HomeBusinessFood & Agriculture System to Be Implemented Across the Country

Food & Agriculture System to Be Implemented Across the Country

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်
Myanmar will implement National Food and Agriculture System Project across the country borrowing $200 million from the World Bank, according to the meeting on the project by the Ministry of Agriculture, Livestock, and Irrigation.

The project will run from the 2020-21 fiscal year to the 2024-25 fiscal year with World Bank’s $200 million loans.

It plans to boost production in agriculture, competition in the supply chain with better product quality, enhance food safety and nutrient and support the agricultural sector while minimizing the impact of the COVID-19.

The government has laid out an economic relief plan called CERP, which includes plans for improving the underdeveloped agricultural sector.

The Union Parliament on May 28 approved the plan to borrow $200 million from the World Bank ton implement the National Food and Agriculture System Project.

Written by Tayzar Bhone Myint/ Translated by Min Thu Aung


မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံဖြိုးရေးစီမံကိန်း ( NFASP) ကို တစ်နိုင်ငံလုံး အကောင်အထည်ဖော်မည် ဖြစ်ကြောင်း စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှသိရသည်။

NFASP ကို မြန်မာနိုင်ငံအလယ်ပိုင်း၊ မြန်မာနိုင်ငံအောက်ပိုင်း၊ ကုန်းမြင့်နှင့် တောင်တန်းဒေသများ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် စစ်တောင်းမြစ် ဝှမ်းဒေသ၊ ကမ်းရိုးတန်းဒေသများတွင် အကောင်အထည်ဖော်မည်ဖြစ်သည်။

မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေး စီမံကိန်း(NFASP) ဖော်ဆောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဦးဆောင်ကျင်းပခဲ့သည်

NFASP စီမံကိန်းကို ကမ္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ချေးငွေရယူကာ ၂၀၂၀ − ၂၀၂၁ ဘဏ္ဍာနှစ်မှ ၂၀၂၄ − ၂၀၂၅ အထိ ငါးနှစ်ခွဲ အထိ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်။

မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်း (NFASP)အရ စိုက်ပျိုးရေးကဏ္ဍထုတ်လုပ်မှု တိုးမြှင့်လာနိုင်ခြင်း၊ ကွင်းဆက်တစ်လျှောက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ အရည်အသွေး ပိုမိုကောင်းမွန်လာပြီး စျေးကွက် ယှဉ်ပြိုင်နိုင်မှု တိုးမြင့်လာနိုင်ခြင်း၊ အစားအစာဘေးကင်း လုံခြုံမှုနှင့် အာဟာရပြည့်ဝရေးအတွက် ပံ့ပိုးပေးနိုင်ခြင်း၊ Covid-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် ရေတိုရေရှည် ကုစားပေးနိုင်မည့် အစီအမံများကို ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေး ကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အပံ့ပေးနိုင်ခြင်းများ  ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

အစိုးရ အနေဖြင့်လည်း ကိုဗစ် ၁၉ ရိုက်ခတ်မှုကြောင့် မြန်မာ့ စီးပွားရေး ကျဆင်းမှုကို ပြန်လည် ကုစားရန်အတွက် ဖွံ့ဖြိုး နောက်ကျနေဆဲ ဖြစ်သည့် လယ်ယာ စိုက်ပျိုးကဏ္ဍကို မြှင့်တင် ဆောင်ရွက်မည့် အစီအစဉ်အများကို CERP တွင် ထည့် သွင်း ရေးဆွဲထားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်မည့် မြန်မာ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုး မွေးမြူရေး စနစ်ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ကမ္ဘာ့ဘဏ် အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့၏ ၁၈ ကြိမ်မြောက် ရန်ပုံငွေ ဖြည့်တင်းမှု အစီအစဉ် (IDA-18)ထံမှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ချေးငွေ ရယူရန် ပြည်ထောင်စု လွှတ်တော် မေ ၂၈ ရက်နေ့က အတည်ပြုခဲ့ခြင်းဖြစ်သည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img