Gems Expo Earns K59 Billion

0
191

The Gems and Jewelry Expo held during January 2-7 at Maniyadanar Jade Hall in Naypyidaw generated K59 billion from sales of nearly 3,500 jade lots and nine gems in kyat.
It also earned over K530 million from 25 jade lots offered by the government.
The expo showcased over 3,600 jade lots and drew over 2,000 merchants. Last year’s expo held in June displayed over 3,100 jade lots and earned over K60 billion.
Myanmar organizes four gems expos annually: Two with sales denominated in kyats and two in euros.
Gems and jewelry entrepreneurs are also organizing fairs in areas with jade and precious-stone mines. One is scheduled to take place in Myit Kyi Na City, Kachin State during February 24-28, with foreigners allowed to make purchases.
Another gems and jewelry fair will take place in Mandalay in May offering uncut jade, finished jade products and jewelry for sale in local currency.


Myanmar Summary

မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ဇန်နဝါရီလ ၂ ရက်နေ့ကနေ ၇ ရက်နေ့အထိ ကျင်းပခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၃၅၀၀ နီးပါးနှင့် ကျောက်မျက် အတွဲ ၉ တွဲ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် မြန်မာကျပ်ငွေ ၅၉ ဘီလီယံအထိ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

နိုင်ငံပိုင် ကျောက်စိမ်းတွဲ ၂၅ တွဲ ၊ ကျပ်သိန်းပေါင်း ငါးထောင်သုံးရာကျော်ဖိုး ရောင်းချနိုင်ခဲ့သည်။ ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၃၆၀၀ ကျော် ပြသခဲ့ပြီး ရတနာကုန်သည် ၂၀၀၀ ကျော်လာရောက်ခဲ့ကြောင်း သိရသည်။

ယမန်နှစ် ဇွန်လကပြုလုပ်သည့်  မြန်မာငွေနှင့်ရောင်းချသည့် ကျောက်မျက်ရတနာ ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၃၁၀၀ ကျော်ကို ခင်းကျင်းပြသခဲ့ပြီး မြန်မာကျပ်ငွေ ၆၀ ဘီလီယံကျော် ရောင်းချနိုင်ခဲ့သဖြင့် ယမန်နှစ်ပြပွဲအောက် လျော့နည်းခဲ့ခြင်းလည်းဖြစ်သည်။

ကျောက်မျက်ရတနာပြပွဲများကို တစ်နှစ်လျှင်လေးကြိမ်ခန့်ပြုလုပ်လေ့ရှိပြီး ကျပ်ငွေဖြင့်ပြပွဲနှစ်ပွဲ ၊ ယူရိုငွေနှင့်ရောင်းချသည့်ပြပွဲ နှစ်ပွဲ ကို ပုံမှန်ကျင်းပလေ့ရှိသည်။

ကျောက်မျက်ထွက်ရှိရာ တိုင်းနှင့်ပြည်နယ်များတွင် သက်ဆိုင်ရာ ကျောက်မျက်လုပ်ငန်းရှင်များစုဖွဲ့ပြီး ပြပွဲများပြုလုပ်လေ့ရှိပြီး ယခုနှစ်ဖေဖော်ဝါရီလအတွင်းတွင်  ကျောက်မျက်ရတနာပြပွဲတစ်ခုကို ကချင်ပြည်နယ် မြစ်ကြီးနားတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၈ ရက်အထိပြုလုပ်မည့်ယင်းပြပွဲကို နိုင်ငံခြားသားများလည်း တက်ရောက်ဝယ်ယူနိုင်ရန်စီစဉ်ထားကြောင်း သိရသည်။

ထို့အပြင် လာမည့်မေလတွင်လည်း မန္တလေးကျောက်မျက်ရတနာပြပွဲကို ကျင်းပသွားရန်ရှိပြီး  ကျောက်စိမ်းအရိုင်း၊ အချောထည်နှင့် ကျောက်မျက်ရတနာများကို  မြန်မာကျပ်ငွေဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

 

SOURCEEi Thandar Tun/Myanmar Business Today
Previous articleYangon to Cancel Self-help Electrification Programs
Next articleiMyanmarHouse Opens Myanmar’s First Real Estate Call Center