Myo Sandar/Myanmar Business Today
Travel booking platform FlyMya.com has entered a partnership with mobile financial service provider Wavepay to offer easy and secure travel payments. The two companies signed a memorandum of understanding on November 28.
The mobile wallet option provided by the partnership will enable travelers to enjoy FlyMya travel services through the WavePay application without incurring additional charges. WavePay users can quickly and more conveniently buy flight and bus tickets, book tours, airport transfers and rental cars through the FlyMya website.
“We are trying to offer easier and more convenient payment options,” said Wave Money CEO Brad Jones. “We are also partnering with digital partners for technological advancement in the last twelve months. This partnership happens because of the development in the tourism sector.”
Founded in 2015, Yangon-based travel technology company FlyMya works with airlines, hotels and tour agents to provide comprehensive travel information and sell products online at competitive prices and is onboarding offline tour operators onto its site. Air travelers can use its platform to compare flight schedules and fares offered by the five domestic airlines and make bookings with just a few clicks.
Three-year-old Wave Money has seen phenomenal growth and has surpassed traditional bank branches and ATMs with 15 million customers and 54,000 agents.
Myanmar Summary
Flymya မှ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများကို Wavepay ဖြင့် ငွေပေးချေနိုင်မည်
မိုဘိုင်းငွေပေးချေမှုဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် Wave Money နှင့် ပြည်တွင်းခရီးသွားလက်မှတ်များ၊ ခရီးသွားလာရေးဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းများလုပ်ကိုင်နေသည့် ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သည့် Flymya ကုမ္ပဏီတို့ ခရီးသွားလာရေးဆိုင်ရာလုပ်ငန်းများတွင် ငွေပေးချေမှုများလုပ်ဆောင်နိုင်ရန် MoU ရေးထိုးခဲ့သည်။
ထို့ကြောင့် Flymya.com တွင် ခရီးသွားလာရေးအတွက် ခရီးသွားလက်မှတ်များဝယ်ယူပါက Wavepay အပလီကေးရှင်းဖြင့် ငွေပေးချေနိုင်မည်ဖြစ်ပြီး Wave Money အသုံးပြုသူများအနေဖြင့် Flymya ဝက်ဘ်ဆိုက်မှတစ်ဆင့် ပိုမိုမြန်ဆန် ၊ လွယ်ကူစွာဖြင့် လေကြောင်းနှင့် ကားလက်မှတ်များ၊ ခရီးစဉ်များ၊ လေဆိပ်အပို့ အကြို့၊ကားအငှားဝန်ဆောင်မှုများကိုလည်း ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
Wave Money နှင့် Flymya တို့ လုပ်ငန်းပူးပေါင်းဆောင်ရွက်မည့် နားလည်မှုစာချွန်လွှာရေးထိုးပွဲကို နိုဝင်ဘာ ၂၈ ရက်တွင် ဆူးလေရှန်ဂရီလာဟိုတယ်တွင် ကျင်းပခဲ့သည်။
“ သုံးစွဲသူအနေနဲ့လည်း လွယ်ကူစွာနဲ့ ငွေပေးချေမှု ငွေလွဲပြောင်းမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ နည်းပညာဆိုင်ရာတိုးတက်မှုတွေလုပ်ဖို့ ဒီဂျစ်တယ် ပါတနာတွေနဲ့ ဆောင်ရွက်နေပါတယ်။ flymya လိုမျိုးအောင်မြင်နေတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေနဲ့ တွေ့ရတာအရမ်းကို ဂုဏ်ယူပါတယ်။ အခုလို့ပူးပေါင်း လုပ်ဆောင်ခွင့်ရလို့အရမ်းကို ဝမ်းသာပါတယ်။ ခရီးသွားလုပ်ငန်းတိုးတက်လာကြောင့်လည်း ဆောင်ရွက်ဖြစ်တာပါ” ဟု Wave Money ၏ အမှုဆောင်အရာရှိချုပ် Mr.Brad Jones က ပြောသည်။
Flymya တွင် ပြည်တွင်းလေကြောင်း (၅) ခု၏ ခရီးစဉ်အချိန်များနှင့် ဈေးနှုန်းများ၊ ကြိုတင်လက်မှတ်များကို လွယ်ကူစွာဝယ်ယူနိုင်ပြီး ခရီးသွားအချက်အလက်များနှင့်ဈေးနှုန်းများကိုလည်း ကြည့်ရှုနိုင်ကြောင်း သိရသည်။
Wave Money သည် မြန်မာတစ်နိုင်ငံလုံးတွင် အေးဂျင့်ဆိုင်ပေါင်း ၅၄၀၀၀ ကျော်ရှိပြီး ၂၀၁၆ ခုနှစ်ကတည်းက မိုဘိုင်းငွေပေးချေမှုလုပ်ငန်းလုပ်ကိုင်နေသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ လက်ရှိအချိန်ထိ မြန်မာတစ်နိုင်ငံလုံးတွင် ငွေပေးချေမှု ကျပ် ၄ ဘီလီယံအထိရှိပြီး သုံးစွဲသူ ၁၅ သန်းရှိကြောင်း သိရသည်။
FlyMya သည် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍကို အသွင်းပြောင်းကာပိုမိုကောင်းမွန်စေရန် အဆင့်မြှင့်တင်လျက် ရှိကာ၂၀၁၅ ခုနှစ်တွင် စွန့်ဦးတီထွင်လုပ်ငန်းရှင်များက စတင်ထူထောင်ခဲ့ခြင်းဖြစ်သည်။