
Yangon’s first virtual-reality game center, Virtual Reality Zone, opened at Central Boulevard on Gabaraye Road on February 10.
The game center is divided into four zones and equipped with 1080p AMOLED displays with 2160×1200 resolution.
“We will add innovative ideas to create the most relaxing and recreational public space with the aim of developing the Central as the best and most high-end mixed-use project not only in Myanmar but also in the region,” the company said.
Players can choose from 22 different types of games in the rider, horror, trip and kids genres. At present, the center houses a VR rider zone, two VR shooting rooms and a zone dedicated to Evil: Haunted Table, with more zones to be added in the near future.
Offering 360-degree views, VR games give players the sensation that everything is happening directly in front of them.
VR ဂိမ်းစင်တာ The Central Boulevard တွင် ဖွင့်
မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ပုံရိပ်ယောင်နည်းပညာ အသုံးပြု ဂိမ်းစင်တာ Virtual Reality (VR) Zone ကို The Central Boulevard တွင် ဖေဖော်ဝါရီ ၁၀ ရက်တွင် ဖွင့်လှစ်ခဲ့သည်။
အဆင့်မြင့် နည်းပညာများ၊ ဒီဇိုင်းများ အသုံးပြုထားသည့် VR Zone တွင် ရှိသည့် ဂိမ်းများသည် လာရောက် ဆော့ကစားသူများကို ပြင်ပတွင် အမှန်တကယ် ဖြစ်ပေါ်နေသကဲ့သို့ ထင်မှတ်ရစေမည့် ခံစားချက်ကို ၃၆၀ ဒီဂရီ ပေးစွမ်းနိုင်မည် ဖြစ်သည့်အတွက် အံ့အားသင့်ဖွယ် ဂိမ်းကစားမှု အတွေ့အကြုံများအား ရရှိခံစား သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
The Central Boulevard တွင် တည်ရှိသည့် ဤ ဂိမ်းစင်တာ အသစ်တွင် ဇုန် ၄ ခု ပါရှိမည် ဖြစ်ပြီး အရည်အသွေး အမြင့်မားဆုံးသော 1080 AMOLED, 2160 x 1200 pixels resolution အဆင့်ရှိ ခေါင်းစွပ်များဖြင့် ဆော့ကစားရမည် ဖြစ်သည့်အတွက် ပြင်ပတွင် အမှန်တကယ် ဖြစ်ပျက်နေသကဲ့သို့ ခံစားချက် ရရှိစေမည် ဖြစ်သည်။
“ ကျွန်တော်တို့ အနေနဲ့ The Central စီမံကိန်းကို မြန်မာနိုင်ငံမှာသာမက ဒေသတွင်းမှာပါ အကောင်းမွန်ဆုံး၊ အဆင့်အမြင့်မားဆုံး ဘက်စုံသုံး စီမံကိန်းတစ်ခုအဖြစ် တည်ဆောက်သွား မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အညီ စိတ်အပန်းပြေမှု အပြည့်အဝ ရရှိစေမယ့် အများပြည်သူ အပန်းဖြေနေရာ တစ်ခု ဖြစ်လာ စေဖို့ အဆင့်အမြင့်ဆုံး၊ အဆန်းသစ်ဆုံး အိုင်ဒီယာတွေကို ထည့်သွင်းတည်ဆောက်သွားမှာ ဖြစ်ပါတယ် ” ဟု VR Zone ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆော့ကစားမည့် သူများအနေဖြင့် ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းများ၊ လှုပ်ရှားသည့် ထိုင်ခုံများဖြင့် ဆော့ကစားရမည့် Rider, Horror, Trip နှင့် Kids အစရှိသော ဂိမ်းအမျိုးအစားပေါင်း ၂၂ မျိုးအထိ ဆော့ကစားနိုင်မည်ဖြစ်သည်။
လက်ရှိတွင် လာရောက်ကစားသူများ အနေနှင့် VR Rider, VR Shooting (၂ ခန်း) နှင့် The Evil: Haunted Table အစရှိသည့် ဂိမ်းဇုန်များတွင် ဝင်ရောက်ဆော့ကစားနိုင်မည်ဖြစ်ပြီး အခြားသော ဂိမ်းများကိုလည်း နောက်ပိုင်းတွင် ထပ်မံထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။