Myo Sandar/Mynamar Business Today
The Yangon Regional Government has been providing compensation for confiscated farm land in four Dagon Townships; South Dagon, North Dagon, East Dagon and Dagon Seikkan. Compensation started at K10 million per acre during the last week of September, they have already paid out K7 billion.
The next batch will be paid at the beginning of Fiscal Year 2020, amounting to a total of K31 billion. K200 billion will be paid in April 2020, promised U Phyo Min Thein, Chief Minister of Yangon Region.
The regional government decided to provide reimbursement for the land because it cannot be used for farming as these areas have become city land.
On October 8, land was returned to 187 farmers, which accounted for 20 percent of the total area confiscated for the New Yangon City project.
A handing over ceremony was held at the Resettlement Committee office for the project in Kyi Myin Daing Township, Yangon.
U Phyo Min Thein stated that all processes for the land is completed in accordance with the Land Confiscating Order. The order was issued by the union government and compensation rates are calculated by considering farming land as city land.
ဒဂုံလေးမြို့နယ်မှ လျော်ကြေးမပေးဘဲ သိမ်းယူထားသည့် မြေနေရာများအတွက် မြေလျော်ကြေးပေးနေပြီးကျန်ရှိသည့်မြေများအတွက်လည်းလျော်ကြေးပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့သစ်စီမံကိန်းအတွက် မြေနေရာပြန်လည်ပေးအပ်ပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါ ဒဂုံလေးမြို့နယ်ရှိ သိမ်းယူထားသည့် မြေကွက်များအတွက် မူလမြေပိုင်ရှင်များကို မြေလျော်ကြေးပေးအပ်ခြင်းကို စက်တင်ဘာ နောက်ဆုံးပတ်မှ စတင်ပေးအပ်ခဲ့ပြီး တရားဝင်ပိုင်ဆိုင်မှုအထောက်အထားရှိသည့် စလစ်ပိုင်ရှင်များကို တစ်ဧကလျှင် ကျပ် သိန်း ၁၀၀ အထိ မြေလျော်ကြေးပေးအပ်ခဲ့သည်။ စုစုပေါင်း မြေလျော်ကြေး ကျပ် ၇ ဘီလီယံ ပေးလျော်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စာရင်းများအရသိရသည်။
ရန်ကုန်မြို့သစ်စီမံကိန်းတည်ဆောက်ရေးမြေနေရာတွင်ပါဝင်သည့် တောင်သူများ၏ မြေထဲမှ ၂၀ ရာခိုင်နှုန်းကို မူလမြေပိုင်ရှင် တောင်သူ (၁၈၇) ဦးကိုလည်း အောက်တိုဘာ ၈ ရက်တွင် ပြန်လည်ပေးအပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
ထိုသို့ ရန်ကုန်မြို့သစ်စီမံကိန်းတည်ဆောက်ရေးမြေနေရာတွင်ပါဝင်သည့် တောင်သူများ၏ မြေထဲမှ ၂၀ ရာခိုင်နှုန်း ပြန်လည်ပေးအပ်ခြင်းကို ရန်ကုန်တိုင်း၊ ကြည်မြင့်တိုင်မြို့နယ်ရှိ ဘလုတ်ညွှန်ကျေးရွာရှိ ရန်ကုန်မြို့သစ်စီမံကိန်းမြေနေရာ ပြန်လည်နေရာချထားရေးလုပ်ငန်းအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ မြေများကို ယာယီမြေပေးမိန့်ဖြင့် မူလပိုင်ရှင်များကို ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မြေသိမ်းအမိန့်အားလုံးသည် ပြည်ထောင်စုက ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး ယခု သိမ်းဆည်းထားသည့် မြေများအတွက် ပေးမည့် လျော်ကြေးသည် မြို့မြေအဖြစ်သတ်မှတ်၍ မြေလျော်ကြေးပေးအပ်ရန်စီစဉ်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထပ်မံပြောကြားသည်။
လာမည့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အစပိုင်းတွင် ၃၁ ဘီလီယံပေးလျော်မည်ဖြစ်ပြီး ၂၀၁၉ ဧပြီတွင် မြေလျော်ကြေး ကျပ် ၂၀၀ ဘီလီယံကို ပေးလျော်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
လက်ရှိ မြေလျော်ကြေးပေးရန် ပြင်ဆင်လျက်ရှိသည့် မြေနေရာများသည် မြို့ပြနေရာများဖြစ်သွားခြင်းကြောင့် မြို့မြေများဖြစ်ကာ လယ်ပြန်စိုက်မရသည့်အခြေအနေများကြုံတွေ့နေရခြင်းကြောင့် ယခုကဲ့သို့ မြေလျော်ကြေးပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။