The skyrocketing gold price in Myanmar today has dropped by around K200,000 per tical within hours after reaching over MMK2.2 million in the morning before dropping to K2 million in the afternoon before the local gold market is closed. A tical of gold is equivalent to 16.32 grams or 0.576 oz.
Following the military take over, the gold price accompanied with deprecation of Myanmar Kyat has been increasing day by day. The industrial insiders believed that this is because of the ceasing people’s confidence on the banking system and Myanmar Kyat, decreasing revenue from export and reduced FDI inflow.
Later in the same day, Yangon Gold Entrepreneurs Associations association announced that the association’s meeting held in the morning of September 29 decided to sell 20 viss a day aiming to stabilize the gold price. (1 viss is equivalent to 1.632 kg or 3.6 lb)
The global gold price on September 29 was $1,737 per ounce while Myanmar Kyat against dollar was around K2700-3,000 per dollar in the informal market.
တဟုန်ထိုးမြင့်တက်နေသည့် ရွှေဈေးသည် ယနေ့နံနက်ပိုင်းက တစ်ကျပ်သားလျှင် ကျပ်၂၂သိန်းကျော်အထိ ဈေးပေါက်နေရာမှ ညနေပိုင်းတွင် ကျပ်သိန်း၂၀ သို့ ပြန်ကျသွားခဲ့ပြီး တစ်ကျပ်သားလျှင် ကျပ် ၂နှစ်သိန်းကျော် ကျဆင်းခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကျပ်ငွေတန်ဖိုးကျဆင်းခြင်းနှင့်အတူ ရွှေဈေးက နေ့စဉ်မြင့်တက်နေခဲ့ခြင်းဖြစ်သည်။ ရွှေလုပ်ငန်းရှင်များကတော့ ကျပ်ငွေနှင့် ဘဏ်လုပ်ငန်းအပေါ် ပြည်သူများ၏ ယုံကြည်မှုကျဆင်းလာခြင်း၊ ပို့ကုန်လုပ်ငန်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ နိုင်ငံခြားငွေ ဝင်ရောက်မရှိလျော့ကျခြင်းတို့ကြောင့်ဖြစ်သည်ဟု ဆိုကြသည်။
ထိုနေ့တွင်ပင် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်းက တစ်နေ့လျှင် ရွှေချိန် ပိဿာ ၂၀ ရောင်းချရန် ယနေ့ကျင်းပသော အသင်း၏ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း ကြေညာခဲ့သည်။
စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၃၇ ဒေါ်လာ ရှိခဲ့ပြီး ဒေါ်လာဈေးမှာ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ်၂၇၀၀ မှ ၃၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေသည်။