Fishery Exports to China Unaffected by Coronavirus

0
186

by Tin Mg Oo

Myanmar’s fishery exports to China have not suffered from the coronavirus outbreak as traders have kept business going by connecting with each other after trade volume went flat in early February.
“When the outbreak caused trouble to trade flow, we kept trade going as much as we could as we have cold storage facilities on both sides of the border,” U Myint Than, head of the Department of Quality Control under the Fishery Department, said on March 10.
Myanmar exported more than 8,749 tons of fishery products through Muse border trade post in February, generating $8.828 million in revenue, a $0.782 million increase compared to the same month last year.
From March 1-8, the country exported over 4,000 tons of fishery products worth $3.912 million.
In contrast to the export increase through Muse trade post, the volume of export through Chin Shwe Haw border trade post has dropped significantly, U Myint Than noted.
In the first four month of this fiscal year, the country made $2.1 billion from exporting fishery products, a $145 million increase from the year-earlier period. Trade through Lel Jel and Chin Shwe Haw border trade posts dropped by $21 million and $28 million, respectively, while volume of trade through Kanpaikte border trade post surged by $150 million compared to the same period a year earlier.

Myanmar Summary

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေသည့် ကာလအ တွင်း မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများ တရုတ်သို့တင်ပို့မှုကို လုံးဝရပ်တန့်လိုက်ခြင်း မရှိဘဲ ကုန်သည်များ အချင်းချင်း ချိတ်ဆက် ကာ တင်ပို့လျက်ရှိကြောင်း သိရသည်။
ဖေဖော်ဝါရီလဆန်းပိုင်းတွင် မူဆယ်ကုန် သွယ်စခန်းမှ ပို့ကုန်ကျဆင်းသွားပြီး လလယ် ပိုင်းတွင် တရုတ်နိုင်ငံမှကုန်သည်များနှင့် ချိတ်ဆက်ပြီး ပုံမှန်တင်ပို့နိုင်ရေးဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ တစ်လအတွင်း မူဆယ်နယ်စပ် ကုန်သွယ်ရေးမှတဆင့် ရေထွက်ပစ္စည်း တန် ချိန် ၈၇၄၉ ဒသမ ၈၅၇ တန်ချိန်နှင့် အမေရိ ကန်ဒေါ်လာ ၈ ဒသမ ၈၂၈ သန်း တင်ပို့ခဲ့ပြီး ယခင်နှစ် ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်ပါက တန်ချိန်အားဖြင့် ၂၂၇၅ ဒသမ ၆၈၁ တန်ပိုမို တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ဝ ဒသမ ၇၈၂ သန်း ပိုမိုခဲ့ကြောင်း ¤င်းက ပြောသည်။
ထို့ပြင် ရောဂါကူးစက်မှုများဖြစ်ပွားနေဆဲ ကာလ မတ် ၁ ရက်မှ ၈ ရက်နေ့အထိ မြန်မာ နိုင်ငံမှ ရေထွက်ကုန်ပစ္စည်း တန်ချိန် ၄ဝဝဝ ကျော်တင်ပို့ပြီးဖြစ်ပြီး တန်ဖိုးအားဖြင့် အမေ ရိကန်ဒေါ်လာ ၃ ဒသမ ၉၁၂ သန်း တင်ပို့ခဲ့ ကြောင်း သိရသည်။ အဆိုပါ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ ရေ ထွက်ကုန်ပစ္စည်းများအဖြစ် ငါးတံခွန်၊ ငါး ခေါင်းပွ ၊ ငါးမုတ်ဖြူ ၊ ငါးပုတ်သင်၊ ငါးဘဲဖြူ၊ ငါးပူတင်း၊ ငါးတီး၊ ငါးသားလောက်နှင့် ပုစွန် ကင်းမွန်ခြောက်တို့လည်းတင်ပို့လျက် ရှိ ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ပြည်ပပို့ကုန် အရည်အသွေးစစ်ဆေးရေးဌာနမှ သိရ သည်။
မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် တင်ပို့မှုများရှိသော်လည်း ချင်းရွှေဟော် နယ် စပ်ကုန်သွယ်ရေးစခန်းတွင်တော့ ကုန်သွယ် မှုများ သိသိသာသာကျဆင်းလျက် ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ အဆိုပါအရာရှိက ဆိုသည်။
တရုတ်နှင့် ထိစပ်နေသော နယ်စပ်ကုန် သွယ်စခန်းလေးခုရှိရာ ၂ဝ၁၉ ခုနှစ် အောက် တိုဘာ ၁ ရက် မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ မူဆယ်ကုန်သွယ်စခန်းသည် ကုန်သွယ်မှု ကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ ကုန်သွယ် ခဲ့ပြီးယမန် နှစ်ကာလတူထက် ကန်ဒေါ်လာ ၁၄၅ သန်းပိုမိုခဲ့ကြောင်း သိရသည်။ လွယ် ဂျယ်ကုန်သွယ်စခန်းသည် ကန်ဒေါ်လာ ၄၉ သန်းကျော် ယမန်နှစ်ကာလတူထက် ကန် ဒေါ်လာ ၂၁ သန်းလျော့နည်းခဲ့သည်။ ချင်း ရွှေဟော်နယ်စပ် ကုန်သွယ်စခန်းသည် ကန် ဒေါ်လာ ၂၃၅ သန်း ကုန်သွယ်ခဲ့ပြီး ကန်ဒေါ် လာ ၂၈ သန်း ယမန်နှစ်ကာလတူထက် လျော့နည်းခဲ့သည်။ ကန်ပိုက်တီးနယ်စပ် စခန်းသည် ကန်ဒေါ်လာသန်း ၁၅ဝ ကုန် သွယ်ခဲ့ပြီး ယမန်နှစ်ကာလတူထက် ကန် ဒေါ်လာ ၆၈ သန်းပိုမိုခဲ့ကြောင်း သိရသည်။

SOURCETin mg Oo /Myanmar Business Today
Previous articlePrudential, Yoma Bank Sign Partnership Agreement
Next articleSIA to Provide Wider Range of Fares, Personalized Content to Myanmar Partners