Fishery Exports to China Halted by Virus

0
168

Myanmar’s fishery exports to China, which account for 60 percent of the country’s total fishery exports, have been halted by the coronavirus that first broke out in the Chinese city of Wuhan in December.
Fears of the virus’ spread led the two countries to shut down border trade posts as well as maritime trade channels, causing an abrupt stop to fishery product shipments. The development could cause a series of problems for Myanmar’s fishery sector.
U Tun Aye, president of Myanmar Fishery Product Processors and Exporters Association, voiced the need to seek new markets for local fishery products at a February 11 meeting.
“Our buyers from China, once they returned home, cannot come back to buy goods. So far as we know, only a single person in a family there is allowed to go out and buy food. So we don’t know what will happen next,” he said.
Domestic prices of fishery products have not dropped so far due to reduced supply in the market. Had the supply of wild-caught and farm-raised fishery products increased, prices could have fallen drastically owing to cold storage facilities being unable to handle excess supply. Myanmar, stakeholders have pointed out, need to build more cold storage facilities and seek new markets for its fishery products.
The majority of Myanmar fishery products go to China, EU, Japan, United States, Saudi Arabia and Qatar.
At present, up to 20 fishery processing plants in Myanmar are certified to export to the EU.
During fiscal 2019, the country earned over $732 million from fishery product exports, the highest amount since 2011. In the first two months of fiscal 2020, it exported $178 million worth of fishery products.

မြန်မာ့ရေထွက်ကုန်တင်ပို့မှု၏ ၆၀ ရာခိုင်နှုန်းခန့်ရှိသည့် တရုတ်နိုင်ငံသို့ရေထွက်ကုန်တင်ပို့မှုသည် လတ်တလောတွင် ရပ်ဆိုင်း နေကြောင်း သိရသည်။

တရုတ်နိုင်ငံအတွင်း ဝူဟန် ဗိုင်းရပ်စ်ကူးစက်ရောဂါ ဖြစ်ပွားပြီးနောက် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကုန်သွယ်မှုများ ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုများကို ပိတ်ပင်ထားပြီးသည့် နောက်ပိုင်းမှ စတင်ကာ မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့မှုများလည်း ရပ်ဆိုင်းလျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံမှသာ ဈေးကွက်ပျောက်ဆုံးသွားပါက မြန်မာ့ရေလုပ်ငန်း ကဏ္ဍတွင် အခက်အခဲများစွာ ဖြစ်ပေါ်လာနိုင်မည်ဖြစ်သည်။ ထို့ကြောင့် လက်ရှိ အခြေများကို ကြည့်ပြီး ဈေးကွက်အသစ်များ ထပ်မံရှာဖွေရန်လိုအပ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးထွန်းအေး ဖေဖေါ်ဝါရီ ၁၁ ရက်နေ့တွင် ပြုလုပ်သည့် ငါးလုပ်ငန်းအစည်းဝေးတွင် ပြောသည်။

“တရုတ်ပြည်က ကျွန်တော်တို့ဆီမှာ ကုန်ဝယ်နေတဲ့ သူတွေ တရုတ်ကိုပြန်သွားတဲ့ အခါ အခုထိ ပြန်လာလို့လည်းမရတော့ဘူး သူတို့ဆီမှာ အပြင်မထွက်ရဘူး ။ တစ်ပတ်ကို တစ်အိမ်ကို တစ်ယောက်ကိုပဲ ထွက်ခွင့်ပေးပြီး အစားသောက်ဝယ်ခွင့်ပေးနေတယ်လို့ သိရတယ်။ ဒါကြောင့် လာဝယ်တဲ့ သူတွေကို မေးကြည့်တော့ ရှေ့ဆက်ဘာတွေဖြစ်လာမလဲ မသိသေးဘူးဖြစ်နေတယ”ဟု ၎င်းကပြောသည်။

လတ်တလောတွင် ပြည်တွင်း၌ ငါးဈေးနှုန်းများ ကျဆင်းခြင်းမရှိဘဲ တည်ငြိမ်နေခြင်းမှာ ငါးကုန်ကြမ်းနည်းပါးနေခြင်းကြောင့်ဖြစ်ပြီး ပင်လယ်ပြင်ငါးဖမ်းဆီးရမိမှုများ ပိုမိုများပြားလာခြင်း မွေးမြူရေးငါးများ ဈေးကွက်အတွင်း ပိုမိုဝင်ရောက်လာခြင်းများ ဖြစ်ပေါ်ခဲ့ပါက ပြည်တွင်း၌ အအေးခန်းသိုလှောင်ရန် အခက်အခဲများဖြစ်ပေါ်လာကာ ဈေးနှုန်းများ ကျဆင်းကာ ငါးဈေးကွက်များ ပျက်စီးဆုံးရှုံးမူများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။ ထို့ကြောင့် ယခုအချိန်မှ စတင်၍ အစိုးရဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ ဈေးကွက်ရှာဖွေခြင်းများ အအေးခန်း သိုလှောင်ရုံများ တည်ဆောက်ခြင်းများ ပြုလုပ်သွားရန် လိုအပ်နေပြီဖြစ်သည်။

မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို အဓိက တင်ပို့နေရသည့် နိုင်ငံများမှာ တရုတ်နိုင်ငံ ၊ ဥရောပ သမဂ္ဂနိုင်ငံ ၊ ဂျပန်နိုင်ငံနှင့် အမေရိကန် နိုင်ငံတို့ ဖြစ်ပြီး ရေချိုငါးများ တင်ပို့မှုများအဖြစ် အရှေ့အလယ်ပိုင်း နိုင်ငံများဖြစ်သော ဆော်ဒီအာရေဗျ နိုင်ငံ နှင့် ကာတာ နိုင်ငံ တို့ဖြစ်သည်။

လက်ရှိတွင် ဥရောပ သမဂ္ဂ နိုင်ငံ (EU) သို့ ရေထွက်ကုန်ပစ္စည်းတင်ပို့ခွင့်ရရှိနေသည့် အအေးခန်းစက်ရုံပေါင်း (၂၀) ရှိနေပြီး တရုတ်ဈေးကွက်ပျောက်ဆုံးသွားပါက အအေးခန်းစက်ရုံများကို အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

ယခင်ဘဏ္ဍာရေးနှစ်တွင် ရေထွက်ကုန်တင်ပို့မှုကန်ဒေါ်လာ ၇၃၂ သန်းကျော်ဖိုး တင်ပို့ခဲ့ပြီး ယင်းတင်ပို့မှုသည် ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် အများဆုံးတင်ပို့မှုလည်းဖြစ်သည်။ လက်ရှိဘဏ္ဍာနှစ် နိုဝင်လာလအထိ ကန်ဒေါ်လာ ၁၇၈ သန်းဖိုး ရေထွက်ကုန်တင်ပို့တင်ပို့ထားပြီးဖြစ်သည်။