
Tin Mg Oo/Myanmar Business Today
The government has been working to categorize mining plots in line with a newly adopted law, according to Dr. Ye Myint Swe, Deputy Minister of Natural Resources and Environmental Conservation.
“We are preparing the land plots after Myanma Gems Enterprise and the ministry checked ground inspection report on gem mines. We also asked for remarks from the local governments and will set the mining plots based on their remarks,” said the minister during Nov. 7 remarks at the Amyotha Hluttaw.
The Myanmar Gemstone Law was approved on January 30, 2019. Currently, bylaws are being drafted and the ministry is preparing mining plots to meet the bylaws.
Only small and medium-size mining plots and independent mines are allowed under the new law. A Union-level ministry has the authority to manage medium-size mining plots while small-scale and independent mining plots come under the purview of local authorities.
According to Article 9, Subsection A of the law, the Ministry of Natural Resources and Environmental Conservation must set the criteria for medium-size mining plots following negotiations with regional and state-level governments.
ကျောက်မျက်ရတနာ နည်းဥပဒေ ရေးဆွဲစဉ်ကာလအတွင်း ကျောက်မျက်ရတနာ လုပ်ကွက် အမျိုးအစားလိုက် ဧရိယာ သတ်မှတ်ခြင်းများ ဆောင်ရွက်ပေးနေ
ကျောက်မျက်ရတနာ နည်းဥပဒေ ရေးဆွဲစဉ်ကာလအတွင်း ကျောက်မျက်ရတနာ လုပ်ကွက် အမျိုးအစားလိုက် ဧရိယာ သတ်မှတ်ခြင်းများ ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက နိုဝင်ဘာလ ၇ရက်နေ့တွင် ပြုလုပ်သော အမျိုးသား လွှတ်တော်အစည်းအဝေးတွင် ပြောသည်။
“ ကွင်းဆင်းစစ်ဆေးချက် အစီရင်ခံစာကို မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း နဲ့ ဝန်ကြီးဌာနတို့က စိစစ်ပြီး လုပ်ကိုင်ခွင့်ပြုမယ့် ဧရိယာကို လျာထားသတ်မှတ်ပါတယ်။ ပြီးရင် အလတ်စားလုပ်ကိုင်ခွင့်ပြုမယ့် ဧရိယာအပေါ် တိုင်းဒေသကြီး နဲ့ ပြည်နယ်အစိုးရအဖွဲ့ နဲ့ သစ်တောဦးစီးဌာန တို့ကို သဘောထားတောင်းခံပါတယ်။ပြန်ကြားလာတဲ့ သဘောထား တွေအရ အလတ်စားဧရိယာတွေကို သတ်မှတ်ပေးပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့တွင် ပြဌာန်းခဲ့ကာ လက်ရှိတွင် နည်းဥပဒေကို ရေးဆွဲလျက်ရှိရာ ကြားကာလအတွင်း ကျောက်မျက်လုပ်ကွက်များကို ဥပဒေနှင့်အညီ ဖြစ်ပေါ်စေရန် ယခုလိုဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်မျက်ရတနာ ဥပဒေအရ ကျောက်မျက်ရတနာ လုပ်ငန်းအမျိုးအစားများမှာ အလတ်စား ၊ အသေးစားနှင့် လက်လုပ်လက်စား လုပ်ငန်းများ ဖြစ်ပြီး အဆိုပါလုပ်ငန်းများတွင် ပြည်ထောင်စုဝန်ကြီးဌာနမှ အလတ်စား လုပ်ငန်းများကို စီမံခန့်ခွဲရပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက အသေးစားနှင့် လက်လုပ်လက်စား လုပ်ငန်းများ တူးဖော်ထုတ်လုပ်ခြင်းကို စီမံခန့်ခွဲရသည်။
ကျောက်မျက်ရတနာ ဥပဒေ ပုဒ်မ ၉ ပုဒ်မခွဲ (က) တွင် ဝန်ကြီးဌာနသည် ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုရန် အလို့ငှာ ရတနာနယ်မြေအတွင်း ကျောက်မျက်ရတနာ တူးဖော်နိုင်သည့် နေရာများကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများဖြင့် ညှိနှိုင်း၍ အလတ်စား ကျောက်မျက်ရတနာ လုပ်ကွက်များအဖြစ် သတ်မှတ်ရမည်ဟု ပြဌာန်းထားသည်။