HomeInvestment & FinanceForeign Trade Tops $3.1 Billion in One Month

Foreign Trade Tops $3.1 Billion in One Month

Myo Sandar/Myanmar Business Today

Myanmar’s foreign trade exceeded $3.1 billion in the first month of the 2020 fiscal year, an increase of $417 million over the same period last year, according to Ministry of Commerce data.

The country exported over $1.5 billion worth of goods and imported $1.6 billion worth of products during October. According to the Ministry of Commerce, the country exported seven main products led by industrial and mining products, which accounted for over $735 million and $399.4 million, respectively.

Exports of agricultural products generated over $264 million while animal products earned over $20 million, fishery products $93.1 million and other products $51 million.

The total export value grew by $357 million over the same period last year.

The country imported $577.6 million worth of investment materials, $531.4 million worth of industrial-use products, $301.1 million worth of consumer products, and $208.4 million worth of raw materials for CMP (cut-make-pack) businesses.

The country’s biggest trade partner is China, which accounted for $34.9 billion in trade volume in the 2019 fiscal year.

လက်ရှိဘဏ္ဍာနှစ်အစတစ်လတာအတွင်း ပြည်ပနိုင်ငံများနှင့် ကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံကျော်ကုန်သွယ်ထား

 

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမလအတွင်း ပြည်ပနိုင်ငံများနှင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံကျော် ကုန်သွယ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိ ကုန်သွယ်ထားသည့် ပမာဏနှင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူတွင် ကုန်သွယ်ထားသည့်ပမာဏ နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၄၁၇ သန်းကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်ပနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိသည့် ကုန်ပစ္စည်းများတင်ပို့ထားပြီး ပြည်ပနိုင်ငံများမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိသည့်ကုန်ပစ္စည်းများ ပြန်လည်တင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ တစ်လတာကုန်သွယ်မှုစာရင်းများအရ သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပို့ကုန် (၇)မျိုးအဓိကတင်ပို့ပြီး ချုပ်ပြီးအထည်ပါဝင်သည့် စက်မှုကုန်ချောကဏ္ဍနှင့် သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုအများဆုံးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။

ပြည်ပသို့ တင်ပို့မှုအများဆုံးပို့ကုန်ဖြစ်သည့် စက်မှုကုန်ချောတင်ပို့မှုမှာ တစ်လအတွင်း အမေရိကန်ဒေါ်လာ ၇၃၅ သန်းကျော်နှင့် သတ္တုတွင်းထွက်ပစ္စည်း အမေရိကန်ဒေါ်လာ ၃၉၉ ဒသမ ၄ သန်းအထိ တင်ပို့ထားကြောင်း သိရသည်။

ကျန်ပို့ကုန်များဖြစ်သည့် လယ်ယာထွက်ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၂၆၄ သန်းကျော်၊ တိရစ္ဆာန်ထွက်ပစ္စည်း အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် ၊ ရေထွက်ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၁ ဘီလီယံနှင့် အခြားကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၅၁ သန်းတန်ဖိုးရှိသည့် ပို့ကုန်များ တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်ရေးစာရင်းများအရ သိရသည်။

လက်ရှိတင်ပို့ထားသည့် ပို့ကုန်ပမာဏနှင့် ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလတူတွင် တင်ပို့ထားသည့် ပို့ကုန်ပမာဏကို နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၃၅၇ သန်းကျော်ဖိုး ပိုမိုနေကြောင်း ပို့ကုန်စာရင်းများအရ သိရသည်။

ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၅၇၇ ဒသမ ၆ သန်း၊ လုပ်ငန်းသုံးကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၅၃၁ ဒသမ ၄ သန်း၊ လူသုံးကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၃၀၁ ဒသမ ၁ သန်းကျော်နှင့် အထည်ချုပ်လုပ်ငန်းများအတွက် ကုန်ကြမ်းတင်သွင်းမှု (CMP) အမေရိကန်ဒေါ်လာ ၂၀၈ ဒသမ ၄ သန်းအထိ တင်သွင်းထားကြောင်း သိရသည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်တစ်နှစ်လုံးတွင် ပြည်ပနိုင်ငံများနှင့် အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၉ ဘီလီယံကျော်ဖိုးကုန်သွယ်ခဲ့ပြီး အများဆုံးကုန်သွယ်ဖက်နိုင်ငံမှာတရုတ်နိုင်ငံဖြစ်သည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img