HomeBusinessGovt Plans K2,000 Billion Loan for Farmers

Govt Plans K2,000 Billion Loan for Farmers

The government of Myanmar will use K2,000 billion to provide loans to farmers as parts of the COVID-19 relief program, according to U Ye Min Oo, Deputy Mayor of Naypyidaw.

“To help the agricultural sector, we are planning to provide K2,000 billion loans to farmers through Myanma Economic Bank. Likewise, we are also planning to provide more loans to SMEs. Before the COVID-19 pandemic, we have allocated K250 billion to provide loans to SMEs and now the government will allocate more,” he added.

Myanma Economic Bank will also provide a K200 billion loan to Myanmar Agricultural Development Bank, which will use the credit to procure agricultural used machines.

Moreover, 11 local banks are also providing 3 year-term loans to SMEs using K71 billion funds from JICA during the COVID-19 period.

Under the Covid-19 Economic Relief Plan, the government has appropriated K200-500 billion, of which it has used K100 billion and will provide another K100 billion to the fishery sector.

“The financial assistance is not only to remedy the economic impact but also to do so on social impact. The total assistance are estimated to account for 5 percent of the GDP equivalent to $3.5 billion,” U Ye Min Oo, who is also Yangon Regional Minister for Planning and Finance, said.

The government is also working on acquiring a total of $1.5 billion in loans from international organizations such as IMF, World Bank, and ADB.

Written by Tayzar Bhone Myint/ Translated into English by Min Thu Aung


လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် ကျပ်ဘီလီယံနှစ်ထောင်ကို မြန်မာလယ်ယာစိုက်ပျိုးရေးဘဏ်က မကြာမှီထုတ်ချေးပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး ကပြောသည်။

“လယ်ယာစိုက်ပျိုးရေးကဏ္ဍတွေအတွက်ဆိုရင် မြန်မာလယ်ယာစိုက်ပျိုးရေးဘဏ်ကနေပြီးတော့ ကျပ်ဘီလီယံနှစ်ထောင်ပေါ့ ထုတ်ပေးပို့ဆောင်ရွက်နေပါပြီ။ မကြာခင်မှာထုတ်ပြီးချေးမှာပါ။ အဲ့လိုပဲ မြန်မာစီးပွားရေးဘဏ်ကနေပြီးတော့ အရင်တုန်းက SME လုပ်ငန်းတွေအတွက်ဆိုပြီးတော့ ရည်ရွယ်ထားတဲ့ငွေကြေးပမာဏ ရှိပါတယ်။ ဘီလီယံနှစ်ရာ့ငါးဆယ်။ ဒီအထဲကနေပြီး အရင်SME တွေကို ထောက်ပံ့တယ်အခုCOVID နဲ့သက်ဆိုင်တဲ့ SME တွေကိုထောက်ပံ့ဖို့စီစဉ်နေတာတွေရှိပါတယ်” ဟု ဦးရဲမင်းဦးက ပြောသည်။

ထိုအပြင်နောက်ထပ် မြန်မာစီးပွားရေးဘဏ်မှ မြန်မာလယ်ယာစိုက်ပျိုးရေး ဘဏ်ကို နောက်ထပ်ဘီလီယံ နှစ်ရာထုတ်ချေးပေးကာ မြန်မာလယ်ယာစိုကျပြိုးရေးဘဏ်မှ လယ်ယာသုံးပစ္စည်းများဝယ်ယူရန် ဆောင်ရွက်နေကြောင်းလည်း ၄င်းကဆက်ပြောသည်။

 ထို့အပြင်ပြည်ပအဖွဲ့ အစည်း ဖြစ်သောJICA ဖြင့် ချိတ်ဆက်ပြီးCOVID ကာလအတွက်သီးသန့် ကျပ် ၇၁ ဘီလီယံကို ဘဏ်ပေါင်း ၁၁ ဘဏ်မှ ၃ နှစ်ထိချေးငွေထုတ်ချေးနေကြောင်းလည်းသိရသည်။    

COVID ကြောင့်စီးပွားရေးထိခိုက်မှုကုစားရေး အစီအစဉ်အတွက် CERPမှကျပ် ဘီလီယံ ၂၀၀ မှ ၅၀၀ အသုံးပြုမည်ဖြစ်ရာ ဘိလီယံတစ်ရာ ကိုထုတ်ချေးပေးခဲ့ပြီးနောက်ထပ်ဘီလီယံ တစ်ရာအားထုတ်ချေးရာတွင် ငါးလုပ်ငန်းကဏ္ဍ၊ မွေးမြူရေးလုပ်ငန်းများ၊

စက်ရုံအလုပ်ရုံလုပ်ငန်းများကို ထုတ်ချေးပေးမည်ဖြစ်ကာ  သုံးကြိမ်မြောက်နောက်ထပ်ဘီလီယံတစ်ရာကိုလည်း ကဏ္ဍလိုက်ကဏ္ဍလိုက်ကို ဘတ်ဂျတ်ပမာဏ  တစ်ခုပြီးတစ်ခု အဆင့်လိုက်အဆင့်လိုက် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း  ဦးရဲမင်းဦး ကပြောသည်။

“ကျွန်တော်တို့ ချေးနေတဲ့ပမာဏ တစ်ခုထဲတော့ မဟုတ်ပါဘူးခင်ဗျ။ COVID-19 အတွက် ထိခိုက်သွားတဲ့ဟာတွေကို စီးပွားရေးလုပ်ငန်းတွေတင် မကဘူး။ ကျန်တဲ့လူမှုစီးပွားကိစ္စတွေပါ အထောက်အပံ့ဖြစ်နိုင်ဖို့ ဆိုပြီးတော့မှ နိုင်ငံတော်က ဆောင်ရွက်နေတာရှိပါတယ်။ ဆောင်ရွက်မှုတွေအားလုံးကို သက်ဆိုင်ရာဌာန တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက ခန့်မှန်းချေပေါ့။ ဂျီဒီပီရဲ့ ငါး ရာခိုင်နှုန်းလောက်ရှိနိုင်တယ်ဆိုပြီး ထုတ်ဖော်ပြောကြားထားတာတွေရှိ ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ပြောရင် အမေရိကန်ဒေါ်လာ သုံး ဒသမ ငါးဘီလီယံ လောက်ရှိပါတယ် အဲ့လောက်တော့ပံ့ပိုးမယ်ဆိုပြီးကြားထားတာရှိပါတယ်” ဟု ဦးရဲမင်းဦး ကပြောသည်။

ကမ္ဘာ့အဖွဲ့အစည်းများဖြစ်သော  IMF ၊ Word bank ၊ADBစသော အဖွဲ့အစည်းများက  COVID −19 ကုစားရေးအတွက် ချေးငွေ ၁ ဒသမ ၅ လီယံချေးငွေရယူရန်စီစဉ်နေကြောင်းလည်း သိရသည်။

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img