HomeBusinessGovt Considers Resuming Domestic Flights Depending on COVID-19 Situation

Govt Considers Resuming Domestic Flights Depending on COVID-19 Situation

The government of Myanmar is considering resuming domestic flights depending on the magnitude of the spread of COVID-19, according to the Civil Aviation Department.

The National Committee on Prevention, Control and Treatment of COVID-19 on its meeting also discussed the possibility of resuming domestic flights, and allowing travellers, who need to travel due to urgent matters and hold COVID-19 certificate issued by the health department, without requiring to stay quarantine upon arrival.

The Civil Aviation Department extended the domestic flight ban, imposed on September 11 after locally transmitted COVID-19 cases soared starting from late August, until November 30 amid rising COVID-19 cases in the country
The country also extended the international flight ban, imposed on March 30, to November 30.
As of November 23, there are over 80,505 confirmed cases with 1,765 deaths and 59,888 recovered.

Written by Ko Myo


ပြည်တွင်း လေကြောင်းခရီးစဉ်များအား ပြန်လည် ပြေးဆွဲနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါပိုး ကူး စက်ပျံနှံ့ မှုအခြေအနေအပေါ်မူတည်၍ သုံးသပ် နေကြောင်းလေကြောင်းပို့ဆောင်ရေးညွှန်ကြား မှု ဦးစီးဌာနက သိရသည်။

ပြည်တွင်းလေကြောင်းခရီးစဉ်များ ပြန်လည် ပျံသန်းပြေးဆွဲပေးနိုင်ရေး၊နေပြည်တော်ကောင်စီ နှင့် တိုင်းဒေသ ကြီးပြည်နယ်များသို့ ခရီးသွား ရန်အကြောင်းပေါ်ပေါက်လာပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနမှ ဆေးစစ်ဆောင်ရွက် ပေးထား သော ကိုဗစ်-၁၉ရောဂါရှိ/မရှိ ထောက်ခံချက် ပါရှိလျှင် Quarantine ဝင်ရောက်ရန်မလိုအပ် တော့ဘဲ သွားလာခွင့်ပြုနိုင်ရေးအတွက်ကို နိုဝင်ဘာလ ၁၇ ရက်ကကျင်းပပြုလုပ်ခဲ့သော ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီအစည်းအဝေး၌ ထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှု အခြေအနေများအား ဆက်လက် ထိန်းချုပ်လုပ်ဆောင်ရန်လိုအပ်ခြင်းကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ်များအား နိုဝင်ဘာ ၃၀ ရက်အထိ တိုးမြှင့်ရပ်နားထားကြောင်း သိရသည်။

ပြည်တွင်းလေကြောင်းခရီးစဉ်များအား ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အပါအဝင် အခြား မြို့များရှိလေဆိပ်၂၇ခုသို့ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြား မှု ဦးစီးဌာနမှ သိရသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img