The Ministry of Social Welfare Relief and Resettlement announced that it will provide financial assistance to the pregnant mothers in nine states and regions including the Naypyidaw Council Region.
The Ministry of collect data of the pregnant mothers between August 1 and September 15.
All the mothers who have documents confirming pregnancy issued by the government hospitals and clinics or private hospitals and clinics are eligible for financial assistance.
The financial assistance program will cover Naypyidaw Council Region, Kachin State, Magway Region, Sagaing Region (Naga region not included), Mandalay Region, Yangon Region, Mon State, Bago Region and Tanintharyi Region.
The pregnant mothers will be able to enjoy K30,000 once by registering through the app Ngwe Bike (roughly translated as Silver Pregnancy), which is available at Google Play Store and Apple Store.
The government will provide financial assistance to the bank accounts of the benefactor or through closet bank branches, mobile payment, or through quarter heads.
Written by Tayzar Bhone Myint/ Translated into English by Min Thu Aung
နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုတွင် COVID-19 ကာလ ကိုယ်ဝန်ဆောင် ထောက်ပံ့ကြေးကို ပေးအပ်သွားမည်ဖြစ်ကြောင် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကထုတ်ပြန်သည်။
ကိုယ်ဝန်ဆောင်များအတွက် စာရင်းကောက်ယူမည့်ကာလ ကို ၂၀၂၀ပြည့်နှစ်၊ သြဂုတ် ၁ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ကနဦးသတ်မှတ်ထားသည်။
အဆိုပါကာလအတွင်း ကိုယ်ဝန်ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ ဆေးရုံ၊ ကျန်းမာရေးဌာနများ ၏ အထောက်အထား (သို့မဟုတ်) တရားဝင်မှတ်ပုံတင်ထားသော ပုဂ္ဂလိက ဆေးရုံဆေးခန်းများ ၏ အထောက်အထားရှိသူ ကိုယ်ဝန်ဆောင်မိခင်များအားလုံး အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
ယခုအစီအစဉ် တွင် အကောင်အထည်ဖော်မည့်ဒေသများမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး (နာဂဒေသမပါ)၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီး တို့ ဖြစ်သည်။
အကျိုးခံစားခွင့်ရှိသူကိုယ်ဝန်ဆောင်များသည် ထောက်ပံ့ကြေးအဖြစ် မြန်မာကျပ်ငွေသုံးသောင်းကို တစ်ကြိမ်ခံစားခွင့်ရမည်ဖြစ်သည်။
Google Paly Store နှင့် Apple Store တို့တွင် ငွေဗိုက်(Ngwe Bike) အက်ပလီကေးရှင်းအား Download ရယူပြီးစာရင်းသွင်းနိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ထောက်ပံ့ကြေးအား အကျိုးခံစားခွင့်ရရှိသူများ ၏ ကိုယ်ပိုင်ဘဏ်စာရင်း (သို့မဟုတ်) နီးစပ်ရာဘဏ်ခွဲများ (သို့မဟုတ်) မိုဘိုင်းငွေလွှဲစနစ်ဖြင့်လွှဲပို့ထောက်ပံ့ခြင်း (သို့မဟုတ်)သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများ ရှိ စုရပ်များ၌ ထောက်ပံ့ခြင်းတို့ ကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မှ စတင်၍ ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှ မွေးဖွားလာသော ကလေးများ အသက်၂ နှစ်အထိ ငွေကြေးထောက်ပံ့မှုလုပ်ငန်းများကို ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် နှစ်စဉ်တိုးချဲ့၍ ပုံမှန်ပံ့ပိုးပေးလျက်ရှိသည်။