HomeInvestment & Financeဗဟိုဘဏ်က နိုင်ငံခြားဘဏ် ၇ ဘဏ်ကို ထပ်မံ ခွင့်ပြု

ဗဟိုဘဏ်က နိုင်ငံခြားဘဏ် ၇ ဘဏ်ကို ထပ်မံ ခွင့်ပြု

နိုင်ငံခြားဘဏ် လုပ်ငန်းလိုင်စင်လျှောက်ထားနိုင်ကြောင်း ဇန်နဝါရီလ ၂၀ ရက်က ကြေညာခဲ့ပြီး ရရှိလာသော ဘဏ်လုပ်ငန်းလိုင်စင်လျှောက်လွှာများကို စိစစ်အကဲဖြတ်ပြီးနောက်တွင် လိုင်စင်ချထားရေးကော်မတီသည် မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း လုပ်ကိုင်ရန် ပြင်ဆင်မှုများပြုလုပ်နိုင်ရေးအတွက် နိုင်ငံခြားဘဏ် ၇ ခုအား ယနေ့ ကနဦးအတည်ပြုလိုက်သည်။

ခွင့်ပြုလိုက်သော ဘဏ်များမှာ Bank of China Hong Kong (Branch License), Cathay United Bank (Branch License), Industrial Bank of Korea (Subsidiary License), KB Koomin Bank (Subsidiary License), Korea Development Bank (Branch License), Mega International Commercial Bank (Branch License) နှင့် Siam Commercial Bank (Subsidiary License) တို့ဖြစ်သည်။

အဆိုပါ ကနဦးခွင့်ပြုချက်သည် ကိုးလသက်တမ်းရှိပြီး ယင်း ကာလအတွင်းတွင် ရွေးချယ်ခံရသည့် ဘဏ်လုပ်ငန်းများအနေဖြင့် ၎င်းတို့ တင်ပြထားသော လျှောက်လွှာထဲတွင် လုပ်ဆောင်မည်ဟု ဖော်ပြထားသော ကတိကဝတ်များကို အကောင်အထည်ဖော်ရမည်ဖြစ်သည့်အပြင် နိုင်ငံတော်ဗဟိုဘဏ်က ချမှတ်ထားသည့် စည်းမျဥ်းစည်းကမ်းများကိုလည်း လုပ်ငန်းစသည့်နေ့မှစကာ လိုက်နာဆောင်ရွက်နိုင်ရေး လိုအပ်သော အစီအမံများကို အကောင်အထည်ဖော်ရမည်ဖြစ်သည်။ထိုကဲ့သို့ လိုက်နာဆောင်ရွက်ပြီးသွားပါက ဗဟိုဘဏ်က လိုင်စင်ချထားပေးမည်ဖြစ်သည်။

ထို့အပြင်  Kasikorn Bank ကိုလည်း ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် ( Abank)တွင် ငွေကြေးထည့်ဝင်ခွင့်ပြုခဲ့သည်။


CBM approves seven foreign banks

Central Bank of Myanmar invited application for a Foreign Bank License on January 20, 2020. After evaluating each application based on detailed quantitative and qualitative criteria, the Licensing Committee has decided to grant preliminary approval to prepare for the commencement of operations in Myanmar to seven Foreign Banks, according to the statement issued by the Central Bank of Myanmar today.

They are Bank of China Hong Kong (Branch License), Cathay United Bank (Branch License), Industrial Bank of Korea (Subsidiary License), KB Koomin Bank (Subsidiary License), Korea Development Bank (Branch License), Mega International Commercial Bank (Branch License) and Siam Commercial Bank (Subsidiary License).

The preliminary approval is valid for 9 months during which the successful Applicants
will have to fulfill the commitments made in their answer to the RFP (Application), take
all necessary measures to ensure functional banking operation from day one of
business and will have to comply with requirements laid down by the Central Bank of
Myanmar.

Upon fulfillment of the above stated, the Licensing Committee will grant the
final License to operate in Myanmar.

In addition, the Central Bank of Myanmar has decided to grant approval to Kasikorn
Bank for an equity participation in Ayeyarwaddy Farmers Development Bank Limited.

Min Thu Aung
Min Thu Aung
Experienced Journalist with a demonstrated history of working in the newspaper industry. Skilled in Writing, Translation, Research, Video Editing, and Painting. Strong media and communication professional with a Bachelor's degree focused in English from Monywa University, and a Diploma in International Relations from the University of Yangon
- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img