Upscale Yangon real estate property Golden City has launched a New Year promotion campaign offering discounts on condominium units, to end March 31.
With Phase 1 and Phase 2 now completed, Golden City has seven residential towers targeted at young professionals and families. The development features facilities including a swimming pool and state-of-the-art fitness center.
“This pre-New Year promotion is our way of welcoming the Myanmar Thingyan Festival. We hope that this promotion will be more cost effective and match our buyers’ needs as well,” said Alex Lee, vice president and marketing director of Golden City’s developer Golden Land Real Estate Development.
Buyers can take advantage of installment payment plans offered in partnership with major banks including Yoma Bank, KBZ Bank, CB Bank and AYA Bank.
Myanmar’s first completed mixed-use project, Golden City has won local and international awards including “Best of the Best” and “Best High-End Condo Development” from Shwe Property in 2019.
Golden City ပရိုမိုးရှင်းကျင်းပ
ရန်ကင်းမြို့နယ်တွင် တည်ရှိသည့် Golden City Condo ရှိအခန်းများကို ဖေဖော်ဝါရီလ (၁)ရက်မှ မတ်လ (၃၁)ရက်အထိ ရောင်းချပေးသွားမည့် နှစ်သစ်အကြိုပရိုမိုးရှင်းအစီအစဉ်ကို မတ်လ (၃) ရက်တွင် Golden City Condo တွင် ကျင်းပခဲ့ကြောင်း Golden Land Real Estate Development Co., Ltd သိရသည်။
ထိုသို့ (၂) လတာရောင်းချပေးသွားမည့် ပရိုမိုးရှင်း အစီအစဉ်တွင် Golden City Condo ခန်းများကိုဝယ်ယူမည့် customer များအတွက် အထူးလျှော့ဈေးများနှင့် house-warming လက်ဆောင်များလည်းပါဝင်ကြောင်း Golden Land Real Estate Development Co., Ltd မှ သိရသည်။
Golden City တွင် လူနေတိုက်ခန်းတာဝါ (၇) ခုပါဝင်သည့် Phase 1နှင့် Phase 2 ကိုဆောက်လုပ်ပြီးစီးခဲ့ပြီးဖြစ်ကာ ယင်း phase 1နှင့် Phase 2 တွင် အဆင့်မြင့် ဖန်တီးထားသည့် ဒီဇိုင်းအပြင်အဆင်များ၊ ရေကူးကန်၊ ကာယလေ့ကျင့်ခန်း စင်တာများပါဝင်သည်။
Golden City ၏ Phase 2 သည် လူနေထိုင်ခွင့် (Building Completion Certification) လက်မှတ်ကိုရန်ကုန်မြို့တော်စည်ပင်ထံမှ ရရှိပြီး HPBC (High-Rise and Public Building Projects Committee) မှလည်း အသိအမှတ်ပြုပြီးဖြစ်ကြောင်း သိရသည်။
Yoma ဘဏ်၊ CB ဘဏ်၊ KBZ ဘဏ်၊ AYA ဘဏ်တို့နှင့် ချိတ်ဆက်ပြီး စိတ်ဝင်စားဖွယ် အရစ်ကျ ပေးချေမှု စနစ်များကိုလည်း customer များ အဆင်ပြေစွာ ပေးချေနိုင် ရန်စီစဉ် ထားရှိပေးထားကြောင်း သိရသည်။
ပရိုမိုးရှင်းကာလအတွင်းတွင် အခန်းဝယ်ယူမည့် သူများအနေဖြင့် အထူးကောင်းမွန်သော ဝန်ဆောင်မှုများ၊ အဆင့်မြင့် အသုံးအဆောင်ပစ္စည်းများ နှင့် တစ်ခန်းဝယ်လျှင် အပိုဆု လက်ဆောင် (၃) ခုရရှိနိုင်မည့် မြန်မာ့ပထမဦးဆုံးသော ပရိုမိုးရှင်း အစီအစဉ်များကို ရရှိမည်ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ (၁)ရက်နေ့မှ မတ်လ (၃၁) ရက်နေ့အတွင်းတွင် အိပ်ခန်း (၃) ခန်း၊ အိပ်ခန်း (၄) ခန်းနှင့်အထက် ပါရှိသော Condo ခန်းဝယ်ယူသူ customer များကို ၂၀ ရာခိုင်နှုန်းငွေ ချေပြီးသည်နှင့် တပြိုင်နက် အိမ်ရာထိန်းသိမ်း စောင့်ရှောက်ခ (၂) နှစ်စာအခမဲ့၊ ဒေါ်လာ (၅၀၀၀) တန်ဖိုးရှိသော ပရိဘောဂပစ္စည်းများနှင့် iPhone 11 တစ်လုံးလက်ဆောင်ပေးမည့်ဖြစ်ကြောင်း Golden Land Real Estate Development Co., Ltd သိရသည်။
ထို့အပြင် Golden City တွင် Fortune 500 စာရင်းဝင်ကုမ္ပဏီများနှင့် အခြားကုမ္ပဏီကြီးများလည်း GCBC တွင်လာရောက် ငှားရမ်းနေထိုင်ပြီး အလုပ်လုပ်ကိုင်လျက်ရှိကြောင်း Golden Land Real Estate Development Co., Ltd သိရသည်။
Golden City သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးတည်ဆောက်ပြီးစီးထားသော အဆင့်မြင့် အိမ်ရာ ပရောဂျက် ဖြစ်ပြီး နိုင်ငံတကာ အဆင့်မီကျောင်းများ၊ ဆေးရုံဆေးခန်းများနှင့် နီးကပ်စွာ တည်ရှိနေသည့်အတွက် မိသားစုများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ဝန်ထမ်းများအတွက် သင့်တော်သော ပတ်ဝန်းကျင် ကောင်းတစ်ခု ဖြစ်ကြောင်း ဆိုထားသည်။
ထိုပြင် Shwe Property မှ ၂၀၁၉ ခုနှစ်အတွက် “Best of the Best” နှင့် “Best High-End Condo Development” ဆုနှင့် နိုင်ငံတကာ property ဆုများဖြစ်သည့် “Best mixed-use development” ၊ “Best Condo Development” ၊ “Best Landscape Design” ဆုများလည်း ရရှိထားသည်။