On-demand food delivery service Foodpanda made its Myanmar debut on January 21 with plans to start providing services to customers in Yangon. The company promises to deliver food from over 1,000 restaurants customer’s homes, offices and even outdoor “hotspot” locations.
Customers can order from international chains such as KFC, Pizza Hut, Marrybrown, Gong Cha, Pezzo Pizza, Cafe Amazon, The Manhattan Fish Market, Pizza Maru, Cheese O’Tea, Tom & Toms Coffee, as well as famous local chains like YKKO, Tint Tint Myanmar, Rangoon Tea House, Shan Yoe Yar, The Pansodan and Mr. Chef.
“As we focus on growing our Foodpanda family, our mission is to service Myanmar with the best-in-class delivery experience generated from our industry-first technological innovation on our platform for both partners and customers,” said Jakob Sebastian Angele, Foodpanda’s regional CEO for Asia Pacific.
“Myanmar is a key country for us and we look forward to our future here,” he added.
The company offers free delivery with no minimum order value from 8 a.m. to 10 p.m. daily.
“Foodpanda wants to change the way people see and experience food delivery by efficiently taking care of our customers’ desire to receive food fresh and warm,” said Zeyar Mynn, managing director of Foodpanda Myanmar.
Foodpanda, a division of Berlin-based food delivery company Delivery Hero, provides services in over 300 cities in 11 countries, working with over 100,000 restaurants.
Myanmar Summary
Foodpanda မြန်မာပြည်ဈေးကွက်မိတ်ဆက်
အွန်လိုင်းအစားအသောက်သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် Foodpanda ကို မြန်မာပြည်ဈေးကွက်မိတ်ဆက်ခြင်းအခမ်းအနားကို ဇန်နဝါရီလ ၂၁ရက်က ပြုလုပ်ခဲ့သည်။
၎င်း၏ဝန်ဆောင်မှှုကို ရန်ကုန်မြို့တွင် စတင်ပေးအပ်သွားမည်ဖြစ်ပြီး စားသောက်ဆိုင်ပေါင်း ၁၀၀၀ ကျော်ရှိစားသောက်ဖွယ်ရာများကို မှာယူသူများထံသို့ အချိန်တိုအတွင်း အဆင်ပြေလွယ်ကူစွာဖြင့် အရောက် ပို့ဆောင်ပေးသွားမည် ဖြစ်သည်။
စားသုံးသူများအနေဖြင့် KFC, Pizza Hut, Marrybrown, Gong Cha, Pezzo Pizza, Cafe Amazon, The Manhattan Fish Market, Pizza Maru, Cheese O’Tea, Tom & Toms Coffee စသောနိုင်ငံတကာတွင် လူကြိုက်များကျော်ကြားသော စားသောက်ဆိုင်များအပြင် ရန်ကုန်မြို့တွင်း လူကြိုက်များကျော်ကြားသော ပြည်တွင်းစားသောက်ဆိုင်များဖြစ်သည့် YKKO၊ တင့်တင့်မြန်မာ၊ ရန်ကုန်တီးဟောက်စ်၊ ရှမ်းရိုးရာ၊ The Pansodan၊ Mr.Chef တို့အပါအဝင် အခြား စားသောက်ဆိုင်များမှ အစားအသောက်များကို လွယ်လွယ်ကူကူ စိတ်ကြိုက် ရွေးချယ်မှာယူနိုင်မည် ဖြစ်ကြောင်း သိရသည်။
“ Foodpanda လုပ်ငန်းကို ပိုမိုကြီးထွားလာဖို့တည်ဆောက်တဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က မြန်မာနိုင်ငံကစားသုံးသူတွေနဲ့ မိတ်ဖက်ပါတနာတွေအတွက် အဆင့် အမြင့်ဆုံး နည်းပညာတွေ၊ ဖန်တီးမှုတွေနဲ့အတူ အကောင်းဆုံအစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံက Foodpanda အတွက် အရေးပါတဲ့ဈေးကွက် တစ်ခု ဖြစ်လာမှာဖြစ်ပါတယ်” ဟု Foodpanda ၏ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ အမှုဆောင်အရာရှိချုပ် Jakob Sebastian Angele က ပြောသည်။
Foodpanda သည် စားသောက်ဖွယ်ရာများကို မည်သည့်ပမာဏ မှာယူသည်ဖြစ်စေ ပို့ဆောင်ခ အခမဲ့ (free delivery)ဖြင့် မှာယူနိုင်မည်ဖြစ်သည်။
“ Foodpanda အနေနဲ့ မှာယူအားပေးသူတွေရဲ့ အစားသောက်ကို လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေး စားသောက်လိုကြတယ်ဆိုတဲ့ ဆန္ဒကို အမြဲတမ်း အလေးထားပြီးလုပ်ဆောင်ကာ အစားအသောက် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုအပေါ် လူတွေရဲ့ အမြင်နဲ့ ခံစားချက်ကို ပြောင်းလဲနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု မြန်မာနိုင်ငံ၏ Managing Director ကိုဇေယျာမင်းက ထပ်မံဖြည့်စွက် ပြောသည်။
အစားအသောက်မှာယူလိုသူများသည် Foodpanda ၏ ဝက်ဘ်ဆိုဒ် သို့မဟုတ် iOS နှင့် Andriod အပလီကေးရှင်းများမှတဆင့် မိမိလက်ရှိတည်နေရာကို ထည့်သွင်းပြီး အနီးအနားတွင် တည်ရှိသည့် မှာယူနိုင်သော စားသောက်ဆိုင်စာရင်းများကို တွေ့မြင်နိုင်မည်ဖြစ်သည်။ မှာယူလိုသော အစားအသောက်ကို ရွေးချယ်ပြီးပါက ပို့ဆောင်စေလိုသောရုံး သို့မဟုတ် အိမ်လိပ်စာသို့ အိမ်အရောက်ငွေချေစနစ်ဖြင့် လွယ်ကူသက်သာစွာ မှာယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိ ရန်ကုန်မြို့တွင် စားသောက်ဆိုင်ပေါင်း ၁၀၀၀ ကျော်နှင့် ချိတ်ဆက်ထားပြီး နေ့စဉ် မနက် ၈ နာရီ မှ ည ၁၀ နာရီအထိ မှာယူသုံးဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အွန်လိုင်း အစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှု တစ်ခု ဖြစ်သည့် Delivery Hero ၏ ကုမ္ပဏီခွဲ ဖြစ်သော foodpanda သည် ယခုလက်ရှိတွင် အာရှနိုင်ငံပေါင်း ၁၁ နိုင်ငံနှင့် ဥရောပတိုက် အလယ်ပိုင်းနိုင်ငံများ (ဟောင်ကောင်၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ ပါကစ္စတန်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ရိုမေးနီးယားနှင့် ဘူဂေးရီးယား)၊ မြို့ကြီးပေါင်း ၃၀၀ ကျော်ရှိ မိတ်ဖက် စားသောက်ဆိုင်ပေါင်း ၁၀၀,၀၀၀ ကျော်နှင့် လက်တွဲ၍ အစားအသောက် သယ်ယူပို့ဆောင်ရေးကို ဝန်ဆောင်မှုပေးလျက် ရှိကြောင်း သိရသည်။