The Ministry of Planning, Finance and Industry on November 11 announced that it will provide accommodation fees to the government employees, who need to travel domestic trips on duty.
According to the announcement, officials whose ranks are equal to General Director will be reimbursed K50,000 per day for accommodation in the trip to Naypyidaw, Yangon, and Mandalay, and K30,000 for trips to other cities.
For officials whose ranks are equal to Director and Deputy Director-General, the government will reimburse K30,000 per day for trips to Naypyidaw, Yangon, and Mandalay, and K20,000 for trips to other cities.
For other ranks such as Department Head to Deputy Director, the reimbursement will be K25,000 to Naypyidaw, Yangon, and Mandalay, and K20,000 to other cities while other ranks will be reimbursed K20,000 and K15,000.
This is the result of the decision of the Union Government, who decided to reform Article 6 (1) of the Bylaw of Myanmar Travelling Allowance, which stated that the government employees will need to pay for the accommodation by themselves when traveling if his/her department can not arrange for the accommodation.
When traveling, the government officials need to stay at state-owned lodging and can stay at private hotels and motels only if there is no state-owned lodging available in the area or at the time of travel. The officials need to submit the receipt to reimburse the fees once the trip is complete.
However, for the trip paid from foreign aid or loans, the government will not compensate the accommodation fees.
The reimbursement program was launched on October 1.
Written by Ko Myo
တာဝန်ဖြင့် ပြည်တွင်းခရီးသွားလာရသော နိုင်ငံ့ ဝန်ထမ်းများကို တည်းခိုစရိတ်ထောက်ပံ့ကြေး ပေးမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်ကို နိုဝင်ဘာ ၁၁ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ခွင့်ပြုမည့် တည်းခိုစရိတ်ကို ရာထူးအဆင့်လိုက် သတ်မှတ် ထားကြောင်း သိရသည်။
ထုတ်ပြန်ချက်အရ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်တူနှင့် အထက်အဆင့်အ ရာရှိကြီးများ ဖြစ်သော နိုင်ငံ့ဝန်ထမ်းများသည် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးသို့ ခရီးသွား လာခြင်း အတွက် တည်းခိုစရိတ် တစ်ဦးလျှင် တစ်ရက် ၅၀,၀၀၀ ကျပ်၊ အခြားမြို့များသို့ သွား ရောက်ပါ က တစ်ဦးလျှင် တစ်ရက် ၃၀,၀၀၀ ကျပ် ခံစားခွင့်ရ မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ညွှန်ကြားရေးမှူးနှင့်အဆင့် တူမှ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် အဆင့်တူအထိ နိုင်ငံ့ဝန်ထမ်း များသည် နေပြည်တော်၊ရန်ကုန် နှင့် မန္တလေးသို့ ခရီးသွားလာ ခြင်းအတွက် တည်းခိုစရိတ်တစ်ဦး လျှင် တစ်ရက် ၃၀,၀၀၀ ကျပ်၊ အခြားမြို့များသို့ သွားရောက်ပါ က တစ်ဦး လျှင်တစ်ရက်၂၀,၀၀၀ ကျပ်ရရှိမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဦးစီးအရာရှိနှင့် အဆင့်တူမှ ဒုတိယ ညွှန်ကြား ရေးမှူးနှင့် အဆင့်တူအထိ နေပြည်တော်၊ရန် ကုန်နှင့် မန္တလေးသို့ ခရီးသွား လာရာတွင် တည်းခိုစရိတ်တစ်ဦးလျှင် တစ်ရက် ၂၅,၀၀၀ ကျပ်၊ အခြားမြို့များသို့ သွားရောက်ပါ က တစ်ဦး လျှင်တစ်ရက် ၂၀,၀၀၀ ကျပ်ခံစားခွင့်ရမည်ဟု ကြေညာထားသည်။
အလားတူ နိုင်ငံ့ဝန်ထမ်း(အမှုထမ်း)များလည်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးသို့ ခရီးသွား လာခြင်းအတွက် တည်းခိုစရိတ် တစ်ဦးလျှင် တစ်ရက် ၂၀,၀၀၀ ကျပ်နှင့် အခြားမြို့များသို့ သွား ရောက်ပါက ကျပ် ၁၅,၀၀၀ ခံစားခွင့် ရမည်ဖြစ်သည်။
မြန်မာနိုင်ငံခရီးစရိတ် နည်းဥပဒေ ၆ နည်းဥပဒေ ခွဲ(၁) အရ နိုင်ငံ့ဝန်ထမ်းများ တာဝန်အရ ခရီး သွားရာတွင် ဌာနအဖွဲ့အစည်းများက အခမဲ့ တည်းခိုနေ ထိုင်စေရန် စီစဉ်ပေးနိုင်ခြင်းမရှိ ပါက ပြင်ပ၌ မိမိအစီအစဉ်ဖြင့် တည်းခိုနေထိုင်ရသည့် တည်းခို စရိတ်ကို ခေတ်ကာလအရ ပြင် ဆင်ရန် ပြည်ထောင်စုအစိုးရကဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းများတာဝန်အရ ခရီးသွားရာတွင် နိုင်ငံတော်ပိုင် အစိုးရဧည့်ရိပ်သာ၌ တည်းခို မရသည့်အခါနှင့် အစိုးရဧည့်ရိပ် သာမရှိသည့် ဒေသများတွင် ပုဂ္ဂလိကပိုင် တည်ခိုခန်းနှင့် ဟို တယ်များတွင်သာတည်းခိုရန် အသိပေးထားပြီး တာဝန်အရခရီးသွားလာသည့်ဝန်ထမ်းကိုယ်တိုင် အတွက်သာ ခွင့်ပြုရန်နှင့် တည်းခိုစရိတ် ငွေတောင်းခံလွှာအား ခရီးစဉ်ပြီး ဆုံးသည်နှင့် တစ်ပြိုင်တည်းတင်ပြတောင်းခံမည်ဟု သိရသည်။
သို့ရာတွင် ပြည်ပအကူအညီ၊ ပြည်ပ ချေးငွေ တို့ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ၊ စီမံကိန်း များအတွက် လုပ်ငန်းတည်ရှိရာနေရာသို့ သွားရောက်ခြင်းကြောင့် ပြည်ပအကူအညီ၊ ချေးငွေတို့မှ ကျခံသုံးစွဲရပါက တည်းခိုစရိတ် ထုတ်ယူခွင့်ရမည် မဟုတ်ကြောင်းသိရသည်။
အဆိုပါ တည်းခိုစရိတ်ထောက်ပံ့ကြေးကို ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၁ရက်မှ စတင်ကာ ခံစားခွင့်ပြုထားခြင်းဖြစ်သည်။