်ပစာရင်းစစ်အဖြစ် Sein Win & Associate အားအဆိုပါ အစည်းအဝေးတွင် ခန့်အပ်ခဲ့သည်။
၂၀၁၈ ခုနှစ် ဧပြီလမှ ၂၀၁၉ စက်တင်ဘာလအထိ ၁၈ လအတွင်း အစုရှယ်ယာတစ်စုလျှင် အမြတ်ငွေ ကျပ် ၂၅၀၀ ခွဲဝေပေးခဲ့ပြီး အစုရှယ်ယာ စုစုပေါင်း (၂၅၇၂၀၅၃) စုအတွက် ကျပ် ၆၁၈၀ ဒသမ ၁၃ သန်းခွဲဝေပေးခဲ့ကြောင်း သိရသည်။