Local gold price, which has skyrocketed reaching over K1.7 million following the coup by the military, now has dropped as much as K200,000 as the price decreased to around K1.5 million per tical (tical= 16.3 g).
On May 26, the domestic gold market closed with K1.5 million per tical while global gold price at $1,880 per oz.
Before the Myanmar army staged the coup on February 1, the local gold price was around K1.3 million per tical but hit the record high on May 12 reaching over K1.7 million on May 12 as people turn to gold as savings due to political turmoil and lack of confident in Myanmar Kyat.
Then special investigation department was called in to stabilize the gold price as authorities suspect that there can be price manipulation. Later gold prices gradually ease.
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် တစ်ကျပ်သားကို ကျပ် ၁၇သိန်းကျော်ထိ အမြင့်ဆုံးစျေး ရောက်ရှိခဲ့တဲ့ မြန်မာ့အခေါက်ရွှေ စျေးနှုန်းဟာ နှစ်ပတ်အတွင်းမှာ ကျပ် ၁၅သိန်းဝန်းကျင်ကို ပြန်လည် ကျဆင်း လာခဲ့ပါတယ်။
မေလ၂၆ရက်နေ့ မှာ အကယ်ဒမီ မီးလင်းရွှေ ကတစ်ကျပ်သားကို ကျပ်တစ်ဆယ့်ငါးသိန်း သုံးသောင်း သုံး ထောင်နဲ့ စျေးပိတ်ခဲ့ပြီးတော့ ကမ္ဘာ့ရွှေစျေးက တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၈၈၀ ဒေါ်လာရှိပါတယ်။
မြန်မာရွှေစျေးဟာ စစ်တပ်အာဏာသိမ်းမူဖြစ်စဉ် မတိုင်ခင်က အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁၃သိန်း ဝန်း ကျင်ပဲရှိခဲ့ရာကနေ အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်တာ၊ မြန်မာကျပ်ငွေအပေါ် ယုံကြည်မှုနည်းပြီး၊ ရွှေဝယ်စုနေကြတာကြောင့် အပြင် ကို လက်ကြီးသမားတွေ ဈေးကွက်ဝင်ကစားတာ တွေရှိနေတာကြောင့် မေလ ၁၂ရက်နေ့မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁၇သိန်းကျော်ထိ အမြင့်ဆုံးစျေး ရောက်ရှိခဲ့ပါတယ်။
အဲဒီနောက် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (စသုံးလုံး)ရဲ့လမ်းညွှန်မှုနဲ့ ရွှေဈေးနှုန်းတည်ငြိမ်ရေး ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက မေလ ၁၆ရက်နေ့မှာ အသိပေးချက်ထုတ်ပြန်အပြီး၊ ရွှေစျေးဆက်တိုက်ကျဆင်းလာခဲ့တာပြဲဖစ်ပါတယ်။