HomeBusinessLocalGovt allocates K38 bln for oil and rice reserve

Govt allocates K38 bln for oil and rice reserve

အရန်ဆန်နှင့် စားအုန်းဆီဝယ်ယူရန်နိုင်ငံတော်မှ ကျပ် ၃၈ ဘီလီယံထုတ်ပေး

အရန်ဆန်တန်ချိန် ငါးသောင်းဝယ်ယူရန်နှင့် စားအုန်းဆီတန်ချိန် တစ်သောင်းနှစ်ထောင်ဝယ်ယူရန် ကျပ် ၃၈ ဘီလီယံကို ခွင့်ပြုပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က နိုင်ငံတော်အရန်ရိက္ခာများဝယ်ယူရန်စုဆောင်းရေး၊ကုန်စျေးနှုန်း တည်ငြိမ်ရေးနှင့် ကုန်စည်စီးဆင်းမှုအဆင်ပြေချော့မွေစေရေးအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယင်းအစည်းအဝေးကို ဧပြီ ၂၂ ရက်တွင် ကျင်းပခဲ့ပြီး ကုန်သည်စက်မှုအသင်းချုပ်၊မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် မန္တာလေးတိုင်းဒေသကြီးရှိ ကုန်သည်လုပ်ငန်ရှင်အသင်းများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အရန်ဆန်နှင့်ဆီဝယ်ယူရေးအပြင် ကုန်စျေးနှုန်းတည်ငြိမ်ရေး၊အခြေခံလူတန်းစာများသို့ ကုန်စည်ဖြန့်ဖြူးရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် covid-19 ကြောင့် စီးပွားရေးထိခိုက်မှုလျော့နည်းစေရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုပြင် ကုန်စည်သယ်ယူပို့ဆောင်သည့် လမ်းကြောင်းတစ်လျှောက် အဆင်ပြေချောမွေစေရန်နှင့် အရန်ဆန်ဝယ်ယူရေးကိစ္စများတွင် လုပ်ငန်းရှင်များအနေဖြင့် ပူးပေါင်းပါဝင်ရန် ပြည်ထောင်စုဝန်ကြီးမှ တိုက်တွန်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။


The government of Myanmar aiming to stabilise the commodity price while making sure there is enough supply has allocated K38 billion to buy 50,000 tons of rice and 12,000 tons of palm oil as reserve, according to Dr. Than Myint, Union Minister of the Ministry of Commerce, at  meeting with local stakeholder organisations such as UMFCCI and Myanmar Edible Oil Dealers’ Association.

At the meeting, held on April 22, participants also discussed how to mitigate impact of COVID-19 on the country’s economy and how to streamline supply chains to stabilise comodity price.

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img