Financial Regulatory Department announced that the government will provide one-year loans with low interest to tea shops and small restaurants.
The government through Myanma Economic Bank will provide loans to microfinance services at a one percent annual interest rate so that they can lend the teashops and small restaurants, who suffered a blow from the impact of the COVID-19, at a two percent annual interest rate.
In addition to the two-step loans, Myanma Economic Bank will also provide loans to microfinance services with a 9 percent annual interest rate for collateral loans and 11.5 percent for non-collateral loans. The loan term is three years.
Microfinance companies, who want to apply for the loan can apply at the Financial Regulatory Board filling all the necessary information on the forms which can be download at www.frd.gov.mm.
Written by Tayzar Bhone Myint/ Translated into English by Min Thu Aung
အခြေတကျ ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိသော လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များအား ကာလတို ၁ နှစ်သက်တမ်းရှိ ရင်းနှီးမတည်ငွေ (ချေးငွေ)ကိုအတိုးနှုန်းသက်သာစွာထုတ်ချေး မည်ဖြစ်ကြောင်း ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ထုတ်ပြန်သည်။
မြန်မာ့စီးပွားရေး ဘဏ်မှတဆင့် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များအားထုတ်ချေးရန် အသေးစားငွေရေးကြေးရေးအဖွဲ့ အစည်းများသို့ တစ်နှစ်လျှင်အတိုးနှုန်း တစ်ရာခိုင်နှုန်းဖြင့်ချေးငွေသက်တမ်း ၁ နှစ်ထုတ်ချေးပေးမည်ဖြစ်သည်။
ထိုအသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများမှ COVID ကြောင့်ထိခိုက်မှုရှိသည့် လက်ဖက်ရည်ဆိုင်နှင့်စားသောက်ဆိုင်ငယ်များသို့ တစ်နှစ်လျှင် အတိုးနှုန်း ၂ ရာခိုင်နှုန်းဖြင့် ငွေချေးသက်တမ်း ၁ နှစ်ထုတ်ချေးမည်ဖြစ်သည်။
ထို့အပြင် အသေးစားငွေရေးကြေးရေးအဖွဲ့ အစည်းများသို့ စီးပွားရေးချေးငွေကို အပေါင်ပစ္စည်းပေးနိုင်လျှင် တစ်နှစ်အတိုးနှုန်း ၉ ဒသမ ဝ ရာခိုင်နှုန်နှင့်အပေါင်ပစ္စည်းမပေးနိုင်လျှင် တစ်နှစ်အတိုးနှုန်း ၁၁ ဒသမ ၅ ရာခိုင်နှုန်း ချေးငွေသက်တမ်းသုံးနှစ်မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ချေးပေးမည်ဟုလည်းငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ထုတ်ပြန်သည်။
စီးပွားရေးချေးငွေ ရယူလိုသည့် လုပ်ငန်းလုပ်ပိုင်ခွင့်လိုင်စင်ရရှိထားသော အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသည် ပူးတွဲတင်ပြရမည့် အထောက်အထား စာရွက်စာတန်းစာရင်းကို ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ Website: www.frd.gov.mm တွင်ရယူ၍ ပြည့်စုံစွာဖြည့်စွက်ပြီး မြန်မာနိုင်ငံအသေးစား ငွေရေးကြေးရေး လုပ်ငန်းများကူညီမှု အသင်းမှတဆင့် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသို့ ၂၀၂၀ သြဂုတ်လ ၇ ရက်နေ့ နောက်ဆုံးထားပေးပို့ရမည်ဖြစ်သည်။