Govt Takes Back Over 1 Million Acres of Land

0
112

by Tin Mg Oo

From the 1990s to January 2018, the government granted a total of 23 million acres of land for business and investment purposes. It has since taken back over 1 million acres as those who had been granted the lands were not using them, according to a report by the Joint Public Accounts Committee.
“The government has been granting vacant lands for business purposes since 1991. Out of 23 million acres of land, we have taken back 1.5 million acres that do not meet requirements, or because the people who had been granted the lands were not using them,” U Aung Min, a member of the Joint Committee, recently told parliament.
The government in 1991 granted land tax exemption to those who use vacant lands for a certain number of years. The tax exemption expired in 2012 upon enactment of a vacant land management law.
However, the relevant ministry did not start collecting land tax until fiscal 2017-2018, causing revenue loss for the country, said U Aung Min.
The committee’s report emphasizes the need to levy annual land tax in a systematic way to prevent revenue losses.


လုပ်ငန်းဆောင်ရွက်ခြင်းမရှိသည့် မြေဧက ၁ သန်းခွဲဧကကျော် အစိုးရပြန်လည် သိမ်းယူ

၂၀၁၈ ဇန်နဝါရီ အထိ မြန်မာနိုင်ငံအတွင်း မြေလွတ်မြေလပ်မြေရိုင်း ဧကပေါင်း ၂၃ သန်း ဧကခန့်ကို လုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ရန် ခွင့်ပြုပေးခဲ့ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။ အဆိုပါ မြေများမှ လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိသည့် မြေဧကပေါင်း ၁ သန်းခွဲဧကကျော်ကို ပြန်လည်သိမ်းယူခဲ့ပြီးဖြစ်ကြောင်း ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် ၁၅ ကြိမ်မြောက် အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ မြေလွတ်မြေလတ် မြေရိုင်းတွေကို လုပ်ကိုင်ဆောင်ရွက်ခွင့်ပေးခဲ့တာက ၁၉၉၁ ခုနှစ်ထဲက စတင်ပြီး ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒီဧကပေါင်း ၂၃ သန်းဧကလောက်မှာ သတ်မှတ်ကာလအတွင်းမှာ ဖော်ထုတ် လုပ်ကိုင်ခွင့်မပြုတဲ့ စည်းမျဉ်းစည်းကမ်းများနဲ့ မညီညွတ်တဲ့ အတွက် ပြန်လည် သိမ်းဆည်းမှုတွေက ၁ ဒသမ ၅ သန်း ဧကကျော်လောက် ရှိပါတယ် ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်နှင့် အစီရင်ခံစာ ဖတ်ကြားတင်သွင်းမှုတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြေလွတ် မြေလတ် မြေရိုင်းတွေကို လုပ်ကိုင်ဆောင်ရွက်ခွင့်ပေးခဲ့သည့် ၁၉၉၁ ခုနှစ်တွင် မြေခွန်ပေးဆောင်ခြင်းများကို နှစ်ကာလ အကန့်အသတ်ဖြင့် ကင်းလွတ်ခွင့်ပေးထားခဲ့သော်လည်း ၂၀၁၂ မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲမှုဥပဒေတစ်ရပ် ထွက်ပေါ်လာသည့် အချိန်တွင် ယခင် ကင်းလွတ်ခွင့်များ ကုန်ဆုံးသွားပြီဖြစ်သည်။

သို့သော် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် မြေခွန်များကို ကောက်ခံခဲ့ခြင်းမရှိဘဲ ၂၀၁၇ − ၂၀၁၈ ခုနှစ်မှသာ စတင်၍ စုပေါင်းပြီးတပြေးညီကောက်ခံခြင်းများ ဆောင်ရွက်ခဲ့သည့်အတွက် နိုင်ငံတော်အနေဖြင့် ရသင့်ရထိုက်သည့် အဆိုပါ မြေလွတ်မြေလတ် မြေရိုင်း များထံမှ မြေခွန်များကို ရရှိခဲ့ခြင်းမရှိဘဲ နိုင်ငံတော်မှ နစ်နာမှုများ များစွာ ဖြစ်ပေါ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးအောင်မင်းက ပြောသည်။

ထို့ကြောင့် နိုင်ငံတော်အတွက် အခွန်အခများ နစ်နာဆုံးရှုံးမှုများ မဖြစ်ပွားစေရေးအတွက် သတ်မှတ်ထားသော မြေခွန်နှုန်းထားများကို တစ်နှစ်လျှင် တစ်ကြိမ် စည်းကြပ်ကောက်ခံရန်နှင့် မြေခွန်များ အပြည့်အဝရရှိစေရန် ဥပ ဒေပါ ပြဌာန်းချက်များအတိုင်း အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်နှင့် အစီရင်ခံစာ တွင် ဖော်ပြထားသည်။

SOURCETin mg Oo /Myanmar Business Today
Previous articleRubber Association Seeks IRA Certification
Next articlePOSCO Discovers Gas Field off Rakhine Shore