Fishery Industry Worried Human Trafficking Reports Will Harm Exports

0
225

Tin Mg Oo/Myanmar Business Today

Reports of men being trafficked and enslaved to work on shrimp-catching rafts in the Gulf of Mottama shocked the people of Myanmar. The exposé came after the family of a final-year university student who became a human trafficking victim rescued him without any help from the police.

The reports have led to fears that Myanmar’s fishery exports will be adversely impacted.

U Win Kyaing, General Secretary of the Myanmar Fishery Federation, said media coverage of fishermen being enslaved and tortured on the fishing rafts could hurt the country’s economy and the fishery sector in particular.

“The media paint the Phyapone sea as an infernal place rife with tortures, human rights abuses and human trafficking,” he said at the federation’s November 26 meeting. “What is worse is that they put it in the same light as the cases in Indonesia by Thai fishing boats.”

U Win Kyaing pointed out that the government and his federation are responsible for making sure there are no such cases in the future.

The issue of human trafficking emerged as Western countries including the European Union were considering sanctions against Myanmar over the situation in Rakhine State. U Win Kyaing expressed concern over the possibility of Western sanctions against Myanmar’s fishery exports.

“Once a sanction is placed, you can’t hope when it will be lifted,” he said.

Myanmar earns around $700 million a year from fishery exports, and prospects for the sector were good before the human trafficking reports, with the EU recently allowing imports of wild-caught and farm-raised fish from Myanmar.

Fishery was recently added as a priority sector in the National Export Strategy.


Myanmar Summary

ရေလုပ်သားအဖြစ် လူကုန်ကူးခံရသည့်ဖြစ်စဉ်ကြောင့် ရေထွက်ကုန်တင်ပို့မှှုကို ထိခိုင်မည်ကို စိုးရိမ်

ဖျာပုံမြို့နယ် ငါးဖမ်းကျားဖောင်တစ်စီးပေါ်တွင် အလုပ်လုပ်ရန် ရောင်းစားခြင်းခံရသော ဒဂုံတက္ကသိုလ်မှ နောက်ဆုံးနှစ်ကျောင်းသားတစ်ဦးကို မိသားစုဝင်များက ကိုယ့်အားကိုယ်ကိုးကာပြန်လည်ကယ်တင်ခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည့်အကြောင်း ပြည်တွင်းသတင်းမီဒီယာများတွင်ဖော်ပြလျက်ရှိသည်။

အဆိုပါကဲ့သို့ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာ့ရေထွက်ကုန်တင်ပို့မှှုထိခိုက်မည်ကို မွေးမြူရေးလုပ်ငန်းရှင်များက စိုးရိမ်လျက်ရှိသည်။

တင်ပို့မှှုရှိသည့် မြန်မာ့ပင်လယ်ပြင်ငါးဖမ်းဆီးမှှုများတွင် ညှင်းပန်းနှိပ်ဆက်မှှုများ  ရှိနေကြောင်း ပြည်တွင်းပြည်ပ မီဒီယာများ၏ ဖေါ်ပြနေမှှုများကြောင့် တိုင်းပြည်၏စီးပွားရေးနှင့် ရေလုပ်ငန်းကဏ္ဍ စီးပွားရေးကို များစွာ  အထိနာစေနိုင်သည်ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က နိုဝင်ဘာ ၂၆ ရက်တွင် ပြုလုပ်သည့် ငါးလုပ်ငန်းဆိုင်ရာ အစည်းဝေးတွင် ပြောသည်။

`        “ အခု လက်ရှိ ဝိုင်းပြီးပြောနေ ရေးနေကြတာက ဖျာပုံပင်လယ်ပြင်မှာဆိုရင် ငရဲခန်းကြီးလိုဖြစ်နေပြီးတော့ မတရား ခိုင်းစေမူတွေ ညင်းပန်း နှိပ်ဆက်မူတွေ လူကုန်ကူးမူတွေနဲ့ ပုံစံဖြစ်နေတယ်ဆိုပြီး ဖေါ်ပြနေကြတယ်။ ယိုးဒယားတွေ အင်ဒိုနီးရှား ကျွန်းပေါ်မှာ ဖြစ်သလိုမျိုး ဒေသကြီးဖြစ်နေတယ်ဆိုပြီးတော့ အဲဒီအဖြစ်တွေက ဒီမှာတင်ရေးနေသလိုမဟုတ်ပဲ နိုင်ငံတကာကိုရောက်သွားပြီ” ဟု ၎င်းက ပြောသည်။

အဆိုပါ ကိစ္စရပ်များသည် ငါးလုပ်ငန်း အဖွဲ့ချုပ်တွင်လည်း တာဝန်ရှိသကဲ့သို့ အစိုးရဌာနများတွင်လည်း တာဝန်ရှိသည်ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံကို EU အပါဝင် အနောက်နိုင်ငံများအနေဖြင့် ရခိုင်အရေးနှင့် ပတ်သက်ပြီး စီးပွားရေး ပိတ်ဆို့မှှုများ ဆောင်ရွက်ရန် သတင်းများထွက်ပေါ်နေသည့် အချိန်လည်း ဖြစ်သည်။

“တစ်ကြိမ်ဖြစ်သွားပြီးတာနဲ့ နောက်တစ်ဘယ်တော့ပြန်ဖွင့်ပေးမှာလဲတို့ ဘာတို့ ပြန်ပြီးမျှော်လင့်လို့ မရတော့ဘူး”ဟု အဆိုပါကိစ္စကြောင့် နိုင်ငံတကာမှ ရေထွက်ကုန်ပစ္စည်းများတင်ပို့မူကို တားမြစ်ခဲ့လာနိုင်ခြင်းနှင့် ပတ်သက်ပြီး ၎င်းကပြောသည်။

ရေထွက်ကုန်တင်ပို့မှှုသည် နှစ်စဉ်ကန်ဒေါ်လာသန်း၇၀၀ ဝန်းကျင်ခန့်ရှိသည်။ ဥရောပဈေးကွက်ကို တရားဝင်ဖမ်းဆီးရသည့်ရေထွက်ကုန်အပြင် မွေးမြူထားသော ရေထွက်ကုန်စည်များ ကိုလည်းတင်ပို့ခွင့်ပြုခဲ့သဖြင့် မြန်မာ့ရေထွက်ကုန်တင်ပို့မှှုအလားအလာသည် အားသာချက်အနေဖြင့်ရှိ နေကြောင်း လုပ်ငန်းရှင်များက သုံးသပ်ကြသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာတစ်ရပ်အတွင်းပါဝင်သည့် ရေထွက်ကုန်တင်ပို့မှှုသည် မြန်မာပြည်၏အားထားရသည့်တင်ပို့ကုန်အတွင်းတွင်လည်းပါဝင်သည်။

SOURCETin mg Oo /Myanmar Business Today
Previous articleCorn Exports Talks with Thailand in the Works
Next articleMyanmar’s Live Swine Imports Top 112,000 Animals