Govt. to Lease Housing to Retired Employees

0
401
DUHD

Retired government employees can now apply for tenancy at the rental housing recently built by the Ministry of Construction in Dekhina Thiri Township, Naypyidaw, according to an announcement by the ministry.
Eligible applicants are retirees in low pension income groups who do not own housing. The ministry will give priority to those due to retire this year, those in weak health and those without relatives to take care of them.
Applicants need to have enough income to cover the rental fee and the ministry will review rental fees every five years.
If a tenant brings others to live with him or her or the tenant and his or her spouse die, the ministry will take back the apartment.
The ministry has built five 5-storey apartment buildings with 12 units on each floor and set rental fees at K30,000 for ground-floor apartments, K29,000 for first-floor apartments, K28,000 for second-floor apartments, K27,000 for third-floor apartments and K26,000 for fourth-floor apartments.
Applicants need to submit a completed application form signed by the permanent secretary of the ministry they work for by the end of January.
The government in June 2017 issued a decree to develop rental housing for government employees and subsequently formed a central committee and working committee for the projects, most of which are located in Naypyidaw, Yangon and Mandalay.
Authorities plan to lease out apartments to retired government employees before the end of this fiscal year.


Myanmar Summary

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း၌ တည်ဆောက်ပြီးစီးသော အငှားအိမ်ရာစီမံကိန်းတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၊ သတ်မှတ်ချက်နှင့်အညီ ငါးနှစ်သက်တမ်းရှိနေထိုင်ခွင့်လျှောက်ထားနိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

လျှောက်ထားသူသည် အိမ်ပိုင်မရှိသူ၊ အငြိမ်းစားလစာငွေနည်းပါးသူဖြစ်ရမည်ဖြစ်ပြီး ၂၀၁၉ ၊ ၂၀၂၀ ပြည့်နှစ်အတွင်း အငြိမ်းစားယူမည့် အမှုထမ်းများ၊ ကျန်းမားရေးချို့တဲ့သူနှင့် စောင့်ရှောက်မည့် ဆွေမျိုးမရှိ သူများကို ဦးစားပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အငှားအိမ်ရာတွင် နေထိုင်ခွင့်ရရှိလိုသူများအနေဖြင့် သတ်မှတ်ငှားရမ်းခအားပေးဆောင်နိုင်သည့် လစာဝင်ငွေရှိသူဖြစ်ရန်လိုအပ်ပြီး တစ်ကြိမ်လျှင် ငါးနှစ်သက်တမ်းဖြင့်ငှားရမ်းပေးမည်ဖြစ်ကာ ငှားရမ်းခကို ငါးနှစ်တစ်ကြိမ်ပြန်လည်သုံးသပ်ပေးမည်ဖြစ်သည်။

အငှားချထားခံရသူသည် ကိုယ်တိုင်နေထိုင်ခြင်းမရှိပါက အခန်းကို ပြန်လည်သိမ်းဆည်းမည်ဖြစ်ပြီး အငှားချထားခံရသူနှင့် ၎င်း၏ ဇနီး သို့မဟုတ် ခင်ပွန်း ကွယ်လွန်ပါက အခန်းကို ပြန်လည်သိမ်းဆည်းမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

နေပြည်တော် အငှားအိမ်ရာစီမံကိန်းတွင် အငြိမ်းစားအမှုထမ်းဝန်ထမ်းများအတွက် အခန်း(၁၂)ခန်းပါ၊ (၅)ထပ်အဆောက်အဦ (၅)လုံး၊ အခန်းပေါင်း(၃၀၀)တည်ဆောက်ထားပြီး ငှားရမ်းခမှာ တစ်လလျှင် မြေညီထပ် ကျပ်သုံးသောင်း၊ ပထမထပ်ကျပ်(၂၉၀၀၀)၊ ဒုတိယထပ်ကျပ်(၂၈၀၀၀)၊ တတိယထပ်ကျပ်(၂၇၀၀၀)နှင့် စတုတ္ထထပ်ကျပ်(၂၆၀၀၀)သတ်မှတ်ထားသည်။

လျှောက်ထားလိုသူများအနေဖြင့် လျှောက်လွှာပုံစံအရ သက်ဆိုင်ရာဝန်ကြီးဌာနမှတဆင့် အမြဲတမ်း အတွင်းဝန်လက်မှတ်ရေးထိုးပြီး အခန်းနေရာချထားရေးကော်မတီထံသို့ ယခုလ(၃၁)ရက်နေ့နောက်ဆုံးထား တင်ပြရမည်ဖြစ်ကြောင်းဖော်ပြထားသည်။

အခန်းနေရာချထားရေးကော်မတီသို့ ပေးပို့လာသောအမည်စာရင်းများကို နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ တည်ဆောက်ရေးကော်မတီထံတင်ပြအတည်ပြုချက်ရယူပြီး နေထိုင်ခွင့်ရရှိသူကို အကြောင်းပြန်ကြား ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာများဖော်ဆောင်ရေးအတွက် ၂၀၁၇ ခုနှစ် ဇွန်လက အမိန့်ကြော်ငြာစာ တစ်ရပ်ထုတ်ပြန်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် မြို့တော်ဝန်များပါဝင်သည့် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာတည်ဆောက်ရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းခဲ့သည်။

ဆောက်လုပ်ပြီးသည့် အိမ်ရာများတွင် အငြိမ်းစားဝန်ထမ်းများကို ယခုဘဏ္ဍာနှစ်တွင် လူနေထိုင်ခွင့်ပြုရန်စီစဉ်ထားပြီး အိမ်ရာဖော်ဆောင်မှှုသည် နေပြည်တော်ကောင်စီနယ်မြေ ၊ ရန်ကုန်တိုင်း နှင့် မန္တလေးတိုင်းတို့တွင် အများဆုံးရှိထားသည်။

 

 

SOURCEZin Thu Tun/Myanmar Business Today
Previous articleZanzibar in the Rain
Next articleGems, Jewelry Sellers Subject to 3 Separate Taxes