HomeBusinessGold association resumes its gold trading

Gold association resumes its gold trading

အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်

Yangon Region Gold Entrepreneurs Association (YGEA) has re-opened its office, where gold tradings for both domestic market and export, on May 18 in accordance with the health requirements set forth by the Ministry of Health and Sports.

The opening hours are 10 a.m. to 3 p.m.

Those who come to the office will have to wear a mask all the time, only one person will be allowed to climb up or down the stairs of the office building at one time and no one is allowed to make or receive phone calls when he or she is at the stairs and to eat food at the office.

Moreover, they will have to keep a safe distance in accordance with the directives of the Ministry of Health and Sports and follow the rules set by the association or will be temporarily banned to come to the office for one month.

Today, a tical of 25K gold is priced at K1.227 million. A tical is the local measurement for gold, equal to 0.576 ounce.


ပြည်ပတင်ပို့သည့်ရွှေများရောင်းဝယ်ခြင်းနှင့် ပြည်တွင်းတွင်အသုံးပြုနေသည့် ရွှေများရောင်းဝယ်ရာနေရာဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း(YGEA) ရုံးအား မေ (၁၈) ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း အဆိုပါအသင်းမှ သိရသည်။

အဆိုပါ အသင်းရုံးအား နံနက် (၁၀) နာရီတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ညနေ (၃) နာရီတွင် ပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေလုပ်ငန်းရှင်များအသင်းသို့ လာရောက်၍ အရောင်းအဝယ်ပြုလုပ်မည်သူများသည် အပူချိန်တိုင်းတာခြင်း၊ အချိန်ပြည့်နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လှေကားအတက်အဆင်းတွင် တစ်ဦးချင်းတက်ဆင်းရန်၊ လှေကားတွင် ဖုန်းမပြောရန်နှင့် အစားအသောက်စားကို ရုံးခန်းတွင်းစားသောက်ခြင်းမပြုရန် တားမြစ်ထားသည်။

ထိုပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ သတ်မှတ်ထားသည့် အကွာအဝေးတွင် အရောင်းအဝယ်ပြုလုပ်ကြရန်နှင့် အသင်းမှထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များကို ကြည်ဖြူစွာလက်ခံကြရန်လိုအပ်ကြောင်း အဆိုပါ အသင်းမှ ထုတ်ပြန်ထားသည်။

ထိုသို့ သတ်မှတ်ထားသည့် စည်းကမ်းချက်များကို မလိုက်နာသူများကို အသင်းသို့လာရောက်ခွင့် တစ်လယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်း အဆိုပါ အသင်းမှ သိရသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img