Giving Property as Gift May Require Tax Payment

0
213

The Internal Revenue Department will levy a tax on property given as a gift starting this fiscal year, according to an announcement by the department earlier this month.
Gifting property means legally transferring property to a beneficiary who meets the relationship requirements set by the law.
“This is the very first time we levy such tax in Myanmar,” an official from the Internal Revenue Department said.
The tax rate for property given as a gift is 3 percent for property worth up to K100 million, 5 percent for K100-300 million, 10 percent for K300-3,000 million and 30 percent for property worth K3,000 million and above.
The department said it had collected more tax revenue after reducing taxation rate on unassessed income. It has generated over K6 billion from taxes on real estate and auto purchases.
During the first two months of the new fiscal year, income tax generated K412.11 billion, commercial tax K294.814 billion, special tax K282.641 billion, gems and jewelry tax K1.854 billion, stamp tax K12.591 billion and lottery tax K25.483 billion, according to data from the department.
The tax on unassessed income has brought in K10.541 billion from the real estate sector, K8.473 billion from the automobile sector and K2.164 billion from boats/ships and capital.


Myamar Summary

၂ဝ၁၉ – ၂ဝ၂ဝဘဏ္ဍာနှစ်၌ အိမ်ခြံမြေ ရောင်းဝယ်ရာတွင် မေတ္တာဖြင့်ပေးကမ်းခြင်း အတွက် အခွန် စတင်ပေး ဆောင်ရမည်ဖြစ် ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနက ယခုလ အစောပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
မေတ္တာဖြင့်ပေးကမ်းခြင်းဆိုသည်မှာ ပေး အပ်သူနှင့် ရယူသူနှစ်ဦးအကြားကျေးဇူးရှိခဲ့ ဖူးကြောင်းနှင့်ခိုင်လုံသည့် သက်သေအထောက် အထားပြု၍ သော်လည်းကောင်း၊ သွေးသား တော်စပ်မှုကို ပြသခြင်းဖြင့် လည်းကောင်း ဥပဒေတွင်အကျုံးဝင်အောင်ဆောင်ရွက်ရာ ၌ တရားရုံး၌ကျမ်းကျိန်ကာ ပိုင်ဆိုင်မှုကို လွှဲ ပြောင်းခြင်း ဖြစ်သည်။
”ယခုလိုအစီအစဉ်နဲ့ အခွန်စည်းကြပ်တာ မျိုးဟာ ပြည်တွင်းအခွန်ဦးစီးဌာနရဲ့ ပထမ ဦးဆုံးဆောင်ရွက်ချက်ဖြစ်ပါတယ်”ဟု အဆို ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
၂ဝ၁၉ ခုနှစ်အခွန်ကောက်ဥပဒေအရ မေတ္တာဖြင့်ပေးကမ်းခြင်းအတွက် အခွန်စည်း ကြပ်ရာတွင် ကျပ် သိန်း၁ဝဝဝအထိ(၃)ရာ ခိုင်နှုန်း၊ ကျပ်သိန်း ၁ဝဝဝမှ ကျပ်သိန်း ၃ဝဝဝအထိ (၅) ရာခိုင်နှုန်း၊ ကျပ်သိန်း၃ဝဝဝ မှ ကျပ်သိန်း ၃ဝဝဝဝ အထိ(၁ဝ)ရာခိုင်နှုန်း နှင့် ကျပ်သိန်း ၃ဝဝဝဝ အထက်ကို (၃ဝ) ရာခိုင်နှုန်း သတ်မှတ်ထားသည်။
လက်ရှိဘဏ္ဍာနှစ်အတွက် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် အခွန်ဖြေ လျှော့ခဲ့ပြီးနောက်တွင် အိမ်ခြံမြေဝယ်ယူမှုနှင့် မော်တော်ယာဉ် ဝယ်ယူမှှုမှ ကျပ် ခြောက်ဘီ လီယံခန့် အခွန်ပိုမိုရရှိကြောင်း ပြည်တွင်းအ ခွန်များဦးစီးဌာနစာရင်းများအရ သိရသည်။
၂ဝ၁၉ – ၂ဝ၂ဝ ဘဏ္ဍာနှစ် နိုဝင်ဘာလ ကုန်အထိ အခွန်တစ်မျိုးချင်းကောက်ခံရရှိမှု အခြေအနေမှာ ဝင်ငွေခွန် ကျပ် ၄၁၂.၁၁ဝ ဘီလီယံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၂၉၄၈၁၄ ဘီလီယံ၊ အထူးကုန်စည်ခွန် ကျပ် ၂၈၂၆၄၁ ဘီလီယံ၊ ရတနာခွန် ကျပ် ၁၈၅၄ ဘီလီယံ၊ တံဆိပ်ခေါင်းခွန် ကျပ် ၁၂၅၉၁ ဘီလီယံနှင့် အောင်ဘာလေသိန်းဆုခွန် ကျပ် ၂၅.၄၈၃ ဘီလီယံကောက်ခံရရှိထားကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှ ထုတ်ပြန်ထား သည်။
၂ဝ၁၉ နိုဝင်ဘာကုန်အထိ စည်းကြပ်မှုမှ လွတ်ကင်းသောဝင်ငွေအပေါ် အခွန်ကောက် ခံရရှိမှုစာရင်းများအရ အိမ်ခြံမြေကဏ္ဍတွင် ကျပ် ၁ဝ ဒသမ ၅၄၁ ဘီလီယံ ၊ မော်တော် ယာဉ်ကဏ္ဍတွင် ကျပ် ၈ ဒသမ ၄၇၃ ဘီလီ ယံနှင့် ရေယာဉ်နှင့်မတည်ငွေကဏ္ဍတွင် ကျပ် ၂ ဒသမ ၁၆၄ ဘီလီယံ အသီးသီးကောက်ခံ ရရှိခဲ့ခြင်းဖြစ်သည်။

SOURCEZin Thu Tun/Myanmar Business Today
Previous articleLegal Ownership Secured for 10,000 Used Cars in Three Months
Next articlePrivate Bus Lines to Be Folded into YRG-Owned Companies