Gems, Jewelry Sellers Subject to 3 Separate Taxes

0
212
Soe Zeya Tun/Reuters

Gems and jewelry traders are now subject to gems tax, commercial tax and income tax following a move by the Internal Revenue Department to replace specific-goods tax on these goods with a gems tax, according to a recent statement issued by the department.
The gems tax on raw jade is 11 percent while sales of uncut rubies, sapphires and other precious stones are subject to 9 percent tax. Sales of products made with gemstones are taxed 5 percent.
Until 2019, Myanmar collected specific-goods tax (SGT) on precious stones and jewelry. Following the enactment of the 2019 Union Tax Law, gems and jewelry are excluded from SGT but are subject to the new gems tax at the same rate as the SGT it replaces.
According to Article 38 of the Myanmar Gemstone Law 2019, gems and jewelry traders are subject to gems tax. They are also required to pay 5 percent commercial tax and 25 percent income tax.
If jewelry and precious stones are sold by individuals, the tax on income from such sales will be levied at the rate set by the Internal Revenue Department, which provides different rates of tax relief to individuals.
Sales of uncut and finished jade, sapphires and rubies at government-organized gems and jewelry expos are exempt from commercial tax. This tax exemption applies to both local and foreign traders. However, sales at trade fairs organized by the private sector do not enjoy the same tax exemption.


Myanmar Summary

ပြည်တွင်းတွင် ကျောက်မျက်ရတနာရောင်းချနေသူများသည် ရတနာခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်သုံးမျိုးလုံးကို ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ဇန်နဝါရီလ ၉ ရက်က ထုတ်ပြန်လိုက်သည်။

အဆိုပါကဲ့သို့ အခွန်(၃) မျိုးကောက်ခံရခြင်းမှာ ၂၀၁၉ ခုနှစ်တွင် ပြဌာန်းထားသည့် ပြည်ထောင်စုအခွန် အကောက်ဥပဒေအရ ကောက်ခံခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

ကျောက်စိမ်းအရိုင်းထည်များရောင်းချခြင်းအတွက် ရတနာခွန် ၁၁ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်ပြီး ပတ္တမြား၊နီလာနှင့်အခြားအဖိုးတန်ကျောက်မျက်ရတနာအရိုင်းထည်များဖြစ်ပါက ရတနာခွန် ၉ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကျောက်စိမ်း၊ပတ္တမြား၊နီလာနှင့်အခြားအဖိုးတန်ကျောက်မျက်ရတနာများ အချောထည်များနှင့် ကျောက်မျက်ဖြင့်ပြုလုပ်ထားသည့် အချောထည်များပစ္စည်းများ ရောင်းချခြင်းအတွက် ရတနာခွန် ၅ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ခုနှစ်အထိ ကျောက်မျက်ရတာရောင်းချခြင်းများအတွက် အထူးကုန်စည်ခွန်ကောက်ခံခဲ့ပြီး ၂၀၁၉ ပြည်ထောင်စုအခွန်အကောက်ဥပဒေတွင် ကျောက်မျက်ရတနာကို အထူးကုန်စည်အဖြစ်မှ ပယ်ဖျက်ကာ ကျောက်မျက်ရတနာရောင်းချခြင်းအတွက် အထူးကုန်စည်ခွန်ကောက်ခံခြင်းစာရင်း ပယ်ဖျက်ခဲ့သည်။

၂၀၁၉ ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ ရတနာခွန်အဖြစ်ပြောင်းလဲကာ ယခင်ကောက်ခံခဲ့သည့် အထူးကုန်စည်ခွန်နှုန်းထားများအတိုင်း ကောက်ခံခြင်း ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

ထို့ပြင် ကျောက်မျက်ရတနာပစ္စည်းများရောင်းချခြင်းအတွက် ရောင်းရငွေအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ၅ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

ထိုသို့ ရတနာခွန် နှင့် ကုန်သွယ်လုပ်ငန်းခွန်များပေးဆောင်သည့်အပြင် ဝင်ငွေခွန်ကို ၂၅ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

အဆိုပါ ဝင်ငွေခွန်အား လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းရောင်းချခြင်းဖြစ်ပါက ပြည်တွင်အခွန်များ ဦးစီးဌာန၏ သတ်မှတ်နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲများတွင် ရောင်းချရသည့် ကျောက်စိမ်း၊ နီလာနှင့် ကျောက်မျက်ရတနာ အရိုင်းထည်နှင့် အချောထည်များ ရောင်းချခြင်း အတွက် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကင်းလွတ်ခွင့်ပေးထားကြောင်း သိရသည်။ ယင်းသို့ ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်သည် နိုင်ငံခြားသားများလည်း အကျုံးဝင်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပခြင်းမဟုတ်သည့် ပြပွဲများအတွက် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်မရှိကြောင်း သိရသည်။

မြန်မာကျောက်မျက်ရတနာဥပဒေကို ၂၀၁၉ ဇန်နဝါရီ ၃၀ တွင် ပြဌာန်းခဲ့ပြီး ယင်းဥပဒေ ပုဒ်မ (၃၈) တွင် ကျောက်မျက်ရောင်းချသူများသည် ရတနာခွန်ကို မပျက်မကွက်ပေးဆောင်ရမည်ဟု ဖော်ပြထားသည်။  ကျောက်မျက်ရတနာပြပွဲများကို အစိုးရကကြီးမှူးပြီး နှစ်စဉ်လေးကြိမ်ခန့်ကျင်းပလေ့ရှိပြီး ပြည်နယ်နှင့်တိုင်းအလိုက် ကျောက်မျက်ရတနာအသင်းအဖွဲ့များနှင့် ပုဂ္ဂလိကကျောက်မျက်ကုန်သည်များ ကလည်း ပြပွဲများကို တစ်နှစ်ပတ်လုံးကျင်းပလေ့ရှိသည်။

SOURCEMyo Sandar
Previous articleGovt. to Lease Housing to Retired Employees
Next articleNTT Myanmar Gears Up to Offer ICT Enterprise Solutions