HomeBusinessGovt plans to provide financial assistance to workers

Govt plans to provide financial assistance to workers

(English text below)

အလုပ်ပိတ်ထားသည့် ၁၁ရက်စာအတွက် အလုပ်သမားများကို ငွေကြေးထောက်ပံ့ပေးနိုင်ရန် စီစဉ်

စက်ရုံ အလုပ်ရုံနှင့် အလုပ်ဌာနများအနေဖြင့် ဧပြီလ ၃၀ရက်နေ့အထိ ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစားဌာနမှ သိရသည်။

ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ သတ်မှတ်ချက်များကို လိုက်နာမှသာ ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ပြီး အဆိုပါအချက်များစစ်ဆေးခြင်းကို ဧပြီလ ၂၀ရက်နေ့မှ ၃၀ရက်နေ့အထိ စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကာ စစ်ဆေးမှု ခံယူရခြင်းမရှိသေးဘဲ ဖွင့်လှစ်မည်ဆိုပါက ဉပဒေအရ ထိရောက်စွာ အရေးယူမှု ပြုလုပ်သွားမည်ဖြစ်သည်။

စစ်ဆေးခြင်းကို ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ အလုပ်သမား၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အား၀န်ကြီးဌာနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အဖွဲ့များခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ စက်ရုံ အလုပ်ရုံများကို ဧပြီ ၃၀ရက်နေ့ အပြီး စစ်ဆေးရမည်ဖြစ်သည့်အတွက် စစ်ဆေးရေးအဖွဲ့ကိုလည်း လိုအပ်သလို တိုးမြှင့်ကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးမှု ပြုလုပ်နေသည့်အချိန်တွင် စက်ရုံ အလုပ်ရုံများ ပိတ်ထားရသည့်အတွက် ပိတ်ထားသည့် ၁၁ရက်စာအတွက် လူမှုဖူလုံရေး အာမခံကြေး ပေးသွင်းထားသည့် အလုပ်သမားများကို ငွေကြေးထောက်ပံ့ပေးရန် စီစဉ်ဆောင်ရွက်နေလျက်ရှိကြောင်း အလုပ်သမား၊ လူ၀န်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာနမှ သိရသည်။

လူမှုဖူလုံရေးဉပဒေတွင် ကျန်းမားရေးကို အကြောင်းပြုသည့် ကိစ္စရပ်များဖြစ်ပေါ်လာပါက လူမှုဖူလုံးရေး ထည့်၀င်ကြေး၏ ၆၀%ကို ပြန်လည်ထုတ်ပေးခွင့်ရှိကြောင်း ဖော်ပြပါရှိသည့်အတွက် ၀န်ထမ်းများကို ငွေကြေးထောက်ပံ့ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လူမှုဖူလုံရေး ထောက်ပံ့မှုနဲ့ အကျုံး၀င်သည့် အလုပ်သမားအရေအတွက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၁.၅သန်းကျော်အထိရှိကြောင်း သိရသည်။


 

The government has ordered all the factories, workshops and workplaces to close until April  30 or they will face penalties if they reopen without permission, according to the Ministry of Labour, Immigration and Population.

The joint government bodies will inspect the factories if they meet health and safety requirements set the Ministry of Health and Sport between April 20 and 30 and those who meet the requirements will be allowed to reopen.

During the inspection period, the Ministry of Labour, Immigration and Population is planning to provide funds to workers who have paid social security funds. According to the social security law, workers are entitled to withdraw 60 percent of the social security funds they have paid in case of unprecedented events related to health.

There are 1.5 million workers who are eligible to enjoys the benefits from social security program.

- Advertisment -spot_img

Must Read

Ooredoo adopts new brand positioning

Recently, Ooredoo Myanmar changed their brand logo on Facebook baffling the users amid rumours that Ooredoo Group was planning to sell its Myanmar branch. But...
spot_img