Frontiir Chosen to Develop Cyber Connectivity for New City

0
329

Frontiir, the founder of internet provider Myanmar Net with 1.3 million users, has been named the preferred candidate to develop cyber connectivity infrastructure for the New Yangon City project just outside Yangon.
The New Yangon Development Company (NYDC) invited expressions of interest for six areas of the project’s Phase 2 and Frontiir edged out 12 other companies in the cyber connectivity area.
“Frontiir’s proposal is compatible with NYDC’s long-term ambition of creating a smart city with comprehensive services,” NYDC chief executive U Theim Wai was quoted as saying in the company’s newsletter.
Frontiir’s expertise in the ICT sector and successful track record in building wi-fi networks gave it an edge over the competition. The company will have the right to develop the preliminary project under the Swiss Challenge method.
NYDC conducted the selection process in line with the criteria set by Infrastructure Asia (IA), an initiative established by the Monetary Authority of Singapore and Enterprise Singapore.
The Yangon Regional Government set up NYDC to develop a new city on 22,200 acres of land. Besides cyber connectivity infrastructure, the company has invited submission of EOIs for power supply and distribution, public transport, waste management, natural gas supply and distribution and convention center.
In August, NYDC selected PTT Group, comprising Thailand-based PTT, PTTEP and GPSC, for power supply and distribution and India-based Indraprastha Gas Limited and Gail Consortium (IGL Consortium) for gas supply and distribution.

 

ရန်ကုန်မြို့သစ်စီမံကိန်း၌ ဆိုက်ဘာဆက်သွယ်ရေးကဏ္ဍ (Cyber Connectivity Infrastructure)အတွက် Swiss Challenge ကို စတင်နိုင်ရန် အကောင်းဆုံးနှင့်သင့်လျော်သည့်ကုမ္ပဏီ Preferred Applicant အဖြစ် ပြည်တွင်းအခြေစိုက် Myanmar Net ကို တည်ထောင်သည့် Frontiir ကုမ္ပဏီကို ရွေးချယ်ထားကြောင်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုး တိုးတက်ရေးကုမ္ပဏီ(NYDC)က ထုတ်ပြန် ကြေညာသည်။
ရန်ကုန်မြို့သစ်တည်ဆောက်ရေးအဆင့်(၂)တွင် အကောင်အထည်ဖော်မည့် လိုအပ်သောစီမံကိန်း ကဏ္ဍ(၆)ခု၏ စိတ်ဝင်စားမှုအဆိုပြုလွှာကို ပြီးခဲ့သည့်ဖေဖော်ဝါရီလ၌ ဖိတ်ခေါ်ခဲ့ပြီး ယင်းထဲမှ အထက်ပါကဏ္ဍ အတွက် လာရောက်လျှောက်ထားသောကုမ္ပဏီ(၁၂)ခုထဲမှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
“ Frontiir ရဲ့ ပဏာမအဆိုပြုလွှာဆိုရင်လည်း NYDC ရဲ့ ရေရှည်ရည်မှန်းချက်တွေဖြစ်တဲ့ ဘက်ပေါင်းစုံက ဝန်ဆောင်မှုအပြည့်ပါဝင်တဲ့ Smart City တစ်ခုတည်ထောင်ရေးနဲ့ကိုက်ညီပါတယ်” ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်(NYDC)၏ အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေပြောစကားကို ကိုးကားပြီး NYDC က ထုတ်ပြန်ထားသည်။
Frontiir သည် ၂၀၁၃ ခုနှစ်က Myanmar Net ကို စတင်တည် ထောင်ခဲ့ပြီး လက်ရှိအချိန်မှာ သုံးစွဲသူပေါင်း (၁.၃)သန်း ကို ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်ကာ ယခုကဲ့သို့ရွေးချယ်ခံရမှုကြောင့် Swiss Challenge သဘောအရ အကြိုစီမံကိန်းပုံစံရေးဆွဲခွင့် ရရှိမည်ဟု NYDC ကကြေညာထားသည်။
ပြည်တွင်း၌ ICT ကဏ္ဍနှင့် အကျွမ်းတဝင်ရှိပြီး ကောင်းမွန်သော Wi-Fi ကွန်ရက်တစ်ခုကို တည်ထောင် နိုင်ခဲ့သောကြောင့် အသင့်တော်ဆုံးအဖွဲ့အစည်းအဖြစ် အမှတ်အများဆုံးပေးကာ ရွေးချယ်ခဲ့သည်ဟု ၎င်းက ဆိုသည်။
ရန်ကုန်မြို့သစ်စီမံကိန်းတွင် အခြေခံအဆောက်အဦကဏ္ဍအားလုံး၏ စိစစ်ရွေးချယ်မှုလုပ်ငန်းစဉ်ကို Monetary Authority of Singapore နှင့် Enterprise Singaporeတို့ ပူးပေါင်းတည်ထောင်ထားသော Infrastructure Asia(IA)က ချမှတ်ထားသည့် စံနှုန်းအတိုင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ကုမ္ပဏီဘက်က ဆိုသည်။
ဧက(၂၂၂၀၀) ကျော်၌ ရန်ကုန်မြို့သစ်တည်ဆောက်ရေးအတွက် တိုင်းအစိုးရမှ ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ (NYDC)ကို ၂၀၁၈ခုနှစ်တွင်တည်ထောင်ခဲ့ပြီး အခြေခံအဆောက်အအုံတည်ဆာက်ရေးကဏ္ဍ(၆)ခုအတွက် အဆိုပြုလွှာ(EOI) ခေါ်ယူခဲ့ရာ Power Supply and Distribution၊ Public Transport၊ Cyber Connectivity Infrastructure၊ Waste Management ၊ Natural Gas Supply and Distribution နှင့် Convention Centerတို့အတွက် ဖြစ်သည်။
ထို့အပြင် ပြီးခဲ့သည့်၂၀၁၉သြဂုတ်လ၌ ရန်ကုန်မြို့သစ်စီမံကိန်း၏ စွမ်းအင်ဖြန့်ဖြူးရေးကဏ္ဍ(Power Supply and Distribution) အတွက် ထိုင်းနိုင်ငံအခြေစိုက် PTT/PTTEP/GPSC တို့ပါဝင်သော PTT Group နှင့် သဘာဝဓာတ်ငွေ့ ထောက်ပံ့ဖြန့်ဖြူးရေးကဏ္ဍအတွက် အိန္ဒိယအခြေစိုက် Indraprastha Gas Limited and Gail Consortium(IGL Consortium)တို့ကိုလည်း ကနဦးအဆင့်ရွေးချယ်ထားကြောင်း ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်က သတင်းထုတ်ပြန်ထားသည်။

 

SOURCEZin Thu Tun
Previous articleKalaw On My Mind
Next articleMalaysian Firm to Build $782 Million City Project