Home Business Govt to Provide Over K21 Billion Loan to 1,200 Businesses

Govt to Provide Over K21 Billion Loan to 1,200 Businesses

The government will provide a K21.122 billion loan to 1,200 businesses that suffered from the impact of the COVID-19 pandemic, according to U Thaung Tun, Union Minister of the Ministry of Investments and Foreign Economic Relations.

He said that during the video conference of the COVID-19 Economic Relief Work Committee, chaired by him, held on October 14.
“The government allocated K100 billion to provide the second trench of loans, out of which we have used K20.277 billion to provide loans to K1,041 businesses in the first batch. From this meeting, we will approve K21.122 billion loans for 1,200 businesses,” U Thaung Tun said.

For the first trench of loan, the committee has approved K101.128 billion loans to be provided to 3,393 businesses and of which 3,239 have received loans. It is working with Myanma Economic Bank to provide loans to the remaining 154 businesses.

The government has provided K 1.01 billion to 41 businesses in the agriculture sector, K2.957 billion to 182 businesses in livestock breeding, K2.218 billion to 93 businesses in the fishery sector, K1.77 billion to 42 export businesses, K3.432 billion to 153 businesses in the import substitute sector, K1.257 billion to 49 business in Supply Chain, K27.56 billion to 49 businesses in the food manufacturing sector, K870 million to 70 businesses in overseas employment, and K825 million to 41 vocational training schools.

Written by Ko Myo


COVID-19 ကြောင့် ထိခိုက်မှုရှိခဲ့သည့် ကဏ္ဍများ မှ စီးပွားရေးလုပ်ငန်း ၁၂၀၀ ခုအတွက် ကျပ် ၂၁.၁၂၂ ဘီလီယံထုတ်ပေးမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ကပြောကြားသည်။

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၂၀) ကို အောက်တိုဘာ ၁၄ရက် နေ့လယ် ၂ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁) တွင် ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပခဲ့စဉ်ပြောကြားခြင်းဖြစ်သည်။

“ဒုတိယအကြိမ် ချေးငွေထုတ်ပေးနိုင်ရေးအတွက် နိုင်ငံတော်က ကျပ် ဘီလီယံ ၁၀၀ ထပ်မံ လျာထား ပေးခဲ့ပြီး ပထမအသုတ်အဖြစ် လုပ်ငန်း ၁၀၄၁ ခုသို့ ကျပ် ၂၀.၇၇၇ ဘီလီယံ ခွင့်ပြု ပေးခဲ့ပြီး ဖြစ်ပါတယ်။ ယနေ့အစည်းအဝေး ကနေထပ်မံ၍ လုပ်ငန်း ၁၂၀၀ ခုသို့ ကျပ် ၂၁.၁၂၂ ဘီလီယံထုတ်ပေးနိုင်ရေးအတွက် အတည်ပြုပေး မည်ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ကပြောသည်။

COVID-19 ကြောင့် ထိခိုက်မှုရှိခဲ့သည့် ကဏ္ဍများ မှ စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေထုတ်ပေးရာတွင် ပထမအကြိမ်အဖြစ် လုပ်ငန်းပေါင်း ၃၃၉၃ ခုသို့ ငွေပမာဏ ကျပ် ၁၀၁.၁၂၈ ဘီလီယံ ထုတ်ပေးရန် စိစစ်ခွင့်ပြုခဲ့ပြီး လုပ်ငန်း ၃၂၃၉ ခုသို့ ကျပ် ၉၇.၀၅၀ ဘီလီယံ ထုတ်ပေးခဲ့ကြောင်း ကျန်ရှိသည့် လုပ်ငန်း ၁၅၄ ခုသို့ ချေးငွေကျပ် ၄.၀၇၈ ဘီလီယံ ဆက်လက်ထုတ်ပေးရေး အတွက် မြန်မာ့စီးပွားရေးဘဏ်က ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကဏ္ဍတစ်ခုချင်းအလိုက် ချေးငွေထုတ်ပေးနိုင်မှု အခြေအနေမှာ စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ငန်း ၄၁ခုအတွက် ကျပ် ၁၀၁၀ သန်း။ မွေးမြူရေး ကဏ္ဍတွင် လုပ်ငန်း ၁၈၂ခုအတွက် ကျပ် ၂၉၅၇ သန်း၊ ရေလုပ်ငန်းကဏ္ဍတွင် လုပ်ငန်း ၉၃ခုအတွက် ကျပ် ၂၂၁၈ သန်း၊ ပို့ကုန်လုပ်ငန်းကဏ္ဍတွင် လုပ်ငန်း ၄၂ ခုအတွက် ကျပ် ၁၇၇၀ သန်း၊ သွင်းကုန်အစားထိုးကဏ္ဍတွင် လုပ်ငန်း ၁၅၃ခုအတွက် ကျပ် ၃၄၃၂ သန်း၊ Supply Chain လုပ်ငန်းများတွင် လုပ်ငန်း ၄၉ ခုအတွက် ကျပ် ၁၂၅၇ သန်း၊ စားသောက်ကုန် ကဏ္ဍတွင် လုပ်ငန်း ၁၅၇၀ခုအတွက် ကျပ် ၂၇၅၆၀ သန်း၊ပြည်ပအလုပ်အကိုင်ရှာဖွေရေးကဏ္ဍတွင် လုပ်ငန်း ၇၀ခုအတွက် ကျပ် ၈၇၀ သန်း၊ အသက်မွေးပညာသင်လုပ်ငန်း ၄၁ခု အတွက် ကျပ် ၈၂၅ သန်း အပါအဝင် စုစုပေါင်း လုပ်ငန်း ၂၂၄၁ခုအတွက် ကျပ် ၄၁၈၉၉ သန်းကို ထုတ်ချေးခဲ့ကြောင်း သိရသည်။

- Advertisment -

Must Read

Central Bank to sell $1.6 million through money changers

After the dollar rate drastically surged from around K1,300 per dollar before February to K1,720 within just over three months, the Central Bank of...