HomeBusinessGovt denies large scale gold export/import

Govt denies large scale gold export/import

No.2 Mining Enterprise, a government body under the Ministry of Natural Resources and Environmental Conservation, has denied the request by the Yangon Region Gold Entrepreneurs Association to export/import gold at a large scale.

Both Yangon and Mandalay Gold Entrepreneurs Association, aiming to tackle the gold black market in border areas such as Tamu, Phaya Thone Su, and Muse, have applied for permission to work with the international gold market in line with the Bylaw of Mining Law.

According to the law, Trading gold worth over K200 million is considered large scale gold trading, while trading under K50 million as small scale gold trading and K50-200 million as medium scale.

Currently, the country exports gold under the One-Stop service but most of the exports are jewelry and the gold traders are still unable to export large quantities.

The government started allowing gold export/import by citizens on January 22, 2018, aiming to generate tax revenue and regulate the gold market. To export/import gold requires the traders to apply for a license first.

Myanmar is still in the grey list of Financial Action Task Force (FATF) requiring to regulate the export/ import of gold, jewelry, and artworks, and handicrafts made of gold in order to prevent illicit financial flow through such exports and imports. It allows the export of gold, jewelry, and artworks and handicrafts made of gold with a Letter of Credit (L/C).

Written by Ko Myo


အကြီးစား ရွှေလုပ်ငန်းများကို ပြည်ပတင်ပို့ရန်နှင့် ပြည်တွင်းတင်သွင်းရန် ခွင့်မပြုနိုင်ကြောင်း အမှတ်(၂) သတ္တုတွင်း လုပ်ငန်းက ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းထံသို့ နိုဝင်ဘာ ၁၆ ရက်တွင် အသိပေးခဲ့သည်။

ရန်ကုန်နှင့် မန္တလေးတိုင်းရှိ ရွှေလုပ်ငန်းရှင်များက နိုင်ငံတကာနှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရန် နည်းဥပဒေပါအတိုင်း လျှောက်ထားခြင်းကို ခွင့်မပြုနိုင်ကြောင်း အကြောင်းပြန်ကြားလာ ခြင်းဖြစ်သည်။

ပြည်တွင်းရှိ ရွှေလုပ်ငန်းရှင်များသည် နိုင်ငံတကာ နှင့် ချိတ်ဆက် ဆောင်ရွက်ရန် လျှောက်ထားခြင်း မှာ တမူး၊ ဘုရား သုံးဆူနှင့်မူဆယ်တို့ရှိတရား မဝင် ရွှေမှောင်ခို ရောင်းဝယ်မှုများကို တားဆီး နိုင်ရန်ဖြစ်ကြောင်း သိရသည်။

အကြီးစားရွှေသတ္တုရောင်း ဝယ်ခြင်းဆိုသည်မှာ ကျပ်သိန်း ၂,၀၀၀နှင့်အထက် အရောင်းအ ဝယ်ဖြစ်ပြီး ရွှေနှစ်ပိဿာနှင့်အ ထက်ရောင်းဝယ် ခြင်းကို ဆိုလို သည်။ ကျပ်သိန်း ၅၀၀ အောက် ကို အသေးစားအရောင်းအဝယ် နှင့် ကျပ်သိန်း ၅၀၀ နှင့် ၂,၀၀၀ ကြားကို အလတ်စားဟုဥပဒေ တွင် ပြဋ္ဌာန်းထားသည်။

လက်ရှိတွင် ပြည်ပရွှေတင် ပို့ခြင်းကို One Stop Service ဆောင်ရွက်နေကြောင်း လက်ဝတ်ရတ နာ အဆင့်ကိုသာ ပြည်ပသို့ တင်ပို့နိုင်ပြီး ပမာဏအမြောက် အမြား တင်ပို့နိုင်ခြင်း မရှိ ကြောင်း ရွှေလုပ်ငန်းရှင်များထံမှသိရသည်။

သတ္တုတွင်းနည်းဥပဒေအရ ရွှေတင်ပို့ခြင်း၊ တင်သွင်းခြင်း တို့အတွက် သတ္တုတွင်းလုပ်ငန်း၏ ခွင့်ပြုမိန့်လိုင်စင်ရယူရမည်ဖြစ်ပြီး နိုင်ငံတော် သယံဇာတထွက် ကုန်ရွှေသတ္တုကို တရားဝင် တင်ပို့ ခွင့်၊ တရားဝင်အခွန်အခရရှိစေ ရန်နှင့် ရွှေဈေးကွက်တရားဝင် ဖြစ်စေရန် မြန်မာနိုင်ငံ သား လုပ်ငန်းရှင်များအား တင်ပို့ခြင်း၊ တင် သွင်းခြင်းကို ၂၀၁၈ ဇန်နဝါရီ ၂၂ ရက်တွင် စတင်ခွင့်ပြုခဲ့သည်။

ထို့အပြင် တင်ပို့၊ တင်သွင်းရာတွင် လိုင်စင်မရမီ ကြိုတင်တင်သွင်း ခြင်း၊ တင်ပို့ခြင်းမပြုရန် တားမြစ် ထားပြီး တားမြစ်ချက်ကို မလိုက် နာပါက ပထမအကြိမ်သတိပေး ခြင်း၊ ဒုတိယ အကြိမ်ကျူးလွန်ပါ က လိုင်စင်ရုပ်သိမ်းခြင်း နှင့်ဥပဒေ အရ အရေးယူမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ရွှေများကို တင်သွင်း၊ တင်ပို့ ရာတွင် ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ဂိတ်များ က ပြုလုပ်နိုင်ပြီး အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန် ပစ္စည်းခွန်များ ပေးဆောင်ရမည် ဖြစ်သည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img