Dubai-based budget airline flydubai has launched daily direct flights between Yangon International Airport (YIA) and the United Arab Emirates city. The December 10 inaugural flight marked the airline’s first scheduled flight to a Southeast Asian city.
Flydubai will take over the Dubai-Yangon direct flights from Emirates and will increase its flight frequency between the two cities to daily from four flights per week.
The airline will utilize 174-seat Boeing 737-800 aircraft for the flights, which take approximately 5 hours and 35 minutes.
During the first 10 months of 2019, Yangon International Airport received 4,665 passengers of Middle Eastern nationalities, an 8 percent growth over the same period last year, according to data from the Ministry of Hotels & Tourism.
“Yangon International Airport plays an essential role in the tourism development of Myanmar. The airport is a gateway to international travel,” U Phyo Min Thein, Chief Minister of Yangon, said at an inaugural ceremony for the service at the YIA’s Terminal 1.
“Myanmar is becoming a popular tourist destination due to its pristine beaches, natural topography, deep culture and astounding Buddhist temples and monasteries,” said Jose Angeja, chief operating officer of Yangon Aerodrome, the airport’s operator.
Since commencing operations in June 2009, flydubai has created a network of more than 90 destinations, and over the next decade the airline will see its fleet grow by up to 296 aircraft.
Myanmar Summary
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒူဘိုင်း နိုင်ငံသို့ တိုက်ရိုက် နေ့စဉ်ပျံသန်းပြေးဆွဲမှှုကို flydubai လေကြောင်းလိုင်းက ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စတင်လိုက်သည်။အဆိုပါခရီးစဉ်သည် flydubai လေကြောင်းလိုင်း၏ အရှေ့တောင်အာရှသို့ ပထမဆုံး နေ့စဉ်ပုံမှန်ပြေးဆွဲသော ခရီးစဉ်ဖြစ်သည်။
flydubai အနေဖြင့် Emirates ၏ တစ်ပတ်လျှင် လေးကြိမ်ပျံသန်း ပြေးဆွဲနေသော ဒူဘိုင်း−ရန်ကုန် တိုက်ရိုက်ခရီးစဉ်ကို လွှဲပြောင်းယူသွားမည်ဖြစ်ပြီး ဒူဘိုင်းနှင့် ရန်ကုန်သို့ နေ့စဉ်ပျံသန်း ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခရီးသည် ၁၇၄ ဦး သယ်ယူဝန်ဆောင်မှှုပေးနိုင်မည့် နောက်ဆုံးပေါ် Boeing 737-800 အမျိုးအစားလေယာဉ်ကို အသုံးပြုသွားမည်ဖြစ်ပြီး ပျံသန်းချိန် ခရီးစဉ်သည် ပျှမ်းမျှ ၅ နာရီနှင့် ၃၅ မိနစ် ကြာမြင့်မည်ဖြစ်သည်။ နေ့စဉ် ခရီးစဉ်များအဖြစ် ဒူဘိုင်း မှ ရန်ကုန်သို့ မြန်မာစံတော်ချိန် ၁၈ နာရီ ၃၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ပြီး ၁၉ နာရီ မိနစ် ၄၀ တွင် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။ ထို့ပြင် ဒူဘိုင်းမှ ရန်ကုန်သို့ မြန်မာစံတော်ချိန် ၁၂ နာရီ ၄၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ပြီး ၁ နာရီ ၅၀ မိနစ်တွင် ရန်ကုန်မှ ဒူဘိုင်းကို ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အရှေ့အလယ်ပိုင်း မှ ခရီးသည်များ နှစ်စဉ် ဝင်ရောက်မှှုများပြားနေပြီး ယခုနှစ်တွင် အရှေ့အလယ်ပိုင်းမှ ခရီးသည် ၄၆၆၅ ဦးကို လက်ခံဝန်ဆောင်မှှုပေးနိုင်ခဲ့ကြောင်း သိရသည်။ ယခုနှစ် အရှေ့အလယ်ပိုင်းမှ ခရီးသည်ဝင်ရောက်မှှုသည် ယခင်နှစ် ခရီးသည် ဝင်ရောက်မှှုပမာဏနှင့် နှိှုင်းယှဉ်ပါက ၈ ရာခိုင်နှှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။
“ဒီနေ့ပျံသန်းလာတဲ့ flydubai ကို ကျွန်တော်တို့ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ဘာကြောင့်ဒီလောက်နွေးနွေးထွေးထွေးကြိုဆိုနေသလဲဆိုရင် တစ်အချက်ကတော့ ကျွန်တော်တို့ခရီးသွား ကဏ္ဍကို မြှင့်တင်ချင်ပါတယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ဟာဒူဘိုင်းကို အခြေပြုပြီး International Transit ကို ကျွန်တော်သုံးချင်ပါတယ်”ဟု flydubai လေကြောင်းလိုင်းစတင်ပြေးဆွဲသည့် အခမ်းအနားတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆိုသည်။
Flydubai လေကြောင်းလိုင်းသည်၂၀၀၉ ခုနှစ် ဇွန်လမှ စတင်ကာ ပြေးဆွဲခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် ခရီးစဉ်ပေါင်း ၉၀ ကျော်ကို ချိတ်ဆက်ပြန်သန်းပြေးဆွဲနေခြင်းဖြစ်သည်။ လာမည့် ဆယ်စုနှစ်အတွင်း လေယာဉ်ပေါင်း ၂၉၆ စင်းအထိ တိုးချဲ့ပျံသန်းပြေးဆွဲနိုင်ရန် မျှော်မှန်းထားကြောင်း Flydubai က ထုတ်ပြန်ထားသည်။